Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပိုးဖြူသန့်ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အကြောင်း

$
0
0
ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ် Kim

ပါလီမန်မှာ DASSK မွေးနေ့ပွဲ လုပ်ကြမယ်၊ ကင်မ်လည်း လာမှာဆိုတည်းက ကိုယ့်မယ် မျှော်တလင့်လင့်.. တွေ့ချင်စိတ်တွေ တနင့်တပိုး.. ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တော့ သူ့သွေးသားကိုလည်း အလိုလိုကို ချစ်ခင်ရတာမျိုးပဲ.. ကင်မ့်ကို သိပ်ကိုမြင်ဖူးတွေ့ဖူးချင်နေခဲ့တာ.. တကယ်တမ်းတွေ့ရတော့ကျ ပထမဆုံးမြင်ဖူးတာလို့တောင် မထင်မိအောင်၊ မတွေ့တာကြာတဲ့ ကိုယ့်အကိုကြီးလိုကို သူ့ကို အရိပ်တကြည့်ကြည့် တငေးငေးနဲ့ ကြည့်မဝဖြစ်ရတာပဲ..

ပါလီမန်အဝင် Security gate မှာ ကင်မ့်ကို စမြင်လိုက်ကတည်းက ခေါင်းထဲကို အရင်ဆုံး ရောက်လာတာက "အို.. သူ့အဘိုးနဲ့ သိပ်တူတာပဲရယ်"လို့ တွေးမိတာပဲ.. ပြီးမှ ကိုယ့်ဘာသာရယ်ချင်သွားတာက ဗိုလ်ချုပ်ကို ကိုယ်မှမမီလိုက်တာ.. ဒါပေမယ့်လည်းလေ ကင်မ်က တကယ့်ကိုပဲ ဗိုလ်ချုပ်နဲ့တူတာ.. ရှေ့တည့်တည့်က ကြည့်ရင် မသိသာပေမယ့် ဘေးတိုက်ကနေ ကြည့်ရင် ကင်မ့်မေးရိုးဟာ ဗိုလ်ချုပ်နဲ့ တထေရာတည်း ထင်းခနဲ.. နောက်ကနေကြည့်ရင်လည်း ဘိုကေတိုတိုညှပ်ထားတဲ့ ဦးခေါင်းခွံရိုးဟာ မြင်ဖူးနေကျ ဗိုလ်ချုပ်ဓာတ်ပုံတွေထဲလိုပဲ.. သိပ်တူတယ်..

သူများကမိတ်ဆက်ပေးလို့ ကင်မ်က လက်ဆွဲနှုတ်ဆက်ပြီး နေကောင်းလားမေးတာကိုတောင် စိတ်တွေ လှုပ်ရှားလွန်းလို့ ကိုယ့်ဘာသာ ဘာဖြေလိုက်မှန်းကို မမှတ်မိဘူး.. ပြီးမှ ငါ့နှယ် ဒါမျိုးကျမှ နှုတ်နည်းရန်ကောရယ်လို့ တွေးရင်းနဲ့ ကင်မ့်နောက် အပြေးအလွှားလိုက်ပြီး ကိုယ်အမြဲပြောချင်နေခဲ့တဲ့စကားတွေ ကင်မ်ကို ပြောခဲ့ရတယ်.. “အခုလို တွေ့ရတာ သိပ်ဝမ်းသာတာပဲ.. အကို့အမေကိုလည်းလေ ကျမသိပ်ချစ်တာ.. ကျမမှ မဟုတ်ပါဘူး.. အများစုသောလူတွေကလည်း သူ့ကို ချစ်ကြတာ.. သူက ကျမအတွက်တော့ စံပြပဲ.. ပြီးတော့ အကို့ကို တကယ်ပဲ ကျေးဇူးတင်တယ်.. ဟိုလေ.. အကို့အမေကို ကျမတို့နဲ့ မျှဝေပေးနိုင်တာတွေ အတွက်ပါ.."လို့ တောက်လျှောက်ကြီးကို စိတ်ထဲရှိသမျှ ပြောချမိလိုက်တာ.. Thanks for sharing your mom with me, with us လို့ ပြောချိန်မှာကျ emotion တွေ များလာတာမှ ကင်မ့်ကို အားနာတာရော၊ မိသားစုနဲ့ အတူမရှိနိုင်တဲ့ အမေစုအတွက် စိတ်မကောင်းဖြစ်လာတာတွေရော အကုန်ရောပြီး မျက်ရည်တောင် ဝဲချင်လာသလို ဖြစ်သွားတယ်.. DASSK နဲ့ တွေ့ချိန် တချို့လူတွေ ငိုကျ မျက်ရည်ကျကြဆိုတာ ဟုတ်မှာပဲ.. ကင်မ်ကတော့ သူ့ကိုကျေးဇူးတင်စကားပြောတဲ့အပေါ် တပြုံးပြုံးနဲ့ သာ ပြုံးပြီး နားထောင်လေရဲ့..

