Quantcast
Channel: MP4 YoU
Viewing all articles

လူ ၄၀၀၀၀ ကို ရွေးကောက်ပွဲ အထူးရဲအဖြစ် ခန့်မယ်

$
0
0







ABC Radio Australia
...................................

မြန်မာရဲတပ်ဖွဲ့ (Credit: ABC)
 မြန်မာအာဏာပိုင်တွေက ​လူပေါင်း ​လေးသောင်းကို ​ရွေးကောက်ပွဲအတွက် ​အထူးရဲတွေအဖြစ် ​ခန့်အပ်မယ်လို့ ​အေအက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အောက်တိုဘာလလယ်က ​စပြီး ​လူပေါင်း ​လေးသောင်းကျော်ကို ​ရွေးကောက်ပွဲ ​အထူးရဲအဖြစ် ​တစ်လကြာ ​ခန့်အပ်မယ်လို့ ​ရဲအရာရှိတစ်ဦးက ​ပြောပါတယ်။

အဲဒီလူတွေကို ​လက်နက်တွေ ​ကိုင်ခွင့်ပေးထားမှာ ​မဟုတ်သလို ​ရဲတွေလောက် ​အာဏာရှိမှာ ​မဟုတ်ဘူးလို့လည်း ​ပြောပါတယ်။

ရွေးကောက်ပွဲမှာ ​ပြဿနာတွေ ​ဖြစ်မလာအောင် ​လုံခြုံရေးအင်အား ​တိုးချဲ့တဲ့ ​သဘောဖြစ်မယ်လို့ ​ဆိုပါတယ်။

အဲဒီ ​အထူးတပ်ဖွဲ့ဝင်တွေကို ​ရဲအရာရှိတွေနဲ့ ​ရပ်ကွက်၊ ​မြို့နယ်လူကြီးတွေက ​ရွေးချယ်မှာ ​ဖြစ်ပြီး ​တစ်လစာ ​လုပ်အားခကတော့ ​ရဲတွေကို ​ပေးတဲ့ ​လစာလိုပဲ ​ပေးမယ်လို့ ​သိရပါတယ်။

အဲဒီလို ​လုံခြုံရေးအင်အား ​တိုးချဲ့တဲ့အပေါ် ​စိုးရိမ်မကင်းမှုတွေ ​ရှိနေပါတယ်။ ​တချို့ကလည်း ​ဒီလို ​အဖွဲ့အစည်းတွေကို ​အသုံးပြုပြီး ​အာဏာပိုင်က ​လိုသလို ​အသုံးပြုမှာကို ​စိုးရိမ်တာလည်း ​ရှိပါတယ်။

NLD ​ပါတီကတော့ ​ဘာကြောင့် ​အဲဒီလို ​အထူးရဲတွေကို ​ခန့်အပ်ရသလဲ ​ဆိုတာကို ​မသိရဘူးလို့ ​ပြောဆိုပြီး ​အကောင်းကို ​ရည်ရွယ်ပြီး ​ခန့်အပ်တာမျိုး ​ဖြစ်ဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>