Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပုပ္ရဟန္းမင္ႀကီး Francis ကို အေမရိကန္လိႈက္လွဲစြာႀကိဳဆို

$
0
0

 ပုပ္ရဟန္းမင္ႀကီး Francis ဟာ က်ဴးဘားႏိုင္ငံကတဆင့္ ၿပီးခဲ့တဲ့နာရီပိုင္းအတြင္းမွာပဲ အေမရိကန္ျပည္ေထာင္စု အေရွ႕ဘက္ျခမ္း မယ္ရီလန္းျပည္နယ္ Andrew ေလတပ္ အေျခစိုက္စခန္း ေလဆိပ္ကို ဆုိက္ေရာက္လာၿပီး သမၼတ အိုဘားမားကိုယ္တိုင္ သြားေရာက္ ႀကဳိဆိုခဲ့ပါတယ္။

သူ႔ခရီးစဥ္အတြင္း ဆင္းရဲမြဲေတမႈ၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး စတဲ့ ကိစၥေတြအျပင္ ဘာသာေရးလြတ္လပ္ခြင့္၊ ေရႊ႕ေျပာင္းအေျခခ်သူေတြ အေရးအတြက္ အေမရိကန္အစိုးရနဲ႔ လႊတ္ေတာ္ကို တိုက္တြန္းေျပာဆုိဖို႔ ရွိေနပါတယ္။ ပုပ္ရဟန္းမင္ႀကီးရဲ႕ အေမရိကန္ခရီးစဥ္နဲ႔ ပတ္သက္လို႔ ကိုဉာဏ္ဝင္းေအာင္ က တင္ျပထားပါတယ္။

စက္တင္ဘာလ ၂၂ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီမွာ အေမရိကန္ႏုိင္ငံကို ႂကြေရာက္လာတဲ့ ပုပ္ရဟန္းမင္ႀကီး Francis ကို သမၼတ အိုဘားမားနဲ႔ မိသားစုက ေလဆိပ္မွာ ခရီးဦး ႀကဳိဆို ႏႈတ္ဆက္ခဲ့ပါတယ္။ ကမၻာ့ေခါင္းေဆာင္တဦးကို ေလဆိပ္မွာ လာႀကဳိတာဟာ အေမရိကန္ သမၼတတဦးအတြက္ ႐ွားပါးတဲ့လုပ္ရပ္ ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္ႀကီးရဲ႕ ၆ ရက္ၾကာ အေမရိကန္ ခရီးစဥ္အတြင္း ၀ါရွင္တန္ဒီစီ၊ နယူးေယာက္နဲ႔ Philadelphia ၿမိဳ႕ ၃ ၿမိဳ႕ကို သြားေရာက္မွာ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ မနက္မွာေတာ့ သမၼတ အိုဘားမားနဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံဖုိ႔ရွိၿပီး ေန႔လည္ပိုင္းမွာ ၀ါရွင္တန္ဒီစီက Cathedral of St. Matthew ဘုရားေက်ာင္းမွာ ႐ုိမန္ကက္သလစ္ ဘာသာ၀င္ေတြနဲ႔အတူ ၀တ္ျပဳဆုေတာင္းပြဲကို တက္ေရာက္မွာပါ။ အဲဒီဆုေတာင္းပြဲကို တက္ေရာက္မယ့္ မယ္ရီလန္းျပည္နယ္က ေဒၚ Emily က ၀တ္ျပဳပြဲ အစီအစဥ္ကို ေျပာျပပါတယ္။

“သခင္ေယ႐ႈ ကာရနီေတာင္ထိပ္မွာ လက္၀ါးကပ္တုိင္နဲ႔ အသတ္ခံရတဲ့ပြဲကို တဖန္ျပန္လည္ၿပီးမွ ခရစ္ေတာ္ကို သတိရျခင္းအားျဖင့္ အဲဒီပြဲကို ျပန္လည္က်င္းပတာေပါ့ေနာ္။ ပူေဇာ္ပြဲေပ့ါ။ လူသားအားလံုး အျပစ္ကို ကၽြတ္ဖို႔ ဘုရားက လက္၀ါးကပ္တုိင္ေပၚမွာ အေသခံတာေလ။ အဲဒါ ခရစ္ေတာ္က ဒီဥစၥာကို သတိရျခင္းအားျဖင့္ ဒီအမႈကုိျပဳေလာ့လို႔ မွာထားခဲ့တာေလ။ ဒါေပမဲ့ ရဟန္းတင္ေျမႇာက္ပြဲလည္း ပါမယ္ဆုိေတာ့ ေနာက္ၿပီး အခမ္းအနားေတြကလည္း အမ်ိဳးစံုရွိမယ္ေလ။ အဲေတာ့ ၂ နာရီေလာက္ၾကာမယ္လို႔ ထင္ပါတယ္။”