ပြောရရင် သေချာကြည့်လေ ကင်မ့်မျက်လုံးတွေ အပြုံးတွေ၊ ဘေးနားကလူတွေကို ရယ်ဟဟပြောတတ်ပုံတွေက အမေစုနဲ့ သိပ်တူတယ်ရယ်လို့ သတိထားမိရလေပဲ.. ဒေါင်းတိမောင်းတိ ပခုံးဖွင့်ပြီး လမ်းလျှောက်ပုံကအစ သူ့အမေလိုပဲ.. ဘယ်လိုလောကဓံကိုမဆို ရင်ဆိုင်ရဲတယ်ဆိုတဲ့ မာကျောယုံကြည်မှုရှိဟန်အပြည့်.. အနားမယ် ချစ်ခင်သူတွေ ရှိကာကျတော့လည်း လူတွေကို သူကြည့်တဲ့ အကြည့်တွေကအစ သူ့အမေလို ဂရုဏာမျက်လုံးတွေနဲ့.. သူ့မှာ ဘဝင်မြင့်မောက်မာဟန် တစွန်းတစိ မတွေ့ရသလို ဒီလူတွေဟာ သူ့ဆီက သူ့အမေကို ယူသွားလို့ နာကျည်းမုန်တီးဟန်လည်း တစက်လေးမှ မမြင်ရဘူး.. လူတွေကို ချေမိုးဆက်ဆံတာမျိုးမရှိဘဲ ရင်းရင်းနှီးနှီး ရယ်ရယ်မောမော.. ခွင့်တောင်းတဲ့သူမှန်သမျှနဲ့ ကင်မ်ဟာ စိတ်ရှည်လက်ရှည်ကိုမှ ဓာတ်ပုံတွဲရိုက်ပေးတယ်..

ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းပြောသူရှိတော့ ဒေါ်အောင်ဆန်းစုကြည်အမျိုးသားဆုံးတာတွေ၊ သူမ အင်္ဂလန်ကိုမပြန်တော့တဲ့အကြောင်းတွေ.. အဲ့အချိန် ကင်မ် ဘယ်လိုခံစားရပါလိမ့်လို့ ငေးကြည့်မိတော့ ဒီလိုပါပဲ.. မျက်နှာပျက်တာ လွမ်းတာဆွေးတာ ကင်မ့်ဆီမှာ ဘယ်မှာ မမြင်ရဘူး.. မမြင်ရဆို ကင်မ်လည်း လေးဆယ်ကျော်ပြီပဲ.. ဆံပင်တွေ ဖြူစပြုနေပြီ.. သူ့ခံစားချက်တွေကို ထိန်းနိုင်ပြီပေါ့.. ဒါပေမယ့် ပြုံးတုန်းပဲ..

မွေးနေ့ကိတ်ခွဲတော့လည်း ကင်မ်ဟာ ပြုံးနေတာပဲ.. happy birthday သီချင်းကို သူလိုက်ဆိုမလို့ လုပ်ပြီးမှ မြန်မာသီချင်းသံစဉ်ဖြစ်နေတော့ သူဆက်မဆိုဘဲ ရပ်သွားတာတော့ သတိထားမိလိုက်တယ်.. လာသမျှလူအယောက်စေ့အတွက် ကိတ်မုန့်ခွဲနေတော့ ကင်မ့်ကို ကင်မုန့်မစားသေးဘူးလား၊ လူအတော်များများ ကိတ်ရကြပြီမို့ ဆက်မခွဲဘဲ စားပါတော့လားဆိုတော့ ဟင့်အင်း၊ ဒါ ငါ့တာဝန်၊ ပြီးအောင် လုပ်ရမယ်တဲ့.. အသေးအဖွဲလေးတွေကအစ ဒီသားအမိဟာ သူတို့အလုပ်ကိုဆို စိတ်နှစ်လုပ်တတ်ကြလိုက်တာလို့သာ မြင်ရတာပဲ..

နောက်တော့ ပွဲပြီးတော့ ပြန်သွားတယ်.. ဘာနဲ့ပြန်လဲဆို public transportation နဲ့ပါပဲ.. အဝတ်အစားကလည်း သာမန်ကုတ်နဲ့ ဘောင်းဘီရှည်ပဲ.. ဘာမှ ပပလွှားလွှားလည်း မရှိ၊ ဘာအခွင့်အရေးမှလည်း ဘယ်သူ့ဆီကမယူဘဲ သူ့ဘဝကို သူ့ဘာသာ ရပ်တည်နေတာပဲ.. အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း အသားဖြူဖြူနဲ့ အရမ်းကို အနေအေးပြီး ကြည်ကြည်လင်လင်လေး.. ကင်မ်ဟာ လူပုံလည်း တချက်တချက် သူ့အမေနဲ့ အတော်တူတယ်.. မြင်မိသလောက် စိတ်လည်း တူဟန်ရပါတယ်.. ကိုယ်ကတော့ သူတို့သားအမိတွေ စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဆုံမယ့်အချိန်ကိုသာ အမြန်ရောက်စေချင်တာပါပဲ.. ကင်မ့်ကိုရော အမေ့ကိုပါ အားနာလှပါပြီ..
ပိုးဖြူသန့်





Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>