Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခြဲစိပ္မွ…သည္းေျခေက်ာက္ ၉၀၁ လံုး… ေတြ႕ရွိခဲ့ရလို႔….ဆရာ၀န္ကိုယ္တိုင္….အံ႔ၾသခဲ႔ရျပီး …အသက္ရွင္လြတ္ေျမာက္ခဲ႔သူ… ေဒၚခင္မာၾကဴ

$
0
0

ခြဲစိပ္မွသည္းေျခေက်ာက္ ၉၀၁ လံုး ေတြ႕ရွိခဲ့ရလို႔ဆရာ၀န္ကိုယ္တိုင္အံ႔ၾသခဲ႔ရျပီး အသက္ရွင္လြတ္ေျမာက္ခဲ႔သူ ေဒၚခင္မာၾကဴ

ေတာင္တြင္းႀကီးၿမိဳ႕၊ ေခ်ာင္းနက္အေရွ႕စုရြာတြင္ ေနထိုင္သည့္ အသက္ ၅၀ႏွစ္အရြယ္ ေဒၚခင္မာၾကဴ၏ သည္းေျခအိတ္မွ သည္းေျခေက်ာက္ ၉၀၁ လံုးေတြ႕ခဲ့ရသျဖင့္ ခြဲစိတ္ကုသမႈေပးခဲ့သည့္ ဆရာ၀န္ကိုယ္တိုင္ပင္ အံ့အားသင့္ခဲ့ရေၾကာင္း Healthy Life ဂ်ာနယ္ေရးသားေဖၚျပခဲ႔ျခင္းျဖစ္သည္။အနာ ႏွင္႔ ေဆး တလြဲစီျဖစ္ေနျပီး ခံစားေနခဲ႔ရတဲ႔ ေဒၚခင္ၾကဴမာရဲ႔ ေ၀ဒနာသည္ဘ၀မွ အသက္ရွင္လြတ္ေျမာက္ခဲ႔သူ အတြက္ အတိုင္းမသိ ထပ္တူ၀မ္းသာပီတိျဖစ္မိသလိုခံစားမိရင္း Health Life ဂ်ာနယ္ ေဖၚျပပါ သတင္းေဆာင္းပါး၏ေရးသားခ်က္ကိုဆက္လက္ဖတ္ရႈေလ႔လာၾကည္႔ေစလိုပါသည္။

“ရင္ေခါင္းေအာင့္ၿပီး တင္းေနတယ္။ ဘယ္လိုမွမေနႏိုင္ဘူး၊ အစာလည္း လက္မခံဘူး။ အဲဒါနဲ႔ အနီးအနားက ေဆးခန္းကို သြားျပတဲ့အခါ အစာအိမ္ေရာင္တယ္ဆိုၿပီး အစာအိမ္ေဆးေတြ ေပးတယ္။ တစ္ပတ္ၾကာေပမယ့္ မသက္သာဘူး။ ေနာက္ဆရာ၀န္တစ္ေယာက္ ေျပာင္းျပေတာ့လည္း အစာအိမ္ပဲဆိုၿပီး အစာအိမ္ေဆးေတြ ေပးတယ္။ ဒါေပမဲ့ အစာကို ဘယ္လိုမွ လက္မခံေတာ့ ေနျပည္ေတာ္သြားျပမယ္ဆိုၿပီး ဆရာ ဦးမင္းေဇာ္ေအာင္နဲ႔ျပျဖစ္သြားတယ္”ဟု ေဒၚခင္မာၾကဴက ဆိုသည္။

ေဒၚခင္မာၾကဴအား စမ္းသပ္ၾကည့္ရာ သည္းေျခအိတ္ေရာင္သည့္ လကၡဏာရွိ၍ ေဆး႐ုံတင္ၿပီး ေသြးစစ္ေဆးျခင္း၊ အာထရာေဆာင္း (Ultra­sound) ႐ိုက္စစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ သည္းေျခအိတ္တြင္ ေက်ာက္အမ်ားႀကီး (multiple gall stones) တည္ေနသည္ကို ေတြ႕ရသျဖင့္ ၁၄-၂-၂၀၁၈ ရက္ေန႔၌ ေလဆာျဖင့္ ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရသည္။

