Sulawesi အလယ္ပိုင္း Poso ေဒသမွာ အၾကမ္းဖက္မႈ စစ္သင္တန္းရွိႏိုင္ (Credit: Reuters) |
အၾကမ္းဖက္ တိုက္ဖ်က္ေရးအရာရွိ Saud Usman Nasution က အင္ဒိုနီးရွားႏိုင္ငံကေနတဆင့္ အၾကမ္းဖက္သမားေတြ ဘယ္ႏိုင္ငံကို သြားမယ္ဆိုတာ မသိရဘူးလို႔ ဆိုပါတယ္။
IS အစၥလာမ္မစ္ စစ္ေသြးၾကြအဖြဲ႔ဟာ လူကုန္ကူးသူေတြနဲ႔အတူ ပူးေပါင္းၿပီး အၾကမ္းဖက္သမားေတြကို အင္ဒိုနီးရွားထဲ ပို႔ေဆာင္ေနတယ္လို႔ ဆိုပါတယ္။
မေလးရွားႏိုင္ငံကေန အင္ဒိုနီးရွားႏိုင္ငံ ဆူးမားၾတားထဲ ဝင္လာၿပီးေနာက္ Sulawesi အလယ္ပိုင္းက ပိုဆို ၿမိဳ႕ကို ပို႔ေဆာင္ေနတာလို႔ ဆိုပါတယ္။
အဲဒီေနရာမွာ အၾကမ္းဖက္မႈ စစ္သင္တန္းေတြ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။
အင္ဒိုနီးရွားႏိုင္ငံသား တခ်ဳိ႕ဟာ ဆီးရီးယားလို ႏိုင္ငံကိုသြားၿပီး အၾကမ္းဖက္ သမားေတြနဲ႔ ပူးေပါင္းတာမ်ဳိး ရွိပါတယ္။
အဲဒါေၾကာင့္လည္း ဆီးရီးယားႏိုင္ငံမွာ အင္ဒိုနီးရွားႏိုင္ငံသား ၅၂ ေယာက္ ေသဆုံးခဲ့ရၿပီး ၄ ေယာက္ကေတာ့ အေသခံ ဗုံးေဖာက္ခြဲလို႔ ေသဆုံးရတာလို႔ ဆိုပါတယ္။
၇၆ ေယာက္ကေတာ့ အင္ဒိုနီးရွားႏိုင္ငံကို ျပန္ေရာက္ေနၾကၿပီလို႔ ဆိုပါတယ္။
အင္ဒိုနီးရွားႏုိင္ငံသား ဘယ္ႏွစ္ေယာက္ေလာက္ အၾကမ္းဖက္ အဖြဲ႔ေတြနဲ႔ သြားေရာက္ပူးေပါင္းေနသလဲ ဆိုတာကိုေတာ့ မသိရပါဘူး။
ABC Radio Australia
http://www.radioaustralia.net.au/burmese
..................................
Sulawesi အလယ်ပိုင်း Poso ဒေသမှာ အကြမ်းဖက်မှု စစ်သင်တန်းရှိနိုင် (Credit: Reuters)
မလေးရှားနိုင်ငံက အကြမ်းဖက်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံထဲ ဝင်ရောက်လာနေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိက ပြောပါတယ်။
အကြမ်းဖက် တိုက်ဖျက်ရေးအရာရှိ Saud Usman Nasution က အင်ဒိုနီးရှားနိုင်ငံကနေတဆင့် အကြမ်းဖက်သမားတွေ ဘယ်နိုင်ငံကို သွားမယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဟာ လူကုန်ကူးသူတွေနဲ့အတူ ပူးပေါင်းပြီး အကြမ်းဖက်သမားတွေကို အင်ဒိုနီးရှားထဲ ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားထဲ ဝင်လာပြီးနောက် Sulawesi အလယ်ပိုင်းက ပိုဆို မြို့ကို ပို့ဆောင်နေတာလို့ ဆိုပါတယ်။
အဲဒီနေရာမှာ အကြမ်းဖက်မှု စစ်သင်တန်းတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား တချို့ဟာ ဆီးရီးယားလို နိုင်ငံကိုသွားပြီး အကြမ်းဖက် သမားတွေနဲ့ ပူးပေါင်းတာမျိုး ရှိပါတယ်။
အဲဒါကြောင့်လည်း ဆီးရီးယားနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံသား ၅၂ ယောက် သေဆုံးခဲ့ရပြီး ၄ ယောက်ကတော့ အသေခံ ဗုံးဖောက်ခွဲလို့ သေဆုံးရတာလို့ ဆိုပါတယ်။
၇၆ ယောက်ကတော့ အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်နေကြပြီလို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား ဘယ်နှစ်ယောက်လောက် အကြမ်းဖက် အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းနေသလဲ ဆိုတာကိုတော့ မသိရပါဘူး။
ABC Radio Australia
http://www.radioaustralia.net.au/burmese