အသက္ ၇၈ ႏွစ္ရွိၿပီး ႐ုိးဂုဏ္နဲ႔ ေက်ာ္ၾကားသူ အာဂ်င္တီးနားႏိုင္ငံသား ပုပ္ရဟန္းမင္ႀကီး Francis က သူ႔ခရီးစဥ္အတြင္း ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ေရး၊ သဘာ၀၀န္းက်င္ ထိန္းသိမ္းေရး စတဲ့ ကိစၥေတြအျပင္ ဘာသာေရး လြတ္လပ္ခြင့္နဲ႔ အေမရိကန္ကို ေရႊ႕ေျပာင္းအေျခခ်လာသူမ်ား အေရးအတြက္ အေမရိကန္အစိုးရနဲ႔ လႊတ္ေတာ္ကို တိုက္တြန္း ေျပာဆုိဖို႔ ရွိပါတယ္။ ပုပ္ရဟန္းမင္ႀကီး Francis ရဲ႕ ထူးျခားခ်က္နဲ႔ ပတ္သက္လို႔ ဆန္ဖရန္စစၥကိုၿမဳိ႕အေျခစိုက္ ႐ိုမန္ကက္သလစ္ အသင္းေတာ္က Father ဦးသန္းထြန္းက အခုလို ျမင္ပါတယ္။

“အခု ဒီ ပုပ္ရဟန္းမင္းႀကီး Francis နဲ႔ အရင္တုန္းက လုပ္ခဲ့ၾကတဲ့ ပုပ္ရဟန္းမင္းႀကီးေတြနဲ႔ေတာ့ သူတို႔ရဲ႕ လက္ခံထားတ့ဲ ေက်ာ႐ိုးမာန္တုိင္ကေတာ့ အားလံုး အတူတူပဲလို႔ က်ေနာ္ ျမင္ရတယ္။ ဒီပုပ္ရဟန္းမင္းႀကီးကေတာ့ သူကေတာ့ အဓိကကေတာ့ ခ်စ္ျခင္းဆိုတဲ့ ေမတၱာတရားကို အဓိကထားၿပီးေတာ့မွ လူေတြကို စာနာဖို႔ တကယ္ ဒုကၡေရာက္ေနတဲ့လူေတြကို ကူညီေပးဖို႔ေပါ့ ဒီ Homeless ေတြ Refugee ေတြ၊ Immigrants ေတြကို အဲဒါေတြကို သူကေန ပိုၿပီးေတာ့မွ အဲလိုမ်ိဳး အဓိကထားတယ္ေပါ့။ emphasize လုပ္တာေတာ့ က်ေနာ္ ေတြ႔ရတယ္ဗ်။”

ပုပ္ရဟန္းမင္းႀကီးဟာ စက္တာဘာလ ၂၄ ရက္က်ရင္ အေမရိကန္လႊတ္ေတာ္ နွစ္ရပ္ေပါင္းေရွ႕မွာ မိန္႔ခြန္းေျပာၾကားဖို႔ရွိၿပီး စက္တာဘာ ၂၅ ရက္ေန႔ နယူးေယာက္ၿမဳိ႕က ကုလသမဂၢ အေထြေထြ ညီလာခံမွာ မိန္႔ခြန္းေျပာၾကားမွာပါ။ ပုပ္ရဟန္းမင္းႀကီး ခုလို ေရာက္လာခ်ိန္ အေမရိကန္ ႏိုင္ငံတြင္းမွာ လိင္တူခ်စ္သူေတြရဲ႕ အခြင့္အေရး၊ လူ၀င္မႈဥပေဒျပႆနာနဲ႔ သေႏၶသားဖ်က္ခ်တဲ့ ကိစၥေတြကို အျပန္အလွန္ အျငင္းပြားေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ေရႊ႕ေျပာင္း အေျခခ်လာသူေတြနဲ႔ဆုိင္တဲ့ အေမရိကန္လူ၀င္မႈဥပေဒ ျပင္ဆင္ေရးကိုလည္း ပုပ္ရဟန္းမင္းႀကီးက တုိက္တြန္း ေျပာဆုိမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ လိင္တူခ်စ္သူေတြ လက္ထပ္ခြင့္ရွိတဲ့ ဥပေဒကို အေမရိကန္ ဗဟုိတရား႐ုံးက အတည္ျပဳခဲ့ၿပီး ၃ လ အၾကာမွာ အေမရိကန္ျပည္ေထာင္စုကို ပုပ္ရဟန္းမင္းႀကီး ေရာက္႐ွိလာတာျဖစ္ၿပီး သူပထမဦးဆုံး ေျပာမယ့္မိန္႔ခြန္းကုိ အားလုံးက စိတ္၀င္စားေနၾကပါတယ္။

