Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန္ျပည္နယ္အတြင္း ခရီးသည္ကား ဓားျပတိုက္မႈတြင္ မ်က္စိ နွစ္ဖက္ဆံုးရံႈးသြားသူ ယာဥ္ေမာင္းကိုနႈတ္ခမ္းေမြး၏ ေျပာျပခ်က္

$
0
0

 စက္တင္ဘာ ၁၄ ရက္က မြန္ျပည္ နယ္၊ သံျဖဴဇရပ္ျမိဳ႕နွင့္ ေရးၿမိဳ႕အၾကား လမိုင္းၿမိဳ႕နယ္နွင့္ စံုေက်းရြာအနီး မိုင္တိုင္ ၈၂ မိုင္ ၆ ဖာလံုနွင့္ ၇ ဖာလံုအၾကား ခရီးသည္တင္ယာဥ္ကားတစီး ပစ္ခတ္ခံရ မႈျဖစ္စဥ္ေၾကာင့္ မ်က္စိနွစ္ဖက္ဆံုးရံႈးသြား ခဲ့သည္႔ယာဥ္ေမာင္းတဦး ဦးတင္လိႈင္ဦး (ခ) ကိုနႈတ္ခမ္းေမြးက ၎ေတြ႕ၾကံဳခဲ့ရ သည္မ်ားကို ေျပာျပသည္။

''ကြ်န္ေတာ္ ေဆးရံုေပၚေရာက္ျပီး သတိရလာတဲ့အခိ်န္ထိ ကြ်န္ေတာ့္ခရီး သည္ေတြ ဘာျဖစ္သြားေသးလဲ အရင္ေမး မိတယ္။ ဘယ္သူမွ ထိခိုက္ဒဏ္ရာရၾက တာမရိွဘူးလို႔ သိလိုက္ရေတာ့ ကြ်န္ေတာ္ စိတ္သက္သာရာရခဲ့တယ္''ဟု ယာဥ္ ေမာင္းဦးတင္လိႈင္ဦးက ေျပာသည္။


ခရီးသည္မ်ား ထိခိုက္ဒဏ္ရာရရိွမႈ မရိွရန္အတြက္ အနၱရာယ္မ်ားၾကားထဲက ယာဥ္ကို ထိန္းခ်ဳပ္ရန္ ၾကိဳးစားေနစဥ္မွာပဲ ဦးတင္လိႈင္ဦးတေယာက္ သတိလစ္သြား ခဲ့ျခင္းျဖစ္သည္။ ၎သတိရလာခိ်န္၌ ဦးစြာပထမ ခရီးသည္မ်ားအတြက္ အႏၱရာယ္ကင္းရွင္းမႈရိွၾကလားဟု စိုးရိမ္ ပူပန္ခဲ့ေသာ္လည္း ဦးတင္လိႈင္ဦးအတြက္မူ အျမင္အာရံုမ်ား ဆံုးရွဳံးခဲ့ရေလျပီျဖစ္သည္။

''ခရီးစထြက္လာကတည္းကေေရွာေရွာခ်ဳခ်ဳပါပဲ။ သံျဖဴဇရပ္နယ္ေျမ အေက်ာ္ ေရးထဲအ၀င္ ညာဘက္ျခမ္းမွာ ဆို ေဈးဆိုင္ေလးရိွတယ္။ အန္တီ၀င္းဆိုင္ တို႔၊ ဘာတို႔ေပါ့။ အရင္က ကုန္ကားေတြ ကလည္း အဲဒီမွာ နားေလ့ရိွၾကတယ္။

