Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပုပ္ရဟန္းမင္းႀကီး က်ဴးဘားခရီးစဥ္အဆံုးသတ္

$
0
0

ပုပ္ရဟန္းမင္းႀကီး Francis ဟာ က်ဴးဘားႏုိင္ငံအတြင္းက တတိယနဲ႔ေနာက္ဆုံး ခရီးတေထာက္ျဖစ္တဲ့ Santiago ၿမိဳ႕ကုိ တနလၤာေန႔က ေရာက္ရွိသြားတာမွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ကြန္ျမဴနစ္ က်ဴးဘားႏုိင္ငံအၾကား ဆက္ဆံေရး ျပန္လည္တည္ေဆာက္ႏုိင္ေအာင္ လုပ္ေဆာင္ေပးခဲ့သူအျဖစ္ သူ႔ကုိ ခ်ီးမြမ္းဂုဏ္ျပဳခဲ့ၾကပါတယ္။

ပုပ္ရဟန္းမင္းႀကီးးဟာ စစ္ေအးေခတ္ကာလတုန္းက က်ဴးဘားရဲ႕ရန္ဘက္ႏုိင္ငံျဖစ္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ေတာ္ ဝါရွင္တန္ ဒီစီကုိ အဂၤါေန႔မွာ ခရီးမဆက္ခင္ က်ဴးဘားႏုိင္ငံရဲ႕အဓိက သူေတာ္စင္ျဖစ္တဲ့ Virgin of Charity ဝတ္ေက်ာင္းရွိရာကုိ သြားေရာက္ခဲ့ပါတယ္။

အေစာပုိင္းတုန္းကေတာ့ ပုပ္ရဟန္းမင္းႀကီးဟာ တုိင္းျပည္အေရွ႕ပုိင္းမွာရွိတဲ့ Holguin ၿမိဳ႕က ေတာ္လွန္ေရး ပလာဇာမွာ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြနဲ႔အတူ ဝတ္ျပဳ ဆုေတာင္းပြဲ က်င္းပခဲ့ၿပီး ေယရႈခရစ္ေတာ္ရဲ႕ ဖိတ္ေခၚမႈကုိနာခံၿပီး ေျပာင္းလဲမႈေဖာ္ေဆာင္ဖုိ႔ ဝန္ေလးေနတဲ့ စိတ္ေတြကုိ ေက်ာ္လႊားႏုိင္ဖုိ႔ ေဟာၾကားခဲ့ပါတယ္။

ယုံၾကည္သူေတြအေနနဲ႔ ေယရႈခရစ္ေတာ္က ေဟာၾကားခဲ့တဲ့အတုိင္း ပုဂၢဳိလ္တဦးခ်င္းစီရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းရွိတဲ့ ေျပာင္းလဲမႈေတြကုိ ေဖာ္ေဆာင္ၾကဖုိ႔ ဝတ္ျပဳဆုေတာင္းပြဲအတြင္း ပုတ္ရဟန္းမင္းႀကီးက ေဟာၾကားခဲ့ပါတယ္။

ဟာဗားနားၿမိဳ႕နဲ႔ ၇၄၃ ကီလုိမီတာေဝးတဲ့ Holguin ၿမိဳ႕ဟာ ကက္သလစ္ဘာသာဝင္ေတြရဲ႕ အဓိက အခ်က္အျခာၿမိဳ႕တခုျဖစ္ၿပီး ၿမိဳ႕ကုိ အေပၚစီးက ၾကည့္ေနတဲ့ ႏွစ္ေပါင္းရာနဲ႔ခ်ီတည္ရွိတဲ့ လက္ဝါးကပ္တုိင္ႀကီးဟာလည္း လူသိမ်ားတဲ့ အခ်က္ျဖစ္ပါတယ္။ ဒီေဒသဟာ က်ဴးဘား ကြန္ျမဴနစ္ေခါင္းေဆာင္ေတြ ျဖစ္ၾကတဲ့ Fidel Castro နဲ႔ Raul Castro တုိ႔ရဲ႕ ေမြးရပ္ ဇာတိေျမလည္း ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ အဂၤါေန႔ညေန ၄ နာရီ ဝါရွင္တန္ဒီစီၿမဳိ့ေတာ္ကို ဆုိက္ေရာက္မွာျဖစ္ၿပီး ဗုဒၶဟူးေန႔မနက္မွာေတာ့ အိမ္ျဖဴေတာ္ကို သြားေရာက္ၿပီး သမၼတ Barack Obama နဲ႔ ေတြ႔ဆုံမွာျဖစ္ပါတယ္။ အဲဒီေနာက္ Cathedral of St. Matthew the Apostle ဘုရားေက်ာင္းမွာ ဝတ္ျပဳဆုေတာင္းပြြဲကို တက္ေရာက္ဖို႔ စီစဥ္ထားပါတယ္။

