Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စင္းလံုးငွား မန္းေရႊၿမိဳ႕ေတာ္ ေမာ္ေတာ္ယာဥ္ႏွင့္ ဘုရားဖူး ေမာ္ေတာ္ယာဥ္တို႕ ယာဥ္မေတာ္တဆမႈျဖစ္ပြား

$
0
0


 ေနျပည္ေတာ္ စက္တင္ဘာ ၁၉

 ျမဝတီၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ စင္းလုံးငွားမန္း ေရႊၿမိဳ႕ေတာ္ခရီးသည္တင္ယာဥ္ႏွင့္ လယ္ေဝးၿမိဳ႕နယ္မွ မႏၲေလးတိုင္း ေဒသႀကီး အမရပူရၿမိဳ႕နယ္ရွိ ေက်ာက္စိမ္းေစတီေတာ္သို႔ သြား ေရာက္ဖူးေျမာ္မည့္ ဘုရားဖူး ေမာ္ေတာ္ယာဥ္တို႔ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၂၈၁ မိုင္ ၄ ဖာလုံ၌ ယေန႔နံနက္ ၅ နာရီ ၁၅ မိနစ္တြင္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ႏွစ္ စီးေပၚ၌လိုက္ပါလာသည့္ ခရီးသည္ ၂၆ ဦး ‘ဒဏ္ရာရရွိခဲ့ၿပီး မိတၴီလာ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသ ေပးလ်က္ရွိရာ မိတၴီလာေဆး႐ုံ၌ အတြင္းလူနာ ၁၄ ဦးႏွင့္ အျပင္လူနာ ၁၂ ဦးတို႔ ေဆးကုသမႈခံယူလ်က္ရွိ ေၾကာင္း သိရသည္။ ယာဥ္တိုက္မႈ ေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံး သြားေၾကာင္း သိရသည္။

အခင္းျဖစ္ပြားမႈမတိုင္မီ မန္းေရႊ ၿမိဳ႕ေတာ္ေမာ္ေတာ္ယာဥ္မွာ ခရီးသည္ ၁၆ ဦးတင္ေဆာင္လာၿပီး အဆိုပါ ယာဥ္ကို ယာဥ္ေမာင္း ဦးေစာေန ေအာင္က ေမာင္းႏွင္လာသည္။

အလားတူ လယ္ေဝးၿမိဳ႕မွ ဘုရားဖူးေမာ္ေတာ္ယာဥ္အား ဘုရား ဖူး ၂၂ ဦးတင္ေဆာင္လာၿပီး ယာဥ္ ေမာင္း ကိုသိန္းလြင္က ေမာင္းႏွင္လာ ၿပီး မိုင္ ၂၈၁ မိုင္အေရာက္တြင္ အရွိန္ မထိန္းႏိုင္ဘဲ မန္းေရႊၿမိဳ႕ေတာ္ ခရီးသည္တင္ယာဥ္က ဘုရားဖူးယာဥ္ အား အေနာက္ဘက္မွ အရွိန္ျဖင့္ တိုက္မိခဲ့ေၾကာင္း ကနဦးစစ္ေဆးခ်က္ မ်ားအရ သိရသည္။

''ကြၽန္ေတာ္က အရွိန္နည္းနည္းနဲ႔ ေမာင္းလာတယ္။ အဲ့ဒါကို သူက ေနာက္ကေန ဝင္တိုက္လိုက္တဲ့အခါ က်ေတာ့ ကြၽန္ေတာ့္ကားက ေဘးကို ဆြဲခ်သြားတယ္၊ အဲ့ဒါမေမွာက္ေအာင္ မနည္းထိန္းၿပီး ရပ္လိုက္ရတယ္။ ရပ္လိုက္တဲ့အခါမွာ ကားႏွစ္စီးက ကပ္လ်က္ျဖစ္ေနတယ္။ ေခါင္းခန္းမွာ ထိုင္တဲ့လူေတြကို မနည္းဆြဲထုတ္ရ တယ္''ဟု ဘုရားဖူးယာဥ္ေမာင္း ကိုသိန္းလြင္က ေျပာသည္။

