Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပည္ခိုင္ျဖိဳးပါတီမွ သွ်မ္း၊ပအို၀္း နာမည္မ်ားအား ျပန္ဖ်က္

$
0
0

 စက္တင္ဘာ၂၁ ရက္ ၂၀၁၅

 စက္တင္ဘာ ၁၉ ရက္ မနက္ပိုင္းကစျပီး လင္းေခးခရိုင္ေမာက္မယ္ျမိဳ႕နယ္ ထဲရွိ သွ်မ္းျပည္ခိုင္ျဖိဳး၊ ပအို၀္းျပည္ခိုင္ျဖိဳး ဟု ေရးသားထားေသာ ျပည္ေထာင္ စုၾကံ႕ခုိင္ေရးနွင့္ဖြံ့ျဖဳိးေရးအသင္း၏ ဆိုင္းဘုတ္မ်ားမွ အေရွ့စာလံုးျဖစ္ေသာ သွ်မ္း၊ ပအို၀္း ကိုပါတီ၀င္မ်ားက လိုက္လံဖ်က္ပစ္ေနေၾကာင္းသိရသည္။

မဲဆြယ္စည္းရံုးခြင့္ျပဳတဲ႕ေန႕ စက္တင္ဘာ(၈)ရက္စျပီး ျမိဳ႕နယ္ေနရာ အႏွံ႕ အျပားမွာ စိုက္ထူထားတဲ႕ သွ်မ္းျပည္ ခိုင္ျဖိဳး၊ပအို၀္းျပည္ခိုင္ျဖိဳးဆုိင္းဘုတ္ေတြ ကုိစိုက္ထူျပီး(၁၁)ရက္အၾကာမွာယခုလိုဖ်က္ပစ္ျခင္းျဖစ္သည္။

``သူတို႕ပါတီ၀င္ေတြ မနက္ပိုင္းေလာက္ကတည္းကစျပီး သွ်မ္း၊ ပအို၀္း စာလံုးေတြ ကို အစိမ္းေရာင္ စပေရးဘူး ေတြနဲ႕မွဳတ္ပစ္ျပီး ေပ်ာက္သြားေအာင္ ဖ်က္လိုက္ၾကတယ္။ ဘယ္ႏွစ္ေနရာက်န္မလဲမသိေပမယ့္ ျမိဳ႕ထဲနဲ႕ရြာဖက္ အေတာ္မ်ားမ်ားေတာ့ ဖ်က္ျပီးတာေတြ႕ရတယ္´´ဟု မ်က္ျမင္ေဒသခံတစ္ဦး မွေျပာျပသည္။


ျပည္သူမ်ားၾကားေ၀ဖန္မွဳျမင့္တက္ေနေသာအဆိုပါအျငင္းပြားဖြယ္ဆိုင္းဘုတ္မ်ားအား ဖ်က္ပစ္ျခင္းသည္ အထက္မွ ဖိအားေပးျခင္းေၾကာင့္ျဖစ္နိုင္သည္ ဟုျပည္ခိုင္ျဖိဳးပါတီႏွင့္နီးစပ္သည့္အသိုင္းအ၀ိုင္းမွေျပာသည္။

´´သူတို႕ ေတြက အထက္ကိုမတင္ျပဘဲ သူတို႕သေဘာအတိုင္း လူမ်ိဳးေရး အသံုးခ်ျပီး မဲဆြယ္ဆိုင္းဘုတ္ေတြတင္လို႕ အထက္ကသိျပီး ျပန္ဖ်က္ခိုင္းတာ ထင္ပါတယ္´´ဟု ေဒသခံတစ္ဦးမွ ၄င္းဧ။္ထင္ျမင္ခ်က္ကိုေျပာျပသည္။

ေမာက္မယ္ျမဳိ႕နယ္သည္ ျပီးခဲ႕ေသာ၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုၾကံ႕ခိုင္ေရႏွင့္ဖြံ႕ျဖိဳးေရးပါတီမွ ျပည္႕သူ႔လႊတ္ေတာ္ႏွင့္ျပည္နယ္လႊတ္ေတာ္အမတ္(၂)ေနရာအနိုင္ရရွိ ခဲ့သည္။ ထုိစဥ္ကလည္း မဲလိမ္မဲခိုးမွဳ၊ မဲမသမာမွဳမ်ား ရွိ ခဲ့ေသာေဒသမ်ားအနက္ ေမာက္မယ္သည္လည္း တစ္ခုအပါအ၀င္ျဖစ္ သည္ဟု ရပ္မိရပ္ဖ မ်ားကေျပာဆုိပါသည္။