“အသက္ ၄၀ အရြယ္ေလာက္မွာ ကိုလက္စထေရာေက်ာက္ေတြ အျဖစ္မ်ားတယ္။ အဓိက F ေလးလံုး-Fat (၀တဲ့သူ)၊ Female (အမ်ဳိးသမီး)၊ Forty(အသက္ ၄၀)၊ Fertile (အိမ္ေထာင္သည္ မိခင္)ေတြမွာ အျဖစ္မ်ားတယ္။ ဒါေပမဲ့ ကေလးမရွိတဲ့သူေတြမွာလည္း ျဖစ္တတ္ပါတယ္။ ေက်ာက္စျဖစ္တာက အသက္ ၃၅ ေလာက္ဆိုေပမယ့္ ဆရာ၀န္ေတြဆီလာျပတဲ့အရြယ္က အသက္ ၄၀ ေလာက္ျဖစ္တာ မ်ားတယ္။ တခ်ဳိ႕လည္း သည္းေျခေက်ာက္ရွိမွန္း မသိတဲ့ အသံတိတ္ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ သည္းေျချပြန္ထဲမွာ ေက်ာက္ တည္ရင္ အႏၲရာယ္မ်ားတယ္၊ ပင္မသည္းေျချပြန္ထဲ ေက်ာက္ရွိၿပီး ပိတ္တယ္ဆိုရင္ မ်က္စိနာတယ္၊ အသား၀ါတယ္၊ ဖ်ားတယ္ . . ဒီလို လကၡဏာေတြ ျဖစ္တတ္တယ္။ သည္းေျခအိတ္ထဲမွာ ေက်ာက္ရွိ တာကေတာ့ ကံေကာင္းတယ္။ ဒါေပမဲ့ ဒီေက်ာက္ကလည္း အခ်ိန္မေရြးေအာက္ကို ျပဳတ္က်ႏိုင္တယ္။ သည္းေျချပြန္လည္ပင္းအ၀မွာ တစ္ၿပီး ပိတ္တယ္ဆုိရင္လည္း သည္းေျခအိတ္က်ဥ္းၿပီး ေဖာင္းႏိုင္၊ ပြင့္ထြက္ႏိုင္တယ္၊ ပုပ္သြားႏိုင္တယ္” ဟု Senior Consultant Plastic Surgeon ေဒါက္တာဦးမင္းေဇာ္ေအာင္က သည္းေျခေက်ာက္တည္ရျခင္း အေၾကာင္းကို ေျပာျပခဲ့သည္။

သားသမီးေလးဦးရွိသည့္ ေဒၚခင္မာၾကဴက-
“သည္းေျခအိတ္မွာ ေက်ာက္ရွိတာကို အစပိုင္းမွာမသိေတာ့ အနာနဲ႔ ေဆး တျခားစီျဖစ္ေနခဲ့တယ္။ မနက္ခုနစ္နာရီတစ္ႀကိမ္၊ ညေန ေလးနာရီ တစ္ႀကိမ္ ဗိုက္ႀကီးက ႀကီးၿပီးေရာင္ေရာင္လာတယ္။ အန္တီက အသား၊ ငါးမစားဘူး။ ၾကက္ဥ၊ ငါးေျခာက္၊ အဆီ၊ ကိတ္မုန္႔ေတြ အစားမ်ားတယ္။ ေတာင္တြင္းႀကီးဘက္က ေရကလည္း ထံုးဓာတ္မ်ားတယ္။ အဲဒါေတြေၾကာင့္ျဖစ္တယ္လို႔ ထင္တယ္”ဆိုၿပီး သူ႔အေတြ႕အႀကံဳကို ေျပာျပခဲ့သည္။

“တကယ္ခြဲျဖစ္ေတာ့ သည္းေျခအိတ္ထဲမွာ ေက်ာက္ေတြက အမ်ားႀကီးမို႔ ခြဲစိတ္ဆရာ၀န္ကိုယ္တိုင္ အ့ံအားသင့္သြားမိတယ္ ခန္႔မွန္းအလုံးတစ္ရာ ေက်ာ္ေလာက္ရွိမယ္ ထင္ခဲ့မိတာ။ အဲ့ဒါနဲ႔တပည့္ေတြကို ေက်ာက္တုံး သုံးေလးပုံေလာက္ ခြဲပုံၿပီး ေရတြက္ခိုင္းရတယ္။ ေက်ာက္အရြယ္ကေတာ့ ႏွမ္းေစ့အရြယ္ကေန ကုလားပဲေစ့ အရြယ္ထိ အရြယ္စုံပါ Cholesterol stone ေတြပါ။ အားလုံးစုစုေပါင္း ၉၀၁ လုံးပါ။ မယုံႏိုင္လို႔ တပည့္ေတြကို ၂ခါျပန္စစ္ခိုင္းရတယ္။ တကယ္ကို ၉၀၁ လုံးပါ”ဟု ေဒါက္တာ ဦးမင္းေဇာ္ေအာင္က ေျပာသည္။

