Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

"ဘယ်လောက်တောင် တိုင်းပြည်အတွက် ရက်စက်လိုက်တဲ့ ဆုံးဖြတ်ချက်လဲ....."မြစ်ဆုံ

$
0
0

ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ပွဲရဲ့ Live ကို အသေအချာ နားထောင်ဖြစ်တယ်။

စိတ်ဝင်စားတာက ဆရာကြီးဦးထွန်းလွင်ပြောသွားတဲ့ အကျိုးအမြတ်ခွဲဝေပုံ 95%_5% ဆိုတာပဲ။ ဆရာကြီး ဘယ်ကရတဲ့အချက်အလက်လဲတော့ မသိဘူး။ ဒါပေမယ့် ပွဲမှာ တရားဝင်ထည့်ပြောသွားပုံထောက်ရင် 95%_5% ဆိုတာ အမှန်လို့ ယူဆရမယ့်ပုံပဲ။ မယူဆချင်ဘူးဆိုရင်တောင် ဘာမှသိခွင့်ပေးမထားတဲ့အတွက် ယုံကြည်ရလောက်သူပြောတဲ့စကားမို့ အမှန်လို့ ထင်တယ်။

95%_5% တဲ့။ ဘယ်လောက်တောင် တိုင်းပြည်အတွက် ရက်စက်လိုက်တဲ့ ဆုံးဖြတ်ချက်လဲ။ ကိုယ့်နိုင်ငံရဲ့ အသက်သွေးကြောကြီးကို ဖြတ်တောက်ပြီး ပေးလိုက်ရမယ့် အကျိုးအမြတ်က 5% တဲ့။ တစ်နိုင်ငံလုံးဆီမဆွတ်ဘဲ အစိမ်းလိုက် တန်းစီ -ျင်ကုန်းခိုင်းလိုက်ဖို့ပဲ ကျန်တော့တယ်။

ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ပွဲရဲ့ One Dollar Campaign ကို အချို့က ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ မယုံကြည်ဘူးပေါ့။ လက်ရှိအစိုးရကို သွယ်ဝိုက်ပြီး ပုံရိပ်ချတယ်လို့လည်း ထင်ကြတာ ဖတ်ရတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ဆိုတော့ ထင်မြင်ခွင့်ရှိပါတယ်။

ကိုယ်ကတော့ ဧရာဝတီကို ကာကွယ်ချင်ကြသူတွေချင်း စိတ်ဝမ်းမကွဲချင်ဘူး။ ကိုယ့်အမြင်ကတော့ One Dollar Campaign သည် အစိုးရမပါဝင်သမျှ စိတ်ကူးယဉ်သက်သက်ပါ ဖြစ်တယ်။ တကယ်ဖြစ်လာမှာ မဟုတ်ဘူး။ အခု ဒီပွဲမှာလည်း တကယ်ဖြစ်ဖို့ ဆိုတာထက် ဒီဧရာဝတီမြစ်ကြီး မပျက်သုဉ်းရေးအတွက် ပြည်သူတွေက တစ်ဒေါ်လာစီ စိုက်ထုတ်ကာကွယ်ကြတယ်လို့ ကမ္ဘာ့အလယ်မှာ Alert ဖြစ်သွားရုံ။ တရုတ်သမ္မတအနေနဲ့လည်း မြန်မာပြည်သူတွေက တစ်ဒေါ်လာစီ စိုက်ထုတ်ပြီး ပြန်ရွေးယူရအောင်ကို ဂုတ်သွေးစုပ်တဲ့ နိုင်ငံအဖြစ် ပုံရိပ်ဖြစ်သွားမယ်ဆိုတာကို အနုနည်းနဲ့ မက်ဆေ့ခ်ျပေးတယ်လို့ပဲ ထင်တယ်။

အခုကလည်း ငွေတွေလှူကြတော့ဟေ့လို့ ပြောနေတယ် မထင်ပါဘူး။ ပြန်ရွေးယူပါရစေလို့ တရုတ်သမ္မတဆီ ကမ်းလှမ်းစာပို့တယ်။ လက်ခံမယ်ဆိုရင် ပြည်သူတွေ ဒီလောက်လှူရင် ရပါတယ်ဆိုတဲ့သဘော။ ငါတို့မြန်မာပြည်သူတွေကတော့ ဒီမြစ်ကြီးကို မင်းတို့ကို မပေးနိုင်ပါဘူး၊ ဖြစ်တဲ့နည်းနဲ့ ပြန်ယူမှာပါဆိုပြီး ဖော်ပြရာကျတယ်လို့ ခံစားရတယ်။



ဓာတ်ပုံ- ကျော်ဇင်သန်း

တကယ်အကောင်အထည် ဖော်ဖြစ်ရင် တစ်နိုင်ငံလုံးအတိုင်းအတာ အလှူခံရမယ့်ဟာကို အစိုးရမပါဝင်ဘဲ မဖြစ်နိုင်သလို အစိုးရမပါဝင်ဘဲ အဖွဲ့အစည်း တစ်ရပ်ကို ပြည်သူကလည်း ယုံမှာ မဟုတ်ဘူး။ အစိုးရမပါဝင်ဘဲ တစ်နိုင်ငံလုံးကို အဖွဲ့အစည်းတစ်ရပ်က အလှူခံတာကိုလည်း ခွင့်ပြုဖို့ မသင့်ဘူး။

