တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ မီဒီယာမ်ားႏွင့္ ေတြ႔ဆံုစဥ္ |
၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ ရလဒ္ေၾကာင့္ တပ္မေတာ္ အေနျဖင့္ အာဏာသိမ္းရန္ လံုးဝ အစီအစဥ္ မရွိေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႕ မီဒီယာမ်ားႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားသည္။
အဆိုပါ ေရြးေကာက္ပြဲ၌ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အျပတ္အသတ္ အႏိုင္ရရွိၿပီး တိုင္းျပည္ ဆူပူမႈမ်ား ျဖစ္ေပၚလာလွ်င္ အာဏာသိမ္းမႈမ်ား ျဖစ္ေပၚလာႏိုင္ေခ် ရွိမလားဆိုသည့္ ေမးခြန္းအေပၚ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တတ္ႏိုင္သမွ် ဆူပူမႈမျဖစ္ရန္ ဆုေတာင္းရမည္ ျဖစ္ၿပီး ဆူပူမႈ ျဖစ္လာလွ်င္ တပ္မေတာ္ အေနျဖင့္ ဥပေဒအရ လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း၊ ဥပေဒအရ လုပ္ေဆာင္မႈအေပၚလည္း လက္ခံမွ ျဖစ္မည္ျဖစ္ေၾကာင္း ျပန္လည္ ေျဖၾကားခဲ့သည္။
ေရြးေကာက္ပြဲ ရလဒ္ကို ႐ံႈးနိမ့္သည့္ ပါတီမ်ားက လက္ခံရန္ လိုအပ္ၿပီး ရလဒ္အေပၚ မေက်နပ္၍ ဆူပူမႈမ်ား ျဖစ္ပြားလွ်င္ တပ္မေတာ္အေနႏွင့္ ဥပေဒအရ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ အဆိုပါ ဆူပူမႈမ်ားျဖစ္ေပၚလွ်င္ အုပ္ခ်ဳပ္ေရးပိုင္းအဆင့္၊ ရဲတပ္ဖြဲ႕အဆင့္ႏွင့္ အေရးေပၚအေျခအေနထုတ္ျပန္ျခင္း စသည့္ အဆင့္အတိုင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဆိုသည္။
တပ္မေတာ္သည္ ၁၉၆၂ ခုႏွစ္တစ္ႀကိမ္သာ အာဏာသိမ္းခဲ့ၿပီး ၁၉၈၈ ခုႏွစ္သည္ အာဏာ သိမ္းခဲ့ျခင္း မဟုတ္ဘဲ အစိုးရမရွိသျဖင့္ တာဝန္ယူေပးျခင္းသာ ျဖစ္ေၾကာင္း၊ အဆိုပါ သင္ခန္းစာအရ တပ္မေတာ္၏ ဆႏၵအရ အာဏာသိမ္းျခင္းကို မလိုလားေၾကာင္း ၎က ေျပာသည္။
ေရြးေကာက္ပြဲ ကာလတြင္ လံုၿခံဳေရးအရ ကန္႔သတ္ထားသည့္ ေနရာမ်ားကလြဲၿပီး တပ္မေတာ္အတြင္းမွ မဲရံုမ်ားတြင္ ဝင္ေရာက္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ ပတ္သက္၍ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၁၂)ပါ အတိုင္း လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ အေျခအေနမ်ား ေပၚတြင္ မူတည္ေၾကာင္း၊ တုိင္းရင္းသား လက္နက္ကိုင္ အေရးသာမက တုိင္းျပည္၏ ျပဳျပင္ ေျပာင္းလဲမႈ ရလဒ္မ်ားေပၚတြင္လည္း မူတည္ပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ျမန္ႏိုင္သမွ် ျမန္ေစလိုပါေၾကာင္း၊ ေရြးေကာက္ပြဲႏွင့္ တပ္မေတာ္သားမ်ား မဲဆႏၵေပးျခင္းႏွင့္ပတ္သက္၍ တပ္မေတာ္ပိုင္းဆိုင္ရာတြင္ လြတ္လပ္ၿပီး တရားမွ်တမႈရွိေစရန္ အတတ္ႏိုင္ဆုံး ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
ေရြးေကာက္ပြဲတြင္ တစ္တုိင္းျပည္လုံး အတုိင္းအတာႏွင့္လည္း လြပ္လပ္၍ မွ်တ ေစလိုပါေၾကာင္း၊ တပ္ရင္း/တပ္ဖြဲ႕မဲ႐ုံ မ်ားႏွင့္ပတ္သက္၍လည္း လုံၿခဳံေရး ကန္႔သတ္ခ်က္ ရွိသည္မွလြဲ၍ ေရြးေကာက္ပြဲေကာ္မရွင္၏ သတ္မွတ္ခ်က္မ်ားအတုိင္း ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား မဲဆႏၵေပးမႈႏွင့္ ပတ္သက္၍လည္း ၿမဳိ႕နယ္ေပါင္း ၃၃ဝ ရွိ၍ တစ္ေယာက္ႏွင့္ တစ္ေယာက္၊ ပါတီတစ္ခုႏွင့္တစ္ခု မတူႏိုင္သျဖင့္ ျဖစ္သင့္သည့္ မူဝါဒအေပၚတြင္သာ ခ်ိန္ဆေဆာင္ရြက္ ၾကရမည္ျဖစ္ပါေၾကာင္း သတင္းမီဒီယာမ်ားကို ေျဖၾကားခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com
.......................................
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မီဒီယာများနှင့် တွေ့ဆုံစဉ်
နေပြည်တော် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် တပ်မတော် အနေဖြင့် အာဏာသိမ်းရန် လုံးဝ အစီအစဉ် မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရရှိပြီး တိုင်းပြည် ဆူပူမှုများ ဖြစ်ပေါ်လာလျှင် အာဏာသိမ်းမှုများ ဖြစ်ပေါ်လာနိုင်ချေ ရှိမလားဆိုသည့် မေးခွန်းအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတ်နိုင်သမျှ ဆူပူမှုမဖြစ်ရန် ဆုတောင်းရမည် ဖြစ်ပြီး ဆူပူမှု ဖြစ်လာလျှင် တပ်မတော် အနေဖြင့် ဥပဒေအရ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဥပဒေအရ လုပ်ဆောင်မှုအပေါ်လည်း လက်ခံမှ ဖြစ်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲ ရလဒ်ကို ရှုံးနိမ့်သည့် ပါတီများက လက်ခံရန် လိုအပ်ပြီး ရလဒ်အပေါ် မကျေနပ်၍ ဆူပူမှုများ ဖြစ်ပွားလျှင် တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆူပူမှုများဖြစ်ပေါ်လျှင် အုပ်ချုပ်ရေးပိုင်းအဆင့်၊ ရဲတပ်ဖွဲ့အဆင့်နှင့် အရေးပေါ်အခြေအနေထုတ်ပြန်ခြင်း စသည့် အဆင့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်သည် ၁၉၆၂ ခုနှစ်တစ်ကြိမ်သာ အာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်သည် အာဏာ သိမ်းခဲ့ခြင်း မဟုတ်ဘဲ အစိုးရမရှိသဖြင့် တာဝန်ယူပေးခြင်းသာ ဖြစ်ကြောင်း၊ အဆိုပါ သင်ခန်းစာအရ တပ်မတော်၏ ဆန္ဒအရ အာဏာသိမ်းခြင်းကို မလိုလားကြောင်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးအရ ကန့်သတ်ထားသည့် နေရာများကလွဲပြီး တပ်မတော်အတွင်းမှ မဲရုံများတွင် ဝင်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အခြေအနေများ ပေါ်တွင် မူတည်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အရေးသာမက တိုင်းပြည်၏ ပြုပြင် ပြောင်းလဲမှု ရလဒ်များပေါ်တွင်လည်း မူတည်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်နိုင်သမျှ မြန်စေလိုပါကြောင်း၊ ရွေးကောက်ပွဲနှင့် တပ်မတော်သားများ မဲဆန္ဒပေးခြင်းနှင့်ပတ်သက်၍ တပ်မတော်ပိုင်းဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့်လည်း လွပ်လပ်၍ မျှတ စေလိုပါကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မဲရုံ များနှင့်ပတ်သက်၍လည်း လုံခြုံရေး ကန့်သတ်ချက် ရှိသည်မှလွဲ၍ ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍လည်း မြို့နယ်ပေါင်း ၃၃ဝ ရှိ၍ တစ်ယောက်နှင့် တစ်ယောက်၊ ပါတီတစ်ခုနှင့်တစ်ခု မတူနိုင်သဖြင့် ဖြစ်သင့်သည့် မူဝါဒအပေါ်တွင်သာ ချိန်ဆဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com