ျမန္မာျပည္မွာ ခရမ္းလြန္ေရာင္ျခည္ လြန္ကဲတဲ့ အျမင့္ဆံုးအဆင့္ကို ေရာက္ေနၿပီျဖစ္လို႔ ေနပူထဲမွာ အကာအကြြယ္မဲ့
အခ်ိန္အၾကာႀကီး မေနၾကဖို႔ မိုးေလဝသနဲ႔ ဇလေဗဒပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးလိုက္ပါတယ္
ခရမ္းလြန္ေရာင္ျခည္ လြန္ကဲေနတဲ့ၤ ေနေရာင္ေအာက္မွာ အခ်ိန္အၾကာႀကီး ေနမယ္္ဆိုရင္ အေရျပားေနေလာင္တာကတဆင့္
အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာ၊ ခုခံအားက်ဆင္းတာနဲ႔ အေရျပားကင္ဆာအထိ ျဖစ္ႏိုင္ၿပီး၊ မ်က္စိထိခိုက္တာ သားသမီး မရႏိုင္တာေတြအထိပါ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္
အပူဒဏ္ေၾကာင့္လည္း ေခါင္းမူးေနာက္တာ၊ ႂကြက္တက္တာ၊ ေခါင္းကိုက္ႏုံးခ်ိတာ၊ ေရဆာၿပီး ေခြၽးအလြန္အကြၽံထြက္တာ၊
ခႏၶာကိုယ္အပူခ်ိန္ ျမင့္တက္ၿပီး အပူဒဏ္ေၾကာင့္ သတိလစ္တာေတြ ျဖစ္ေပၚေစႏိုင္တဲ့အတြက္ ေန႔လယ္ေန႔ခင္းအခ်ိန္မွာ
အရိပ္ရၿပီး ေအးတဲ့ေနရာမွာ ေနထိုင္ဖို႔လိုတယ္လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ေျပာပါတယ္
အပူဒဏ္နဲ႔ ခရမ္းလြန္ေရာင္ျခည္အႏၲရာယ္ ဆိုးက်ိဳးေတြ မခံစားေစဖို႔အတြက္ မနက္ ၁၀ နာရီကေန ညေန ၄ နာရီအတြင္း ေနေရာင္ျခည္ေအာက္
သြားလာလႈပ္ရွားမႈ ေရွာင္သင့္ၿပီး မျဖစ္မေန သြားလာမယ္ဆိုရင္ မ်က္ႏွာ၊ လည္ပင္း၊ ပခုံးကို လံုၿခံဳတဲ့ ထီး ဦးထုပ္ေဆာင္းတာ၊ ေန႔လယ္ခင္းမွာ
လြင္တီးေခါင္၊ ေရခ်ိဳးဆိပ္ေတြမွာ ေရခ်ိဳးျခင္းေရွာင္တာ၊ အရက္ေသစာ ေသာက္စားျခင္း ေရွာင္ၾကဥ္ဖုိ႔နဲ႔ ခႏၶာကိုယ္အတြင္း ေရနဲ
႔ ဓာတ္ဆားဆုံး႐ႈံးမႈ မျဖစ္ေပၚေစဖို႔အတြက္ ဓာတ္ဆားရည္ကို လုံေလာက္ေအာင္ ေသာက္သုံးသင့္တယ္လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
လက္ရွိမွာ တႏိုင္ငံလံုးအတိုင္းအတာနဲဲ႔ ေဒသအားလံုးမွာ အပူခ်ိန္ျမင့္တက္ေနတာျဖစ္ၿပီး ေဒသအလိုက္အပူခ်ိန္ဟာ ၂၈ ဒီဂရီစင္တီဂရိတ္ကေန
၅၇ ဒီဂရီစင္တီဂရိတ္အထိ ရွိတယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။မတ္လကေန ဧၿပီလအတြင္း
အပူခ်ိန္ စံခ်ိန္တင္ ျမင့္တက္ေနတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြကေတာ့ မြန္ျပည္နယ္ ေရးၿမိဳ႕၊ ပဲခူးတိုင္း ျဖဴးၿမိဳ႕၊ ဧရာဝတီတိုင္း ဖ်ာပံုၿမိဳ႕၊ ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕တို႔ ျဖစ္ပါတယ္။
RFA
Unicode Version
မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်လို့ နေပူထဲမှာ အကာအကွွယ်မဲ့
အချိန်အကြာကြီး မနေကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်
ခရမ်းလွန်ရောင်ခြည် လွန်ကဲနေတဲ့င်္ နေရောင်အောက်မှာ အချိန်အကြာကြီး နေမယ််ဆိုရင် အရေပြားနေလောင်တာကတဆင့်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းတာနဲ့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ပြီး၊ မျက်စိထိခိုက်တာ သားသမီး မရနိုင်တာတွေအထိပါ ဖြစ်နိုင်တယ်လို့ သိရပါတယ်
အပူဒဏ်ကြောင့်လည်း ခေါင်းမူးနောက်တာ၊ ကြွက်တက်တာ၊ ခေါင်းကိုက်နုံးချိတာ၊ ရေဆာပြီး ချွေးအလွန်အကျွံထွက်တာ၊
ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီး အပူဒဏ်ကြောင့် သတိလစ်တာတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် နေ့လယ်နေ့ခင်းအချိန်မှာ
အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်ဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်
အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဆိုးကျိုးတွေ မခံစားစေဖို့အတွက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်
သွားလာလှုပ်ရှားမှု ရှောင်သင့်ပြီး မဖြစ်မနေ သွားလာမယ်ဆိုရင် မျက်နှာ၊ လည်ပင်း၊ ပခုံးကို လုံခြုံတဲ့ ထီး ဦးထုပ်ဆောင်းတာ၊ နေ့လယ်ခင်းမှာ
လွင်တီးခေါင်၊ ရေချိုးဆိပ်တွေမှာ ရေချိုးခြင်းရှောင်တာ၊ အရက်သေစာ သောက်စားခြင်း ရှောင်ကြဉ်ဖို့နဲ့ ခန္ဓာကိုယ်အတွင်း ရေနဲ
့ ဓာတ်ဆားဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့အတွက် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးသင့်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲဲ့ ဒေသအားလုံးမှာ အပူချိန်မြင့်တက်နေတာဖြစ်ပြီး ဒေသအလိုက်အပူချိန်ဟာ ၂၈ ဒီဂရီစင်တီဂရိတ်ကနေ
၅၇ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။မတ်လကနေ ဧပြီလအတွင်း
အပူချိန် စံချိန်တင် မြင့်တက်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကတော့ မွန်ပြည်နယ် ရေးမြို့၊ ပဲခူးတိုင်း ဖြူးမြို့၊ ဧရာဝတီတိုင်း ဖျာပုံမြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့တို့ ဖြစ်ပါတယ်။
RFA