အဲဒီ အေက်ာ္ ေရွ့ဆက္ေမာင္းေတာ့ ေနာက္က ေအာင္ရတာ ကားက ေက်ာ္တက္လို့ လမ္းဖယ္ေပးလိုက္တယ္။ ကုန္ကားနွစ္စီး က ေရွ့ကခံေနေသးတယ္။ ေသနတ္သံ ေတြ၊ ဘာေတြလဲ မၾကားမိလိုက္ဘူး။ တပည့္က ေရွ႔မွာ အရက္သမားလားမသိ ဘူးလို႔ ေျပာလို႔ ရိွန္ေလ်ာ့လိုက္တယ္။ ခ်က္ခ်င္းပဲ ေသနတ္နဲ႔ ပစ္ခံလိုက္ရတယ္။ 'ေဖာင္း'ဆိုတဲ့အသံ အက်ယ္ၾကီးျမည္ျပီး ကြ်န္ေတာ္ ထိသြားတာ သိလိုက္တယ္။ ဒဏ္ရာကို လက္နဲ႔အုပ္ျပီး မနည္းသတိ ထားျပီး ငါ့ခရီးသည္ေတြ ဒုကၡျဖစ္ေတာ့ မယ္ ကားကိုမရပ္ဖို႔ ၾကိဳးစားေနရင္းမွာပဲ။

ကြ်န္ေတာ္ ဘာမွ မသိေတာ့ဘူး''ဟု ဒဏ္ရာအရိွန္ေၾကာင့္ အားအင္ကုန္ခန္းေန သည့္ၾကားမွ ဦးတင္လိႈင္ဦးက ေျပာသည္။


ဦးတင္လိႈင္ဦးတြင္ဇနီးေဒၚေအးျမင့္နွင့္သားသမီး ေလးဦးအနက္ ေမာင္ေက်ာ္ ဆန္းနွင့္ ေမာင္ေဌးေအာင္ဆိုသည့္ သား နွစ္ဦးမွာ မိဘနွင့္အတူေနထိုင္၍ ေမာင္ေဌး ေအာင္သည္ တကၠသိုလ္၀င္တန္း ေျဖဆို ရန္ ျပင္ဆင္လ်က္ရိွသည္ဟု သိရသည္။

''ကြ်န္ေတာ့္မ်က္လံုး အေျခအေန ကေတာ့ နွစ္ဖက္လံုးမရေတာ့ဘူးလို့ ေျပာ ၾကတယ္။ ကြ်န္ေတာ္ ခါတိုင္းဒီလိုမို်း အၾကမ္းဖက္တာ တခါမွမၾကံုဖူးပါဘူး။ ကြ်န္ေတာ့္အေဖနဲ့ ေခါက္လဲွျပီး ကားစက္ နိႈးရတဲ့ GMC ေခတ္ကတည္းက ကား ေလာကထဲ ေရာက္ေနတာပါ''ဟု အသက္ (၄၇)နွစ္အရြယ္ခန္႔ရိွ ဦးတင္လိႈင္ဦးက ေျပာသည္။

မင္းဗညား
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
................................................

 စက်တင်ဘာ ၁၄ ရက်က မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နှင့် ရေးမြို့အကြား လမိုင်းမြို့နယ်နှင့် စုံကျေးရွာအနီး မိုင်တိုင် ၈၂ မိုင် ၆ ဖာလုံနှင့် ရ ဖာလုံအကြား ခရီးသည်တင်ယာဉ်ကားတစီး ပစ်ခတ်ခံရ မှုဖြစ်စဉ်ကြောင့် မျက်စိနှစ်ဖက်ဆုံးရှုံးသွား ခဲ့သည့်ယာဉ်မောင်းတဦး ဦးတင်လှိုင်ဦး (ခ) ကိုနှုတ်ခမ်းမွေးက ၎င်းတွေ့ကြုံခဲ့ရ သည်များကို ပြောပြသည်။

''ကျွန်တော် ဆေးရုံပေါ်ရောက်ပြီး သတိရလာတဲ့အချိန်ထိ ကျွန်တော့်ခရီး သည်တွေ ဘာဖြစ်သွားသေးလဲ အရင်မေး မိတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာရကြ တာမရှိဘူးလို့ သိလိုက်ရတော့ ကျွန်တော် စိတ်သက်သာရာရခဲ့တယ်''ဟု ယာဉ် မောင်းဦးတင်လှိုင်ဦးက ပြောသည်။



ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိရန်အတွက် အန္တရာယ်များကြားထဲက ယာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပဲ ဦးတင်လှိုင်ဦးတယောက် သတိလစ်သွား ခဲ့ခြင်းဖြစ်သည်။ ၎င်းသတိရလာချိန်၌ ဦးစွာပထမ ခရီးသည်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိကြလားဟု စိုးရိမ် ပူပန်ခဲ့သော်လည်း ဦးတင်လှိုင်ဦးအတွက်မူ အမြင်အာရုံများ ဆုံးရှုံးခဲ့ရလေပြီဖြစ်သည်။

''ခရီးစထွက်လာကတည်းကေရှောရှောချုချုပါပဲ။ သံဖြူဇရပ်နယ်မြေ အကျော် ရေးထဲအဝင် ညာဘက်ခြမ်းမှာ ဆို ဈေးဆိုင်လေးရှိတယ်။ အန်တီဝင်းဆိုင် တို့၊ ဘာတို့ပေါ့။ အရင်က ကုန်ကားတွေ ကလည်း အဲဒီမှာ နားလေ့ရှိကြတယ်။


အဲဒီ အကျော် ရှေ့ဆက်မောင်းတော့ နောက်က အောင်ရတာ ကားက ကျော်တက်လို့ လမ်းဖယ်ပေးလိုက်တယ်။ ကုန်ကားနှစ်စီး က ရှေ့ကခံနေသေးတယ်။ သေနတ်သံ တွေ၊ ဘာတွေလဲ မကြားမိလိုက်ဘူး။ တပည့်က ရှေ့မှာ အရက်သမားလားမသိ ဘူးလို့ ပြောလို့ ရှိန်လျော့လိုက်တယ်။ ချက်ချင်းပဲ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ 'ဖောင်း'ဆိုတဲ့အသံ အကျယ်ကြီးမြည်ပြီး ကျွန်တော် ထိသွားတာ သိလိုက်တယ်။ ဒဏ်ရာကို လက်နဲ့အုပ်ပြီး မနည်းသတိ ထားပြီး ငါ့ခရီးသည်တွေ ဒုက္ခဖြစ်တော့ မယ် ကားကိုမရပ်ဖို့ ကြိုးစားနေရင်းမှာပဲ။

ကျွန်တော် ဘာမှ မသိတော့ဘူး''ဟု ဒဏ်ရာအရှိန်ကြောင့် အားအင်ကုန်ခန်းနေ သည့်ကြားမှ ဦးတင်လှိုင်ဦးက ပြောသည်။



ဦးတင်လှိုင်ဦးတွင်ဇနီးဒေါ်အေးမြင့်နှင့်သားသမီး လေးဦးအနက် မောင်ကျော် ဆန်းနှင့် မောင်ဌေးအောင်ဆိုသည့် သား နှစ်ဦးမှာ မိဘနှင့်အတူနေထိုင်၍ မောင်ဌေး အောင်သည် တက္ကသိုလ်ဝင်တန်း ဖြေဆို ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

''ကျွန်တော့်မျက်လုံး အခြေအနေ ကတော့ နှစ်ဖက်လုံးမရတော့ဘူးလို့ ပြော ကြတယ်။ ကျွန်တော် ခါတိုင်းဒီလိုမိုျး အကြမ်းဖက်တာ တခါမှမကြံုဖူးပါဘူး။ ကျွန်တော့်အဖေနဲ့ ခေါက်လှဲပြီး ကားစက် နှိုးရတဲ့ GMC ခေတ်ကတည်းက ကား လောကထဲ ရောက်နေတာပါ''ဟု အသက် (၄၇)နှစ်အရွယ်ခန့်ရှိ ဦးတင်လှိုင်ဦးက ပြောသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...