Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Food Box နဲ့ပတ်သက်ပြီး မနေနိုင်လို့ပြောအုံးမယ်

$
0
0

ဒီနေ့ နယ်မြို့တစ်ခုမှာ သူများမြို့တွေမှာလည်း Food Box တွေထားနေတော့ လုပ်ချင်လို့တဲ့ ဆွေးနွေးတော့ ကျတော်က

သူများတွေလုပ်လို့ မီဒီယာထဲပါအောင် ပေါ်ပြူလာဖြစ်အောင် ပေါ်ပင်ထလုပ်ချင်တာလား။ ရေရှည်လုပ်နိုင်မယ်လို့ စဉ်းစားပြီးလုပ်ချင်တာလားစဉ်းစားပါ။ ရောင်းသူမဲ့အအေးဆိုင်တုန်းကလည်း ဒီလိုပဲ တစ်နိုင်ငံလုံး အုန်းအုန်းထလိုက်လုပ်တာပဲ။ ဘယ်နှစ်ရက်ခံလိုက်လဲ။
Food Box လုပ်ရတာလွယ်ပါတယ်။ ဘယ်နှစ်လုံးလုပ်ချင်လဲ လှူပေးလို့ရတယ်။


အဲ ခက်တာက အဲ့ဘောက်ထဲ နေ့စဉ် အစားအသောက်ထည့်နိုင်ဖို့နဲ့ လာစား လာယူတဲ့သူတွေအပေါ်မှာ စေတနာမပျက်ဖို့ မငြိုငြင်ဖို့လိုတာပါ။

ခုဟာက ကိုယ့်နိုင်ငံအခြေအနေလဲမသိတာမဟုတ်ဘူး။ ကြွေးတုန်းကကြွေးပြီးမှ ဘယ်လိုစားတယ် ဘယ်လိုယူတယ်ဆိုပြီး ဗီဒီယို ဓာတ်ပုံတွေရိုက်ပြီး လိုင်းပေါ်တင် သောက်ရှက်ခွဲတာမျိုးတော့ မလုပ်ကြပါနဲ့။

မန်းလေးမှာလည်းဖြစ်ခဲ့ပြီးပြီ။ ဒီနေ့ရန်ကုန်မှာထပ်ဖြစ်တယ်။ မုန့်ယူတဲ့ အမျိုးသမီးတစ်ဦးပုံကိုတင်ပြီး အရှက်ခွဲနေကြတယ်။ မလုပ်ကြပါနဲ့ဗျာ။ သူ့အိမ်က သားသမီးတွေ ၊ တူ တူမတွေအတွက်ပိုယူတာလည်း မဖြစ်နိုင်ဘူးလား။ မဟုတ်တော့ရော သူဒီမုန့်တွေ အလကားလွှင့်ပြစ်မှာမဟုတ်ပါဘူး။ ခိုးစားတာလည်းမဟုတ်ပါဘူး။ သူ့နေရာမှာ ကိုယ်သာဆိုရင် ။ ကိုယ့်အမျိုးထဲကဆိုရင် ကိုယ်ဘယ်လိုခံစားမလဲ။ ကိုယ်ချင်းစာပါ။

ကိုယ်တွေ့ကြုံဘူးတာလေးပြောပြမယ်။ ပီးခဲ့တဲ့နှစ်က ကျောင်းတစ်ခုမှာ ကလေးတွေမုန့်သွားကုသိုလ်လုပ်တော့ ကလေးမလေးက မုန့်ကို မစားပဲကိုင်ထားပြီး သူများတွေစားနေတာ ကြည့်နေတယ်။ ဒါနဲ့ သမီးစားလေဆိုတော့။ အိမ်ရောက်မှ ညီမလေးနဲ့ အတူစားမလို့တဲ့။ ညီမလေး ဒါမျိုးစားဘူးမှာ မဟုတ်ဘူးတဲ့။ ရင်ထဲအောင့်သွားတယ်။ စားပါဆိုပြီး ထပ်ပေးလိုက်တယ်။

ကိုယ့်နိုင်ငံက အမှိုက်ပုံထဲလွှင့်ပစ်ထားတဲ့ သစ်သီးတွေတောင် မကောင်းတဲ့ အပိုင်းလေးတွေဖယ်ပြီး စားနေရတဲ့ အခြေအနေပါ။ မယုံရင် ဈေးထောင့်က အမှိုက်ပုံတွေလိုက်ကြည့်ပါ။

ဘုရားပုလိပ်တွေ အစောင့်အရှောက်ရှိတဲ့ ရွှေတိဂုံဘုရားပေါ်တောင် ဘုရားဖူးပြည်သူတွေ မိုးရွာနေပူဆောင်းဖို့ ထီးတွေလှူဘူးတယ် ပျောက်တာပဲ။ ဒါက ဖြစ်နိုင်ခြေရှိတာလုပ်တာနော်
ကိုယ့်နိုင်ငံအခြေအနေကိုသိပါ။ ကိုယ့်နိုင်ငံက ဂျပန်မဟုတ်သလို အင်္ဂလန်လည်းမဟုတ်ပါဘူး။
Food Box လုပ်တာ လုပ်ကြပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်လုပ် လုပ်ပါ။ ကောင်းတာလုပ်တာပဲ။ လုပ်ပြီးမှ အရှက်မခွဲပါနဲ့။ မေတ္တာမပျက်ပါနဲ့။
ကြိုက်တဲ့လူဝင်စား ၀င်ယူ ဆိုပြီးလုပ်ကြတယ် ပြီးတော့ သောက်ပြစ်ပြော အရှက်ခွဲတယ်။ ဖော်ရှိုးလုပ်တာမဟုတ်ဘူးဆို ဘာမှကိုမပြောကြပါနဲ့။
တကယ်လိုအပ်သူတွေ တကယ်ငတ်သူတွေပဲ ကြွေးချင်တာဆို တကယ်လိုအပ် တကယ်ငတ်နေသူတွေလက်ထဲ တိုက်ရိုက်သွားထည့်ပါ။
အသိဘုန်းကြီးပြောတာလေးပြန်ပြောအုံးမယ် သင်ဇာဝင်ကျော်ကိုအ၀တ်အစားမပါပဲ ငါအခန်းထဲထည့်ထားပြီးမှ ဒီကိုယ်တော်သမာဓိမရှိဘူး ၀ိုင်းလက်ညိုးမထိုးနဲ့တဲ့။
မေတ္တာရှင်ဆရာတော်ပြောတာလေးအသိပေးရရင် အသိဥာဏ်ပညာနဲ့ယှဉ်တဲ့ ကုသိုလ် ပြုကြပါ။
food box နဲ့ပတ်သက်ပြီး နောက်ဆုံးပြောခြင်းပါ . ..

- ကျော်ကြီး(MDY)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>