ရောင်းစားသွားတဲ့လူတွေကို နောက်ကြောင်းပြန်အရေးယူပေးပါဆိုတာ ခံစားချက်အရ ပြောတာပဲ ရှိမယ်။ တကယ့်လက်တွေ့မှာ ဖြစ်လာမှာ မဟုတ်ဘူး။ ဟိုလူတွေက ဒီနိုင်ငံရဲ့ ဥပဒေတွေကို ချည်ပြီးတုတ်ပြီး ပြဌာန်းခဲ့တာ။ အဲ့လူတွေကို ပြန်လျော်ခိုင်း ဆိုတာကလည်း ဘုရားအဆူဆူသာ ပွင့်သွားမယ်။ မထင်.ဟင်.ဟင်….

အဲ့တော့ ဒီစီမံကိန်းကို ရပ်မယ်ဆိုရင် အစိုးရက စိုက်လျော်ဖို့ပဲ ရှိတယ်။ ဒါတောင် အခြားနိုင်ငံရေးရွှေ့ကွက်တွေ၊ တင်းမာမှုတွေ၊ ပိတ်ဆို့မှုတွေကို ထည့်မတွက်သေးဘူးနော်။ စိုက်လျော်မယ်ဆိုပါတော့။ ဘယ်လောက်ပမာဏနဲ့ ရောင်းထားလဲ။ ရောင်းထားတဲ့ပမာဏကရော အစိုးရက စိုက်လျော်နိုင်တဲ့ ပမာဏလား။

မလျော်နိုင်တဲ့ပမာဏဆို ပြည်သူက စိုက်လျော်မယ်ဆိုတာ မှန်တယ်လို့ ထင်တယ်။ ဒါပေမယ့် အစိုးရက စာချုပ်ကို ချပြပြီး ပြည်သူတွေကို မေတ္တာရပ်ခံမှ ဒီကိစ္စက ဖြစ်သင့်တယ်။ ရောင်းစားသွားသူတွေကို လက်ဖျားနဲ့ထိခွင့်မရရင်တောင်မှ ဘယ်သူဘယ်ဝါတွေပါဆိုတာ ပြည်သူကို သိခွင့်ပေးပြီး ခေတ်အဆက်ဆက် သမိုင်းတရားခံစာရင်း တရားဝင်သွင်းပေးစေချင်တယ်။

ကိုယ်ကတော့ ဧရာဝတီကို ကယ်တင်ကြမယ်ပွဲကလူတွေကိုလည်း ယုံကြည်ပါတယ်။ ဒါပေမယ့် အမေစုကို ပိုပြီး ယုံကြည်တယ်။ ခေါင်းဆောင်နောက်က တစ်စိုက်မတ်မတ် လိုက်ပါမယ်။

အမေစုကသာ ဒီကိစ္စမှာ ပြည်သူတွေရဲ့အကူအညီကို လိုအပ်နေပါပြီ တစ်ခွန်းပြောရင်း ကူညီကြမယ့် ပြည်သူလူထုကြီး ရှိတယ်။ အမေစု ဘာမှမပြောမချင်းတော့ အခြားပြောစကားတွေဟာ အကြံပြုချက်တွေအဖြစ်လောက်ပဲ ခေါင်းထဲထည့်စေချင်ပါတယ်။ အတည်ကြီး ငြင်းကြခုံကြခံစားကြတာတွေဟာ အားကုန်ပါတယ်။

အရွေးခံလိုက်ရင်လည်း တစ်ခုတော့ ကောင်းပါတယ်။ ဧရာဝတီမြစ်ကြီးလည်း အန္တရာယ်ကျရောက်မယ့်ဘေးက လွတ်မယ်။ မြန်မာနိုင်ငံဟာလည်း သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့် သူခိုးတစ်စုကြောင့် ဒီမြစ်ကြီးကို ပြည်သူတွေ အယောက်တစ်ဒေါ်လာ ထည့်ဝင်ကယ်တင်ခဲ့ရတယ်ဆိုတာ သမိုင်းဝင်သွားတော့မယ်။

ဧရာဝတီတည်နေသရွေ့ သူခိုးတွေရဲ့သမိုင်းဟာ တည်နေလိမ့်မယ်။ ဧရာဝတီကို မြင်နေသရွေ့ ဆွေစဉ်မျိုးဆက် အရှက်ရနေရမယ်။

ဧရာဝတီရဲ့ ကျိန်စာ၊ ပြည်သူအားလုံးရဲ့ ကျိန်စာဟာ ရက်စက်ခဲ့ကြသူအပေါင်းရဲ့ ခြေဖျားကနေ ခေါင်းအထိ နေရာမလပ် စူးဝင်ကြပါစေသား။
အိ ပန်ဆယ်လို

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>