Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ငါးဖမ်းသွားရင်း ရရှိခဲ့တဲ့ အရာတစ်ခုကြောင့် ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ မိသားစု

$
0
0




thutasone

#Unicode Version# ဖြင့်ဖတ်ပါ ။

ဒီအဖြစ်အပျက်လေးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက တရုတ်နိုင်ငံ Chengdu Sichuan ဆိုတဲ့ရွာလေးမှာဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ ထိုရွာလေးမှာ Luong ဆိုတဲ့ မိသားစုတစ်စု နေထိုင်ပြီး တစ်နေ့ ငါးဖမ်းသွားရင်း Ganoderma lucidum လို့ခေါ်တဲ့ လင်ဇီးမှိုမျိုးစိတ် တစ်မျိုးကိုရရှိခဲ့ပါတယ်။ အဆိုပါမှိုဟာ အလွန်ရှားပါးပြီး တန်ဖိုးရှိတဲ့ ဆေးဘက်ဝင်မှိုတစ်မျိုးပဲဖြစ်ပါတယ်။

ရှေ့ခေတ်က တရုတ်ပြည်ကို တည်ထောင်တဲ့ ပထမဦးဆုံး ဧကရာဇ်မင်း Qin Shihuang လက်ထက်မှာတောင် ထာဝရရှင်သန်နိုင်ဖို့ ထိုဆေးဖက်ဝင်မှိုကို ရှာဖွေခဲ့ဖူးတယ်လို့ ဆေးကျမ်းစာတွေထဲမှာ တွေ့ဖူးပါတယ်။ ဒါ့အပြင်နာမည်ကျော် တရုတ်သမားတော်ကြီး Ly Thoi Tran ရဲ့ Ban Thao cuong muc ဆိုတဲ့ ဆေးကျမ်းစာအုပ်မှာလည်း အဆိုပါ လင်ဇီးမှိုရဲ့ ဆေးဖက်ဝင်ပုံတော်တော်များများကို ရေးသားဖော်ပြထားဖူးပါတယ်။ Ganoderma lucidum လင်ဇီးဟာ ရွှေထက်တန်ဖိုးများစွာကြီးတဲ့ မှိုတစ်မျိုးဖြစ်ပြီး ယခုဈေးကွက်မှာ ၁ ဂရမ်ကို ဒေါ်လာပေါက်ဈေး ၃၉၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။

ယခုရရှိလာတဲ့ Ganoderma lucidum လင်ဇီးဟာ ၃၀-၄၀ စင်တီမီတာလောက် ကျယ်ပြန့်ပြီး အလေးချိန် ၉ကီလိုဂရမ် ရှိပါတယ်။ ၁ဂရမ်ကို ဒေါ်လာ ၃၉၀၀၀ တောင်ရှိတယ်ဆိုတော့ ၉ကီလိုဂရမ်းဆိုရင်တော့ စိန်တွင်းတစ်တွင်းကိုပိုင်ဆိုင်လိုက်ရသလို များစွာတန်ဖိုးရှိပါတယ်။ အဆိုပါမှိုဟာ ယခင်တုန်းက ဘုရင်တွေကို ဆက်သရတဲ့ တော်ဝင်ဆေးတစ်လတ်ဖြစ်ပြီး အဆိုပါဆေးကို သောက်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အဆိပ်ပြေခြင်း၊ ဉာဏ်ပညာတိုးခြင်း၊ ဦးနှောက်အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူတွေများစွာရစေပါတယ်။

အရှေ့တိုင်းဆေးပညာကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အဆိုအရ အဆိုပါ လင်ဇီးမှာ ကစီဓာတ်ကဲ့သို့ ကာဘိုဟိုက်ဒရိတ်အုပ်စုများစွာပါဝင်တဲ့အပြင် ပရိုတိန်း၊ အဆီဓာတ်၊ အမိုင်နိုအက်ဆက်အမျိုးမျိုးနဲ့ အခြားအဟာရကြွယ်ဝတဲ့ဒြပ်စင်များစွာပါဝင်ပြီး ကင်ဆာကို တားဆီးဖို့အတွက် ခိုင်မာတဲ့အစွမ်းတွေရှိတယ်လို့ဆိုပါတယ်။
thutasone

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>