တိုကျို ၊ ၁၇-၉-၂ဝ၁၅
ဂျပန်နိုင်ငံသည် နယ်မြေပိုင်နက် အတွင်းသို့ ကျူးကျော် ပျံသန်းလာသော ရုရှား တိုက်လေယာဉ် တစ်စင်းအား ကြားဖြတ် ဟန့်တားနိုင်ရန် အတွက် တိုက်လေယာဉ် လေးစင်းကို စေလွှတ် ခဲ့ကြောင်း ဂျပန် ကာကွယ်ရေး
ဝန်ကြီးဌာန၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ လေယာဉ် သည် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၄ မိနစ်တွင် ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ အဓိကကျွန်း တစ်ခုဖြစ်သည့် ဟော့ကိုင်းဒိုး ကျွန်း၏ နီမျူရို ရေလက်ကြား အပေါ်သို့ ဖြတ်သန်း မောင်းနှင်လာခြင်း ဖြစ်ကြောင်း၊ ယင်း လေယာဉ်သည် နယ်မြေပိုင်နက် အတွင်း၌ ၁၆ စက္ကန့်ခန့် ပျံသန်းခဲ့ ကြောင်းနှင့် ဂျပန် ကာကွယ်ရေး လေတပ်မှ F-15 အမျိုးအစား တိုက်လေယာဉ် လေးစင်းကို စေလွှတ်ခဲ့ရာ ၄င်းလေယာဉ် အနီးသို့ ချဉ်းကပ်နိုင်ခဲ့ခြင်း မရှိသောကြောင့် မည်သည့် လေယာဉ် အမျိုးအစား ဖြစ်သည်ကို ဖော်ထုတ် နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ JIJI သတင်းစာတွင် ဖော်ပြထားသည်။
ရုရှားလေယာဉ်၏ အဆိုပါ ကျူးကျော် ပျံသန်းမှုသည် ဂျပန်နိုင်ငံ အနောက် တောင်ဘက်ရှိ အိုကိနိုရှီမာကျွန်း အပေါ်သို့ ၂ဝ၁၃ ခုနှစ် သြဂုတ်လက ကျူးကျော် ဝင်ရောက်ခဲ့သော ရုရှားဗုံးကြဲ တိုက်လေယာဉ် နှစ်စင်းကို
ကြားဖြတ်ဟန့်တား နိုင်ခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
#PyiChitThar