သည္းေျခေက်ာက္ထုတ္ၿပီး ေနာက္တစ္ေန႔၌ပင္ က်န္းမာေနၿပီျဖစ္သည့္ ေဒၚခင္မာၾကဴက အဆီအဆိမ့္မ်ားေရွာင္ရန္ ဆရာ၀န္မွာၾကားလိုက္သည္ဟုေျပာသည္။လူတိုင္း ဘယ္သူမွ ေရာဂါေ၀ဒနာ မခံစားခ်င္ၾကပါ။ မျဖစ္မေနခံစားေနရသူမ်ားရွိေနလွ်င္လည္း အနာနွင္႔ေဆး တန္းတိုးနိုင္ၾကပါေစ။ ။
Health Life

#Unicode Version# ျဖင့္ဖတ္ပါ ။

ခွဲစိပ်မှသည်းခြေကျောက် ၉၀၁ လုံး တွေ့ရှိခဲ့ရလို့ဆရာဝန်ကိုယ်တိုင်အံ့သြခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့သူ ဒေါ်ခင်မာကြူ

တောင်တွင်းကြီးမြို့၊ ချောင်းနက်အရှေ့စုရွာတွင် နေထိုင်သည့် အသက် ၅၀နှစ်အရွယ် ဒေါ်ခင်မာကြူ၏ သည်းခြေအိတ်မှ သည်းခြေကျောက် ၉၀၁ လုံးတွေ့ခဲ့ရသဖြင့် ခွဲစိတ်ကုသမှုပေးခဲ့သည့် ဆရာဝန်ကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရကြောင်း Healthy Life ဂျာနယ်ရေးသားဖေါ်ပြခဲ့ခြင်းဖြစ်သည်။အနာ နှင့် ဆေး တလွဲစီဖြစ်နေပြီး ခံစားနေခဲ့ရတဲ့ ဒေါ်ခင်ကြူမာရဲ့ ဝေဒနာသည်ဘဝမှ အသက်ရှင်လွတ်မြောက်ခဲ့သူ အတွက် အတိုင်းမသိ ထပ်တူဝမ်းသာပီတိဖြစ်မိသလိုခံစားမိရင်း Health Life ဂျာနယ် ဖေါ်ပြပါ သတင်းဆောင်းပါး၏ရေးသားချက်ကိုဆက်လက်ဖတ်ရှုလေ့လာကြည့်စေလိုပါသည်။

“ရင်ခေါင်းအောင့်ပြီး တင်းနေတယ်။ ဘယ်လိုမှမနေနိုင်ဘူး၊ အစာလည်း လက်မခံဘူး။ အဲဒါနဲ့ အနီးအနားက ဆေးခန်းကို သွားပြတဲ့အခါ အစာအိမ်ရောင်တယ်ဆိုပြီး အစာအိမ်ဆေးတွေ ပေးတယ်။ တစ်ပတ်ကြာပေမယ့် မသက်သာဘူး။ နောက်ဆရာဝန်တစ်ယောက် ပြောင်းပြတော့လည်း အစာအိမ်ပဲဆိုပြီး အစာအိမ်ဆေးတွေ ပေးတယ်။ ဒါပေမဲ့ အစာကို ဘယ်လိုမှ လက်မခံတော့ နေပြည်တော်သွားပြမယ်ဆိုပြီး ဆရာ ဦးမင်းဇော်အောင်နဲ့ပြဖြစ်သွားတယ်”ဟု ဒေါ်ခင်မာကြူက ဆိုသည်။

ဒေါ်ခင်မာကြူအား စမ်းသပ်ကြည့်ရာ သည်းခြေအိတ်ရောင်သည့် လက္ခဏာရှိ၍ ဆေးရုံတင်ပြီး သွေးစစ်ဆေးခြင်း၊ အာထရာဆောင်း (Ultra­sound) ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် သည်းခြေအိတ်တွင် ကျောက်အများကြီး (multiple gall stones) တည်နေသည်ကို တွေ့ရသဖြင့် ၁၄-၂-၂၀၁၈ ရက်နေ့၌ လေဆာဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည်။