''ျဖစ္ျဖစ္ခ်င္း ကြၽန္ေတာ္တို႔ မိနစ္ အနည္းငယ္အတြင္း အခင္းျဖစ္ပြား ရာေနရာကို ေရာက္ပါတယ္။ ဘုရား ဖူးယာဥ္က ေရွ႕ကသြားေနတယ္။ မန္းေရႊၿမိဳ႕ေတာ္ယာဥ္ေနာက္ကေန အရွိန္နဲ႔ ဝင္တိုက္လိုက္တဲ့အခါက် ေတာ့ လမ္းေဘးကို ေရာက္သြား တာ ေတြ႕ရတယ္။ အခု စစ္ေဆးမႈ ေတြ လုပ္ေနပါတယ္။ အျပင္းအထန္ ဒဏ္ရာရသူ ေလးဦး ငါးဦးခန္႔ရွိမယ္''ဟု ကနဦးစစ္ေဆးခ်က္မ်ားအေပၚ သီးကုန္းစခန္းမွဴး ဒုရဲမွဴး ျမင့္စိုးႏိုင္က ေျပာသည္။

''ကြၽန္ေတာ္တို႔ ကယ္ဆယ္ေရး အဖြဲ႕ေတြက ၅ နာရီခြဲ ေလာက္ေရာက္ လာတယ္။ ကြၽန္ေတာ္တို႔ ေရာက္တဲ့ အခ်ိန္မွာ လူနာအခ်ိဳ႕က လူနာတင္ ယာဥ္ေပၚေရာက္ေနၿပီ။ မန္းေရႊ ၿမိဳ႕ေတာ္ယာဥ္ေပၚမွာ ညႇပ္ေနတဲ့ ႏွစ္ေယာက္ကိုေတာ့ ဆြဲထုတ္ေပးခဲ့ ပါတယ္။ ကြၽန္ေတာ္တို႔ ေရာက္တဲ့ အခ်ိန္ လူနာ ၁ဝ ေယာက္ေလာက္ရွိ တယ္။ အျပင္းအထန္ ဒဏ္ရာရတဲ့ သူေတြလည္းပါတယ္၊ အဲ့ဒီလူေတြကို ကြၽန္ေတာ္တို႔ မီးသတ္ေတြနဲ႔ ရဲေတြ ဝိုင္းကူညီၿပီး ေဆး႐ုံပို႔ေပးခဲ့တယ္''ဟု သီးကုန္းအျမန္လမ္းမီးသတ္စခန္းမွ တပ္သား ကိုေနမ်ိဳးထက္က ေျပာ သည္။ ယင္းျဖစ္စဥ္ေၾကာင့္ မန္းေရႊ ၿမိဳ႕ေတာ္ယာဥ္ေမာင္းအား သီးကုန္း အျမန္လမ္းမႀကီးရဲစခန္း၌ ယာဥ္ (ပ) ၂၄/၂ဝ၁၅ ျဖင့္ ျပစ္မႈပုဒ္မ ၃ဝ၄-က ၃၃၈-၃၃၇ ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

ညီညီထြန္းႏွင့္ အဖြဲ႕
ဓာတ္ပုံ-ေရႊကိုကိုေလး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.....................................



 နေပြည်တော် စက်တင်ဘာ ၁၉

 မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် စင်းလုံးငှားမန်း ရွှေမြို့တော်ခရီးသည်တင်ယာဉ်နှင့် လယ်ဝေးမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ ကျောက်စိမ်းစေတီတော်သို့ သွား ရောက်ဖူးမြော်မည့် ဘုရားဖူး မော်တော်ယာဉ်တို့ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၁ မိုင် ၄ ဖာလုံ၌ ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်နှစ် စီးပေါ်၌လိုက်ပါလာသည့် ခရီးသည် ၂၆ ဦး ‘ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးလျက်ရှိရာ မိတ္ထီလာဆေးရုံ၌ အတွင်းလူနာ ၁၄ ဦးနှင့် အပြင်လူနာ ၁၂ ဦးတို့ ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။ ယာဉ်တိုက်မှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမတိုင်မီ မန်းရွှေ မြို့တော်မော်တော်ယာဉ်မှာ ခရီးသည် ၁၆ ဦးတင်ဆောင်လာပြီး အဆိုပါ ယာဉ်ကို ယာဉ်မောင်း ဦးစောနေ အောင်က မောင်းနှင်လာသည်။

