Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

"တကျော့နှစ်ကျော့ တေးကိုသီ "နဲ့ ဟေဇယ် We stand with Hazel

$
0
0

ကယ်.. အစကတော့ မပြောတော့ဘူးလို့ နေတာ.ခုတော့ မပြောမဖြစ်လို့ ပြောလိုက်ဦးမယ်.

ပထမဆုံးအနေနဲ့ ပြေရာရင် ဒေါ်တင်တင်မြ ဆိုထားတဲ့ သီချင်းကို လုံးဝမကြိုက်ပါဘူး. ဒါ Adminမှာ အပြစ်ရှိလား.
ဒါပေမယ့် ဒေါ်တင်တင်မြရဲ့ ပေးချင်တဲ့ Message ကို နားလည်တယ်. Adminကိုယ်တိုင်လည်း မူရင်းရုပ်ရှင်ကို အစဆုံးကြည့်ခဲ့ဖူးပါတယ်. ရုပ်ရှင်ရဲ့ နောက်ဆုံးခန်းမှာ "ဒေါ်တင်တင်မြ"ပြောတဲ့စကားကို နားလည်ကြရဲ့လားတော့ မသိဘူး. သူ့ရဲ့ ညမဖြစ်သူတယောက်ထဲတွက် မဟုတ်ပါဘူးတဲ့ မောင်, ညီ, ညီမငယ် အားလုံးတွက် စိတ်ခွန်အားဖြစ်စေဖို့ ဒီသီချင်းကို ဆိုတာပါတဲ့.
သူခေတ်သူ့အခါ မြန်မာသံစဉ်သီချင်းမို့ မြန်မာသံပီပီ အနုအယွဂရုဏာသံနဲ့ သီဆိုခဲ့တယ်. နားလည်တယ် ကိုယ်တွေလည်း.

တခုရီချင်တာက ဘာမှမသိနားမလည်ပဲ ရုပ်ရှင် ကိုလည်း မကြည့်ဖူးပဲ အဓိပ္ပာယ်လည်း နားမလည်ပဲ "မောင်လေးရေ ထပါတော့"ဆိုတာနဲ့ အိပ်ယာနိုးရုံ သက်သက် သီချင်းထင်နေကြတယ်.

ခေတ်အဆက်ဆက် လူကြီးမိဘတွေက သီချင်းရဲ့ အဓိပ္ပာယ်ထက် သံစဉ်အရ စာသားလေးတွေအရ သားချော့တေးအနေနဲ့ ပြောကြဆိုခဲ့ကြတာ. တကယ်တော့ ဒီသီချင်းရဲ့ အဓိပ္ပာယ်က လုံးဝသားချော့တေး မဟုတ်ပါဘူး. "မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ နဲ့ အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်"ကမှ သားချော့တေးအစစ်ပါ. တချို့လူပိန်းတေကကျ ဘာမှမတတ်ဖူး သူများသားချော့တေး လိုက်တေးနေကြတာ.

ခု The Voice Myanmar မှာ Hazel ဆိုသွားတာ တကယ် International က လှမ်းကြည့်ခဲ့ရင်တော့ မြန်မာ့သီချင်း မြန်မာ့သံစဥတွေက ဒီလို အမိုက်စားပါလားဆိုပြီး ဖြစ်နေခဲ့မှာ.

Versionပြောင်းတယ်ဆိုတဲ့ နေရာမှာ လူပိန်းတေက ထင်နေကြတယ်. ခေတ်ပေါ်ဂီတ နိုင်ငံခြား ဂီတတေနဲ့ ပေါင်းတယ် ထင်နေကြတာ. တကယ်တော့ ဆိုင်း, ဗုံ, စောင်း, ပုလွေ,တယော မြန်မာ့တူရိယာတော်တော်များများ အစုံလင်နဲ့ Opera ပုံစံ အခမ်းနားဆုံး လုပ်ထားတာပါ.