“အသက် ၄၀ အရွယ်လောက်မှာ ကိုလက်စထရောကျောက်တွေ အဖြစ်များတယ်။ အဓိက F လေးလုံး-Fat (ဝတဲ့သူ)၊ Female (အမျိုးသမီး)၊ Forty(အသက် ၄၀)၊ Fertile (အိမ်ထောင်သည် မိခင်)တွေမှာ အဖြစ်များတယ်။ ဒါပေမဲ့ ကလေးမရှိတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျောက်စဖြစ်တာက အသက် ၃၅ လောက်ဆိုပေမယ့် ဆရာဝန်တွေဆီလာပြတဲ့အရွယ်က အသက် ၄၀ လောက်ဖြစ်တာ များတယ်။ တချို့လည်း သည်းခြေကျောက်ရှိမှန်း မသိတဲ့ အသံတိတ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ သည်းခြေပြွန်ထဲမှာ ကျောက် တည်ရင် အန္တရာယ်များတယ်၊ ပင်မသည်းခြေပြွန်ထဲ ကျောက်ရှိပြီး ပိတ်တယ်ဆိုရင် မျက်စိနာတယ်၊ အသားဝါတယ်၊ ဖျားတယ် . . ဒီလို လက္ခဏာတွေ ဖြစ်တတ်တယ်။ သည်းခြေအိတ်ထဲမှာ ကျောက်ရှိ တာကတော့ ကံကောင်းတယ်။ ဒါပေမဲ့ ဒီကျောက်ကလည်း အချိန်မရွေးအောက်ကို ပြုတ်ကျနိုင်တယ်။ သည်းခြေပြွန်လည်ပင်းအဝမှာ တစ်ပြီး ပိတ်တယ်ဆိုရင်လည်း သည်းခြေအိတ်ကျဉ်းပြီး ဖောင်းနိုင်၊ ပွင့်ထွက်နိုင်တယ်၊ ပုပ်သွားနိုင်တယ်” ဟု Senior Consultant Plastic Surgeon ဒေါက်တာဦးမင်းဇော်အောင်က သည်းခြေကျောက်တည်ရခြင်း အကြောင်းကို ပြောပြခဲ့သည်။

သားသမီးလေးဦးရှိသည့် ဒေါ်ခင်မာကြူက-
“သည်းခြေအိတ်မှာ ကျောက်ရှိတာကို အစပိုင်းမှာမသိတော့ အနာနဲ့ ဆေး တခြားစီဖြစ်နေခဲ့တယ်။ မနက်ခုနစ်နာရီတစ်ကြိမ်၊ ညနေ လေးနာရီ တစ်ကြိမ် ဗိုက်ကြီးက ကြီးပြီးရောင်ရောင်လာတယ်။ အန်တီက အသား၊ ငါးမစားဘူး။ ကြက်ဥ၊ ငါးခြောက်၊ အဆီ၊ ကိတ်မုန့်တွေ အစားများတယ်။ တောင်တွင်းကြီးဘက်က ရေကလည်း ထုံးဓာတ်များတယ်။ အဲဒါတွေကြောင့်ဖြစ်တယ်လို့ ထင်တယ်”ဆိုပြီး သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

“တကယ်ခွဲဖြစ်တော့ သည်းခြေအိတ်ထဲမှာ ကျောက်တွေက အများကြီးမို့ ခွဲစိတ်ဆရာဝန်ကိုယ်တိုင် အံ့အားသင့်သွားမိတယ် ခန့်မှန်းအလုံးတစ်ရာ ကျော်လောက်ရှိမယ် ထင်ခဲ့မိတာ။ အဲ့ဒါနဲ့တပည့်တွေကို ကျောက်တုံး သုံးလေးပုံလောက် ခွဲပုံပြီး ရေတွက်ခိုင်းရတယ်။ ကျောက်အရွယ်ကတော့ နှမ်းစေ့အရွယ်ကနေ ကုလားပဲစေ့ အရွယ်ထိ အရွယ်စုံပါ Cholesterol stone တွေပါ။ အားလုံးစုစုပေါင်း ၉၀၁ လုံးပါ။ မယုံနိုင်လို့ တပည့်တွေကို ၂ခါပြန်စစ်ခိုင်းရတယ်။ တကယ်ကို ၉၀၁ လုံးပါ”ဟု ဒေါက်တာ ဦးမင်းဇော်အောင်က ပြောသည်။

သည်းခြေကျောက်ထုတ်ပြီး နောက်တစ်နေ့၌ပင် ကျန်းမာနေပြီဖြစ်သည့် ဒေါ်ခင်မာကြူက အဆီအဆိမ့်များရှောင်ရန် ဆရာဝန်မှာကြားလိုက်သည်ဟုပြောသည်။လူတိုင်း ဘယ်သူမှ ရောဂါဝေဒနာ မခံစားချင်ကြပါ။ မဖြစ်မနေခံစားနေရသူများရှိနေလျှင်လည်း အနာနှင့်ဆေး တန်းတိုးနိုင်ကြပါစေ။ ။
Health Life

Viewing all articles
Browse latest Browse all 13796

Trending Articles