စက္တာဘာလ ၂၄ ရက္ေန႔မွာေတာ့ ပုပ္ရဟန္းမင္းႀကီးဟာ အေမရိကန္လႊတ္ေတာ္ နွစ္ရပ္ေပါင္းေရွ႕မွာ မိန္႔ခြန္းေျပာၾကားဖို႔ရွိပါတယ္။ အဲဒီေနာက္ ညေနပိုင္းမွာ နယူးေယာက္ၿမဳိ့ကို ဆက္လက္ထြက္ခြာမွာျဖစ္ပါတယ္။ စက္တာဘာလ ၂၅ ရက္ေန႔ နယူးေယာက္ၿမဳိ့မွာေတာ့ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္ၿပီး မိန္႔ခြန္းေျပာၾကားပါမယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
.....................................

ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျူးဘားနိုင်ငံအတွင်းက တတိယနဲ့နောက်ဆုံး ခရီးတထောက်ဖြစ်တဲ့ Santiago မြို့ကို တနင်္လာနေ့က ရောက်ရှိသွားတာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကွန်မြူနစ် ကျူးဘားနိုင်ငံအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်အောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် သူ့ကို ချီးမွမ်းဂုဏ်ပြုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးးဟာ စစ်အေးခေတ်ကာလတုန်းက ကျူးဘားရဲ့ရန်ဘက်နိုင်ငံဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီကို အင်္ဂါနေ့မှာ ခရီးမဆက်ခင် ကျူးဘားနိုင်ငံရဲ့အဓိက သူတော်စင်ဖြစ်တဲ့ Virgin of Charity ဝတ်ကျောင်းရှိရာကို သွားရောက်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ တိုင်းပြည်အရှေ့ပိုင်းမှာရှိတဲ့ Holguin မြို့က တော်လှန်ရေး ပလာဇာမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့အတူ ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့ပြီး ယေရှုခရစ်တော်ရဲ့ ဖိတ်ခေါ်မှုကိုနာခံပြီး ပြောင်းလဲမှုဖော်ဆောင်ဖို့ ဝန်လေးနေတဲ့ စိတ်တွေကို ကျော်လွှားနိုင်ဖို့ ဟောကြားခဲ့ပါတယ်။

ယုံကြည်သူတွေအနေနဲ့ ယေရှုခရစ်တော်က ဟောကြားခဲ့တဲ့အတိုင်း ပုဂ္ဂိုလ်တဦးချင်းစီရဲ့ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်ကြဖို့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုတ်ရဟန်းမင်းကြီးက ဟောကြားခဲ့ပါတယ်။

ဟာဗားနားမြို့နဲ့ ရ၄၃ ကီလိုမီတာဝေးတဲ့ Holguin မြို့ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ အဓိက အချက်အခြာမြို့တခုဖြစ်ပြီး မြို့ကို အပေါ်စီးက ကြည့်နေတဲ့ နှစ်ပေါင်းရာနဲ့ချီတည်ရှိတဲ့ လက်ဝါးကပ်တိုင်ကြီးဟာလည်း လူသိများတဲ့ အချက်ဖြစ်ပါတယ်။ ဒီဒေသဟာ ကျူးဘား ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Fidel Castro နဲ့ Raul Castro တို့ရဲ့ မွေးရပ် ဇာတိမြေလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အင်္ဂါနေ့ညနေ ၄ နာရီ ဝါရှင်တန်ဒီစီမြို့တော်ကို ဆိုက်ရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက်မှာတော့ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတ Barack Obama နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် Cathedral of St. Matthew the Apostle ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

စက်တာဘာလ ၂၄ ရက်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ နယူးယောက်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ စက်တာဘာလ ၂၅ ရက်နေ့ နယူးယောက်မြို့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားပါမယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>