စက္တာဘာလ ၂၆ ရက္ေန႔ Philadelphia ၿမဳိ႕မွာ က်င္းပမယ့္ “ကမၻာတ၀ွမ္း မိသားစုမ်ားနဲ႔ ေတြ႔ဆံုပြဲ”ကိုလည္း ပုပ္ရဟန္းမင္ႀကီး တက္ေရာက္ပါမယ္။ အဲဒီပြဲကို ကမၻာတလႊားက ႐ုိမန္ကက္သလစ္ ဘာသာ၀င္ေတြနဲ႔အတူ ျမန္မာ ႐ုိမန္ကက္သလစ္ မိသားစုေတြလည္း တက္ေရာက္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံက ကက္သလစ္ဆရာေတာ္ Bishop Felix Lain Khen Htane လည္း တက္ေရာက္မွာ ျဖစ္ပါတယ္။ စက္တာဘာ ၂၇ ရက္ တနဂၤေႏြ ေန႔က်ရင္ ပုပ္ရဟန္းမင္ႀကီးဟာ ေရာမၿမဳိ႕ကို ျပန္လည္ႂကြခ်ီမွာ ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္ႀကီး Francis ေပၚ လူႀကဳိက္မ်ားမႈနဲ႔ ပတ္သက္လို႔ New York Times သတင္းစာနဲ႔ CBS သတင္းဌာနေတြက စစ္တမ္းေကာက္ယူခဲ့ရာမွာေတာ့ ႐ုိမန္ကက္သလစ္ ဘာသာ၀င္ေတြရဲ႕ ၆၃% က သူ႔ကို ႏွစ္သက္ၾကတယ္လို႔ ဆုိပါတယ္ခင္ဗ်ာ။

ကိုဉာဏ္ဝင္းေအာင္  / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................................

 ပုပ်ရဟန်းမင်ကြီး Francis ဟာ ကျူးဘားနိုင်ငံကတဆင့် ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မယ်ရီလန်းပြည်နယ် Andrew လေတပ် အခြေစိုက်စခန်း လေဆိပ်ကို ဆိုက်ရောက်လာပြီး သမ္မတ အိုဘားမားကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေအပြင် ဘာသာရေးလွတ်လပ်ခွင့်၊ ရွှေ့ပြောင်းအခြေချသူတွေ အရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းပြောဆိုဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်ကြီးရဲ့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင် က တင်ပြထားပါတယ်။

စက်တင်ဘာလ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ အမေရိကန်နိုင်ငံကို ကြွရောက်လာတဲ့ ပုပ်ရဟန်းမင်ကြီး Francis ကို သမ္မတ အိုဘားမားနဲ့ မိသားစုက လေဆိပ်မှာ ခရီးဦး ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တဦးကို လေဆိပ်မှာ လာကြိုတာဟာ အမေရိကန် သမ္မတတဦးအတွက် ရှားပါးတဲ့လုပ်ရပ် ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်ကြီးရဲ့ ၆ ရက်ကြာ အမေရိကန် ခရီးစဉ်အတွင်း ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ Philadelphia မြို့ ၃ မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပြီး နေ့လည်ပိုင်းမှာ ၀ါရှင်တန်ဒီစီက Cathedral of St. Matthew ဘုရားကျောင်းမှာ ရိုမန်ကက်သလစ် ဘာသာဝင်တွေနဲ့အတူ ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်မှာပါ။ အဲဒီဆုတောင်းပွဲကို တက်ရောက်မယ့် မယ်ရီလန်းပြည်နယ်က ဒေါ် Emily က ၀တ်ပြုပွဲ အစီအစဉ်ကို ပြောပြပါတယ်။

“သခင်ယေရှု ကာရနီတောင်ထိပ်မှာ လက်ဝါးကပ်တိုင်နဲ့ အသတ်ခံရတဲ့ပွဲကို တဖန်ပြန်လည်ပြီးမှ ခရစ်တော်ကို သတိရခြင်းအားဖြင့် အဲဒီပွဲကို ပြန်လည်ကျင်းပတာပေါ့နော်။ ပူဇော်ပွဲပေ့ါ။ လူသားအားလုံး အပြစ်ကို ကျွတ်ဖို့ ဘုရားက လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတာလေ။ အဲဒါ ခရစ်တော်က ဒီဥစ္စာကို သတိရခြင်းအားဖြင့် ဒီအမှုကိုပြုလော့လို့ မှာထားခဲ့တာလေ။ ဒါပေမဲ့ ရဟန်းတင်မြှောက်ပွဲလည်း ပါမယ်ဆိုတော့ နောက်ပြီး အခမ်းအနားတွေကလည်း အမျိုးစုံရှိမယ်လေ။ အဲတော့ ၂ နာရီလောက်ကြာမယ်လို့ ထင်ပါတယ်။”