အလားတူ လယ်ဝေးမြို့မှ ဘုရားဖူးမော်တော်ယာဉ်အား ဘုရား ဖူး ၂၂ ဦးတင်ဆောင်လာပြီး ယာဉ် မောင်း ကိုသိန်းလွင်က မောင်းနှင်လာ ပြီး မိုင် ၂၈၁ မိုင်အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က ဘုရားဖူးယာဉ် အား အနောက်ဘက်မှ အရှိန်ဖြင့် တိုက်မိခဲ့ကြောင်း ကနဦးစစ်ဆေးချက် များအရ သိရသည်။

''ကျွန်တော်က အရှိန်နည်းနည်းနဲ့ မောင်းလာတယ်။ အဲ့ဒါကို သူက နောက်ကနေ ဝင်တိုက်လိုက်တဲ့အခါ ကျတော့ ကျွန်တော့်ကားက ဘေးကို ဆွဲချသွားတယ်၊ အဲ့ဒါမမှောက်အောင် မနည်းထိန်းပြီး ရပ်လိုက်ရတယ်။ ရပ်လိုက်တဲ့အခါမှာ ကားနှစ်စီးက ကပ်လျက်ဖြစ်နေတယ်။ ခေါင်းခန်းမှာ ထိုင်တဲ့လူတွေကို မနည်းဆွဲထုတ်ရ တယ်''ဟု ဘုရားဖူးယာဉ်မောင်း ကိုသိန်းလွင်က ပြောသည်။

''ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ မိနစ် အနည်းငယ်အတွင်း အခင်းဖြစ်ပွား ရာနေရာကို ရောက်ပါတယ်။ ဘုရား ဖူးယာဉ်က ရှေ့ကသွားနေတယ်။ မန်းရွှေမြို့တော်ယာဉ်နောက်ကနေ အရှိန်နဲ့ ဝင်တိုက်လိုက်တဲ့အခါကျ တော့ လမ်းဘေးကို ရောက်သွား တာ တွေ့ရတယ်။ အခု စစ်ဆေးမှု တွေ လုပ်နေပါတယ်။ အပြင်းအထန် ဒဏ်ရာရသူ လေးဦး ငါးဦးခန့်ရှိမယ်''ဟု ကနဦးစစ်ဆေးချက်များအပေါ် သီးကုန်းစခန်းမှူး ဒုရဲမှူး မြင့်စိုးနိုင်က ပြောသည်။

''ကျွန်တော်တို့ ကယ်ဆယ်ရေး အဖွဲ့တွေက ၅ နာရီခွဲ လောက်ရောက် လာတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ လူနာအချို့က လူနာတင် ယာဉ်ပေါ်ရောက်နေပြီ။ မန်းရွှေ မြို့တော်ယာဉ်ပေါ်မှာ ညှပ်နေတဲ့ နှစ်ယောက်ကိုတော့ ဆွဲထုတ်ပေးခဲ့ ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန် လူနာ ၁ဝ ယောက်လောက်ရှိ တယ်။ အပြင်းအထန် ဒဏ်ရာရတဲ့ သူတွေလည်းပါတယ်၊ အဲ့ဒီလူတွေကို ကျွန်တော်တို့ မီးသတ်တွေနဲ့ ရဲတွေ ဝိုင်းကူညီပြီး ဆေးရုံပို့ပေးခဲ့တယ်''ဟု သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်သား ကိုနေမျိုးထက်က ပြော သည်။ ယင်းဖြစ်စဉ်ကြောင့် မန်းရွှေ မြို့တော်ယာဉ်မောင်းအား သီးကုန်း အမြန်လမ်းမကြီးရဲစခန်း၌ ယာဉ် (ပ) ၂၄/၂ဝ၁၅ ဖြင့် ပြစ်မှုပုဒ်မ ၃ဝ၄-က ၃၃၈-၃၃၇ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ညီညီထွန်းနှင့် အဖွဲ့
ဓာတ်ပုံ-ရွှေကိုကိုလေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>