Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စိတ္ႂကြေဆးျပား ႏွစ္သန္းေက်ာ္ ရန္ကုန္မွာ ထပ္မံသိမ္းဆည္းရမိ

$
0
0
ပထအအႀကိမ္ ရန္ကုန္တုိင္းအတြင္း ဖမ္းဆီးမိတဲ့ စိတ္ႂကြေဆးျပားမာ်း။
 ရန္ကုန္တိုင္းေဒသႀကီး ဒဂံုၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္မွာ WY စာတမ္းပါ စိတ္ႂကြေဆးျပား ၂ သန္းနီးပါးနဲ႔ ဖန္စီဒိုင္းပုလင္း ၅၀၀ ေက်ာ္ ထပ္မံ ဖမ္းဆီးရမိခဲ့ၿပီး ဒါဟာ ရန္ကုန္ၿမိဳ႕မွာ စတုတၱအႀကိမ္ စိတ္ႂကြေဆး အမ်ားအျပား ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။ ဒီဖမ္းဆီးရမိမႈဟာ ဇူလိုင္လအတြင္းက မဂၤလာဒံုၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ၂၆ သန္းေက်ာ္ ဖမ္းဆီးရမိတာနဲ႔ ဆက္စပ္ေနတယ္လုိ႔ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႔က သံုးသပ္ထားပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အခုလုိ စိတ္ႂကြေဆးျပား အမ်ားအျပားကို တနလၤာေန႔ ေန႔ခင္းပိုင္းက ရန္ကုန္တိုင္းေဒသႀကီး ဒဂံုၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ ၁၁၀ ရပ္ကြက္ ဂႏၶမာလမ္းက အိမ္တအိမ္မွာ နယ္ေျမခံ ရဲတပ္ဖဲြ႔က သတင္းအရ ၀င္ေရာက္ ရွာေဖြရာကေန ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးရမိတဲ့ စိတ္ၾကြေဆးျပားပမာဏကို ေနျပည္ေတာ္ မူးယစ္ဗဟိုက ဒုရဲမွဴးႀကီး ေဇာ္လင္းထြန္းက အခုလုိ ေျပာပါတယ္။

“စိတ္ႂကြေဆးျပားေပါ့ဗ်ာ။ အားလံုးက ၁.၉ သန္းေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ဖန္စီဒိုင္းမိတယ္ေပါ့။ အလံုး ၅၀၀ ေက်ာ္ေလာက္ေပါ့။ ဒီဟာကေတာ့ ၁.၆ တန္ေလ။ မဂၤလာဒံု ေဇကမာၻ၀င္းနားမွာ မိတယ္။ အဲဒီရဲ႕ ကြင္းစက္ေပါ့ေနာ္။ ဆက္မိတာပါ။”

ဒီဖမ္းဆီးရမိတဲ့ေနအိမ္ဟာ ကုလားတန္ျမစ္၀ွမ္း ေဒသဖံြ႔ၿဖိဳးတုိးတက္ေရး ကုမၸဏီ Kaladan Delta Development Company က မန္ေနဂ်င္းဒါ႐ုိက္တာ ဦးမင္းဦးခိုင္ ေနအိမ္မွာ ဖမ္းဆီးရမိတာျဖစ္ၿပီး ဦးမင္းဦးခိုင္ကို စက္တင္ဘာလ ၁၅ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့တဲ့ေနာက္ သူရဲ့ေနအိမ္ကို ရွာေဖြရာကေန စိတ္ႂကြေဆးျပားေတြကို ထပ္မံ ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။ ဒီလုိ ဖမ္းဆီးရမိတဲ့ စိတ္ႂကြေဆးေတြရဲ႕ ကာလတန္ဖုိးဟာ အနည္းဆံုး က်ပ္ေငြ သန္း ၁ ေသာင္းဖုိးေလာက္ ရိွတာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ၿပီးခဲ့တဲ့ ဇူလုိင္လ ၂၆ ရက္ေန႔က မဂၤလာဒံုၿမိဳ႕နယ္ ေဇကမၻာ၀င္းမွာ ကြန္တိန္နာ ကုန္တင္ယာဥ္တစီးေပၚကေန စိတ္ႂကြေဆး ၂၆ သန္း၊ ကာလတန္ဖိုး က်ပ္ေငြ ၁၃၃ ဘီလီယံ (အေမရိကန္ေဒၚလာ သန္း ၁၀၀ေက်ာ္) ကို ပထမဆံုးအႀကိမ္ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ၿပီး ဒုတိယတႀကိမ္ကေတာ့ ၾသဂုတ္လ ၃ ရက္ေန႔က ေျမာက္ဒဂံုၿမိဳ႕နယ္က လူမရိွတဲ့ ေနအိမ္အတြင္းကေန အတြင္းမွာ စိတ္ႂကြေဆးျပား ၁၅ သိန္း၊ ကာလတန္ဖိုး က်ပ္ေငြ သန္း ၇၅၀၀ ဖုိးကို ဖမ္းဆီးရမိခဲ့ပါတယ္။ တတိယအႀကိမ္ကေတာ စိတ္ႂကြေဆးျပား ၆ သိန္းနီးပါးနဲ႔ ဘိန္းျဖဴ ဘေလာက္တံုးတတံုး ကာလတန္ဖိုး က်ပ္သန္း ၃ ေထာင္ေက်ာ္ဖိုးကို ၾသဂုတ္လ ၁၂ ရက္ေန႔က သာေကတၿမိဳ႕နယ္၊ အမွတ္ (၇) အေနာက္ရပ္ကြက္ရိွ ေရေျမာင္းအတြင္းကေန ပုိင္ရွင္မဲ့ ထပ္မံ ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။

