ရန္ကုန္ စက္တင္ဘာ ၁၉
ရန္ကုန္ၿမိဳ႕ ကမာရြတ္ၿမိဳ႕နယ္ ကမာရြတ္ ခံုးေက်ာ္ တံတား အဆင္း ျပည္လမ္းမေပၚတြင္ ကားသံုးစီး တိုက္မႈတစ္ခု စက္တင္ဘာ ၁၄ ရက္ မြန္းလြဲ ၂ နာရီခြဲခန္႔က ျဖစ္ပြားခဲ့ရာ school bus အမည္ရွိကား၏ အေရွ႕ဘယ္ဘက္တြင္ လိုက္ပါလာသူ အမ်ိဳးသမီးတစ္ဦး၏ ေျခေထာက္မွာ ကားအေရွ႕ဘက္ တိုက္မိထားေသာ တံခါးျဖင့္ ညပ္ေန၍ ခရီးသြားျပည္သူမ်ား၏ ဝိုင္းဝန္းကူညီမႈျဖင့္ ဆြဲထုတ္ကာ ေဆး႐ံုသို႔ပို႔ေဆာင္ ေပးခဲ့သည္။
တိုက္မိေသာ ကားေပၚပါသူမ်ား ထိခိုက္မႈမရွိေၾကာင္းႏွင့္ school bus ႏွင့္ ဆလြန္းကား တို႔မွာ ခံုးတံတားေပၚမွဆင္းလာၿပီး ဘယ္ဘက္သို႔အေကြ႕ မဂၤလာဒံုဘက္မွ ၿမိဳ႕တြင္းဘက္သို႔ေမာင္းႏွင္လာေသာ ကုန္တင္ကားက ခုံးတံတားအနီးအေရာက္ ညာဘက္သို႔အေကြ႕တြင္တိုက္မိၾကၿပီးschool bus အေနာက္မွကပ္လိုက္လာေသာ ဆလြန္ကားမွ ထပ္မံတိုက္မိခဲ့ေၾကာင္း ဆလြန္ကားေပၚတြင္ပါလာသူက ေျပာသည္။
The Mirror Daily
https://www.facebook.com/TheMirrorDaily
.............................................................
ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကမာရွတ် ခုံးကျော် တံတား အဆင်း ပြည်လမ်းမပေါ်တွင် ကားသုံးစီး တိုက်မှုတစ်ခု စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ school bus အမည်ရှိကား၏ အရှေ့ဘယ်ဘက်တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး၏ ခြေထောက်မှာ ကားအရှေ့ဘက် တိုက်မိထားသော တံခါးဖြင့် ညပ်နေ၍ ခရီးသွားပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဆွဲထုတ်ကာ ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်။
တိုက်မိသော ကားပေါ်ပါသူများ ထိခိုက်မှုမရှိကြောင်းနှင့် school bus နှင့် ဆလွန်းကား တို့မှာ ခုံးတံတားပေါ်မှဆင်းလာပြီး ဘယ်ဘက်သို့အကွေ့ မင်္ဂလာဒုံဘက်မှ မြို့တွင်းဘက်သို့မောင်းနှင်လာသော ကုန်တင်ကားက ခုံးတံတားအနီးအရောက် ညာဘက်သို့အကွေ့တွင်တိုက်မိကြပြီးschool bus အနောက်မှကပ်လိုက်လာသော ဆလွန်ကားမှ ထပ်မံတိုက်မိခဲ့ကြောင်း ဆလွန်ကားပေါ်တွင်ပါလာသူက ပြောသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily