Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘာသာရေးပွဲတော် ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သည့် စစ်သွေးကြွအဖွဲ့ဝင် ၄၃၁ ဦးကို ဆော်ဒီဖမ်းဆီး

$
0
0



Saudis thwart mosque bombings, arrest 431 suspected ISIS members


ရီယာဒ် ၊ ၁၉-၇-၂၀၁၅

နိုင်ငံအတွင်းရှိ ဘာသာရေး အဆောက်အအုံ များကို ရာမာဒန် ဘာသာရေး ပွဲတော် ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သည့် ISIS စစ်သွေးကြွ အဖွဲ့ဝင် ၄၃၁ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ဆော်ဒီ ပြည်ထဲရေး ၀န်ကြီးဌာနက ယမန်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူ အများစုမှာ ဆော်ဒီ နိုင်ငံသားများ ဖြစ်ပြီး ၄င်းတို့မှာ တားမြစ်ခြင်း ခံထားရသည့် ISIS စစ်သွေးကြွ အဖွဲ့ခွဲ တစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ကြောင်း အယ်လ်အာ ရေးဘီးယား သတင်းဌာန က ဖော်ပြခဲ့သည်။ ဖမ်းဆီးခံ ရသည့် အခြားသူ များမှာ ယီမင်၊ အီဂျစ်၊ ဂျော်ဒန်၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား နှင့် ချက်နိုင်ငံသား များပါ ဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံ ရသူများသည် ရီယာဒ်မြို့တော် အတွင်းရှိ ဗလီတစ်ခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်မည့် အစီအစဉ် အပါအဝင် အခြား အကြမ်းဖက် တိုက်ခိုက်မှု များကိုပါ လုပ်ဆောင်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆော်ဒီ အစိုးရ အဆောက်အအုံ များနှင့် လုံခြုံရေး အဖွဲ့၏ ဌာနများကိုပါ တိုက်ခိုက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်ဟု ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အလားတူ ဆော်ဒီ အာဏာပိုင် များသည် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် လူမှုရေး ဝက်ဘ်ဆိုက် များမှ တစ်ဆင့် လှုံ့ဆော်ခဲ့သည့် လူ ၁၄၄ ဦး ကိုလည်း ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>