ယခု ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေမာက္မယ္မဲဆႏၵနယ္ ၌ ျပည္ေထာင္ စုၾကံ႕ ခိုင္ေရးႏွင့္ ဖြံ႕ျဖိဳးေရးပါတီ၊ သွ်မ္းတိုင္းရင္း သားမ်ားဒီမိုကရက္ တစ္ပါ တီ၊သွ်မ္းတိုင္းရင္းသားမ်ားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ ၊ျပည္ေထာင္စု ပအို၀္းအမ်ိဳး သား အဖြဲ႕ခ်ဳပ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစရွိ ပါတီၾကီး ၅ ခု က ယွဥ္ျပိဳင္ၾကမည္ျဖစ္သည္။

သွ်မ္းသံေတာ္ဆင့္/ခါးဖန္႕
https://www.facebook.com/Panglong.burmese
........................................


 စက်တင်ဘာ၂၁ ရက် ၂၀၁၅

 စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး လင်းခေးခရိုင်မောက်မယ်မြို့နယ် ထဲရှိ သျှမ်းပြည်ခိုင်ဖြိုး၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟု ရေးသားထားသော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဆိုင်းဘုတ်များမှ အရှေ့စာလုံးဖြစ်သော သျှမ်း၊ ပအိုဝ်း ကိုပါတီဝင်များက လိုက်လံဖျက်ပစ်နေကြောင်းသိရသည်။

မဲဆွယ်စည်းရုံးခွင့်ပြုတဲ့နေ့ စက်တင်ဘာ(၈)ရက်စပြီး မြို့နယ်နေရာ အနှံ့ အပြားမှာ စိုက်ထူထားတဲ့ သျှမ်းပြည် ခိုင်ဖြိုး၊ပအိုဝ်းပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ကိုစိုက်ထူပြီး(၁၁)ရက်အကြာမှာယခုလိုဖျက်ပစ်ခြင်းဖြစ်သည်။

``သူတို့ပါတီဝင်တွေ မနက်ပိုင်းလောက်ကတည်းကစပြီး သျှမ်း၊ ပအိုဝ်း စာလုံးတွေ ကို အစိမ်းရောင် စပရေးဘူး တွေနဲ့မှုတ်ပစ်ပြီး ပျောက်သွားအောင် ဖျက်လိုက်ကြတယ်။ ဘယ်နှစ်နေရာကျန်မလဲမသိပေမယ့် မြို့ထဲနဲ့ရွာဖက် အတော်များများတော့ ဖျက်ပြီးတာတွေ့ရတယ်´´ဟု မျက်မြင်ဒေသခံတစ်ဦး မှပြောပြသည်။



ပြည်သူများကြားဝေဖန်မှုမြင့်တက်နေသောအဆိုပါအငြင်းပွားဖွယ်ဆိုင်းဘုတ်များအား ဖျက်ပစ်ခြင်းသည် အထက်မှ ဖိအားပေးခြင်းကြောင့်ဖြစ်နိုင်သည် ဟုပြည်ခိုင်ဖြိုးပါတီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှပြောသည်။

´´သူတို့ တွေက အထက်ကိုမတင်ပြဘဲ သူတို့သဘောအတိုင်း လူမျိုးရေး အသုံးချပြီး မဲဆွယ်ဆိုင်းဘုတ်တွေတင်လို့ အထက်ကသိပြီး ပြန်ဖျက်ခိုင်းတာ ထင်ပါတယ်´´ဟု ဒေသခံတစ်ဦးမှ ၄င်းဧ။်ထင်မြင်ချက်ကိုပြောပြသည်။

မောက်မယ်မြို့နယ်သည် ပြီးခဲ့သော၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည့်သူ့လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်အမတ်(၂)နေရာအနိုင်ရရှိ ခဲ့သည်။ ထိုစဉ်ကလည်း မဲလိမ်မဲခိုးမှု၊ မဲမသမာမှုများ ရှိ ခဲ့သောဒေသများအနက် မောက်မယ်သည်လည်း တစ်ခုအပါအဝင်ဖြစ် သည်ဟု ရပ်မိရပ်ဖ များကပြောဆိုပါသည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မောက်မယ်မဲဆန္ဒနယ် ၌ ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရက် တစ်ပါ တီ၊သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် ၊ပြည်ထောင်စု ပအိုဝ်းအမျိုး သား အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစရှိ ပါတီကြီး ၅ ခု က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်/ခါးဖန့်
https://www.facebook.com/Panglong.burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>