 ပေးချင်တဲ့ message ကလည်း ရည်ရွယ်ချက်ကောင်းပါတယ်. ခုနောက်ပိုင်း လူငယ်တွေတော်တော်များများ ကြိုးစားအားထုတ်မှုတွေ နှေးကွေးကြတယ် အားလျော့ကြတယ်. အမြဲတမ်းနီးပါး အိပ်နေကြတာ များတယ်. ဒါတွေကို အားတက်စေဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်တယ်.

ကိုယ်တွေကတော့ ကြိုက်တယ်. သူဆိုနေရင် ကြက်သီးတွေတောင် ထတယ်ကွယ်. အရင်က အ့သီချင်းကြားရင် အိပ်ချင်တယ်, ပျင်းတယ်, မကြိုက်တဲ့ကိုယ်က ခုဟေဇယ်ဆိုတာလေးကို ခဏ ခဏ နားထောင်မိတယ်.

ပြောချင်တာကတော့ ကိုယ်မကြိုက်ရင် မကြိုက်ဖူး ပြောခွင့်ရှိတယ်. နားမထောင်နဲ့ပေါ့. ဒါကို သီချင်းပျက်တယ်ဆိုတော့ ဒေါ်တင်တင်မြ ဆိုထားတဲ့ သီချင်းက ပျောက်သွားလို့လား. ဟေဇယ်ဆိုလိုက်မှပဲ video fileတေ မှတ်တမ်းတေက ပျောက်ကုန်လို့လား. ပြီးတော့ ဟေဇယ်က ပြိုင်ပွဲဝင်တယောက်. ပြိုင်ပွဲအတွက် ဒီသီချင်းကို ဆိုခွင့်ရှိလို့ သီဆိုယှဉ်ပြိုင်ခဲ့တာ. နောက်ဒီသီချင်းကို စီးပွားဖြစ် လုပ်စားမှာလည်း မဟုတ်ဖူး. ဒါကို ဘာတွေ အ့လောက်ထိ ဖြစ်နေကြတာလဲ. အ့လောက်တောင် စိတ်သဘောထား သေးသိမ်ကြတာလား. စိတ်ဓာတ်တေ အောက်တန်းမကျစမ်းပါနဲ့. သူတပါးရဲ့ အောင်မြင်မှုကို မုဒိတာ မပွားနိုင်ရင်တောင် မနာလိုဝန်တို မတိုက်ခိုက်ကြပါနဲ့. လူစိတ်ရှိပါ.

ဒါပေမယ့်လည်း ကျေနပ်စရာ ကောင်းတာ တခုက မြန်မာပြည်မှာ ကောင်းတာလုပ်ရင် လူမသိဘူး, မအောင်မြင်ဘူး, အသိမှတ်မပြုခံရဘူး. မဟုတ်တာလုပ်မှ အောင်မြင်တဲ့ခေတ်လေ.
ဟေဇယ်က မဟုတ်တာ မကောင်းတာ မလုပ်ပဲ ဒီလောက် ဝေဖန်တိုက်ခိုက်ခံနေရတာ အောင်မြင်မှု တခုပဲ. ဒါ ၀မ်းသာစရာပါပဲ. တွေ့နေရတာတွေ မခံနိုင်လို့သာ ပြောရတာပါ. ဆက်ဝေဖန်ကြပါ တိုက်ခိုက်ကြပါ. ဆကြဲပါ. အကုသိုလ်တွေ ယူကြပါ. မြန်မာပြည်မှာ အလုပ်မရှိအကိုင်မရှိအ့လိုလူတေက များတယ်လေ.

အမှန်တိုင်း ပြောရရင် ဒေါ်တင်တင်မြ အိပ်ယာနိုးသလို နိုးကြည့်လေ ခုခေတ်မှာ ဘယ်ကလေးမှ မထဘူး. ပိုတောင်အိပ်ချင်ဦးမယ်. ခုကလည်း မိုးတွင်းနဲ့😆

ဒါပါပဲ.
မကျေနပ်ရင် လဲသေလိုက်

We stand with Hazel 😘

#proudofmyanmar 👑

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>