အသက် ရ၈ နှစ်ရှိပြီး ရိုးဂုဏ်နဲ့ ကျော်ကြားသူ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်ကြီး Francis က သူ့ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေအပြင် ဘာသာရေး လွတ်လပ်ခွင့်နဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချလာသူများ အရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်း ပြောဆိုဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်ကြီး Francis ရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ရိုမန်ကက်သလစ် အသင်းတော်က Father ဦးသန်းထွန်းက အခုလို မြင်ပါတယ်။

“အခု ဒီ ပုပ်ရဟန်းမင်းကြီး Francis နဲ့ အရင်တုန်းက လုပ်ခဲ့ကြတဲ့ ပုပ်ရဟန်းမင်းကြီးတွေနဲ့တော့ သူတို့ရဲ့ လက်ခံထားတဲ့ ကျောရိုးမာန်တိုင်ကတော့ အားလုံး အတူတူပဲလို့ ကျနော် မြင်ရတယ်။ ဒီပုပ်ရဟန်းမင်းကြီးကတော့ သူကတော့ အဓိကကတော့ ချစ်ခြင်းဆိုတဲ့ မေတ္တာတရားကို အဓိကထားပြီးတော့မှ လူတွေကို စာနာဖို့ တကယ် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးဖို့ပေါ့ ဒီ Homeless တွေ Refugee တွေ၊ Immigrants တွေကို အဲဒါတွေကို သူကနေ ပိုပြီးတော့မှ အဲလိုမျိုး အဓိကထားတယ်ပေါ့။ emphasize လုပ်တာတော့ ကျနော် တွေ့ရတယ်ဗျ။”

ပုပ်ရဟန်းမင်းကြီးဟာ စက်တာဘာလ ၂၄ ရက်ကျရင် အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး စက်တာဘာ ၂၅ ရက်နေ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားမှာပါ။ ပုပ်ရဟန်းမင်းကြီး ခုလို ရောက်လာချိန် အမေရိကန် နိုင်ငံတွင်းမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေး၊ လူဝင်မှုဥပဒေပြဿနာနဲ့ သန္ဓေသားဖျက်ချတဲ့ ကိစ္စတွေကို အပြန်အလှန် အငြင်းပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရွှေ့ပြောင်း အခြေချလာသူတွေနဲ့ဆိုင်တဲ့ အမေရိကန်လူဝင်မှုဥပဒေ ပြင်ဆင်ရေးကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ပြောဆိုမယ်လို့ မျှော်လင့်နေကြပါတယ်။ လိင်တူချစ်သူတွေ လက်ထပ်ခွင့်ရှိတဲ့ ဥပဒေကို အမေရိကန် ဗဟိုတရားရုံးက အတည်ပြုခဲ့ပြီး ၃ လ အကြာမှာ အမေရိကန်ပြည်ထောင်စုကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိလာတာဖြစ်ပြီး သူပထမဦးဆုံး ပြောမယ့်မိန့်ခွန်းကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

စက်တာဘာလ ၂၆ ရက်နေ့ Philadelphia မြို့မှာ ကျင်းပမယ့် “ကမ္ဘာတဝှမ်း မိသားစုများနဲ့ တွေ့ဆုံပွဲ”ကိုလည်း ပုပ်ရဟန်းမင်ကြီး တက်ရောက်ပါမယ်။ အဲဒီပွဲကို ကမ္ဘာတလွှားက ရိုမန်ကက်သလစ် ဘာသာဝင်တွေနဲ့အတူ မြန်မာ ရိုမန်ကက်သလစ် မိသားစုတွေလည်း တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံက ကက်သလစ်ဆရာတော် Bishop Felix Lain Khen Htane လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တာဘာ ၂၇ ရက် တနင်္ဂနွေ နေ့ကျရင် ပုပ်ရဟန်းမင်ကြီးဟာ ရောမမြို့ကို ပြန်လည်ကြွချီမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်ကြီး Francis ပေါ် လူကြိုက်များမှုနဲ့ ပတ်သက်လို့ New York Times သတင်းစာနဲ့ CBS သတင်းဌာနတွေက စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ ၆၃% က သူ့ကို နှစ်သက်ကြတယ်လို့ ဆိုပါတယ်ခင်ဗျာ။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>