ဒီဖမ္းဆီးရမိတာေတြဟာ ပထမဆံုးအႀကိမ္ မဂၤလာဒံုၿမိဳ႕နယ္မွာ ဖမ္းဆီးရမိတာနဲ႔ ဆက္စပ္ေနၿပီး ေလာေလာဆယ္ ဖမ္းဆီးရမိသူ ၉ ေယာက္ရိွထားၿပီလုိ႔လည္း ဒုရဲမွဴးႀကီး ေဇာ္လင္းထြန္းက ေျပာပါတယ္။

“ဖမ္းမိတာကေတာ့ အခု ၉ ေယာက္ေလာက္ မိထားၿပီေပါ့ေနာ္။ ၁၁ ေယာက္ေလာက္ေတာ့ မိဖို႔ က်န္ေသးတယ္။”

ဖမ္းဆီးရမိတဲ့ စိတ္ႂကြေဆးနဲ႔ မူးယစ္ေဆးတန္ဖိုးဟာ ေဒၚလာေငြ သန္းနဲ႔ခ်ီ ရိွတာေၾကာင့္ ဒီလုပ္ငန္းကုိ ႀကီးမားတဲ့ အဖဲြ႔အစည္းတခုက ေဆာင္ရြက္ေနတာ ျဖစ္ႏိုင္ေၾကာင္းလည္း ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ မွာ ၁၉၉၉ ခုႏွစ္ကစၿပီး မူးယစ္ေဆးဝါး ကင္းစင္ေရးအတြက္ ၁၅ ႏွစ္ စီမံကိန္း ခ်မွတ္ အေကာင္အထည္ေဖာ္ခဲ့ရာမွာ၂၀၁၄ အထိ ဘိန္းနဲ႔ စိတ္ႂကြေဆး ထုတ္လုပ္မႈ ပမာဏ ဆက္လက္ ျမင့္လာေနတဲ့အတြက္ ၂၀၁၉ ခုႏွစ္အထိ စီမံကိန္းကာလကို ေနာက္ထပ္ ၅ ႏွစ္ တိုးျမႇင့္ထားရပါတယ္။

UNODC ေခၚ ကုလသမဂၢ ရာဇ၀တ္မႈနဲ႔ မူးယစ္ေဆး၀ါး ႏွိမ္နင္းေရးအဖဲြ႔ကေတာ့ ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္ အာရွမွာ စိတ္ႂကြေဆးဝါးေတြ အမ်ားဆုံး ထုတ္လုပ္တဲ့ ႏုိင္ငံျဖစ္တယ္လုိ႔ ထုတ္ျပန္ထားသလို အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ၂၀၁၅ ခုႏွစ္အတြက္ ထုတ္ျပန္တဲ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး ႏွစ္ပတ္လည္ အစီရင္ခံစာမွာလည္း ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး လုပ္ငန္းေတြဟာ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို အျပည့္အ၀ လိုက္နာေဆာင္ရြက္ျခင္း မ႐ွိဘူးလို႔ ေဖာ္ျပထားပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................................

ပထအအကြိမ် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားမာျး။
 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂ သန်းနီးပါးနဲ့ ဖန်စီဒိုင်းပုလင်း ၅၀၀ ကျော် ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်မြို့မှာ စတုတ္တအကြိမ် စိတ်ကြွဆေး အများအပြား ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိမှုဟာ ဇူလိုင်လအတွင်းက မင်္ဂလာဒုံမြို့နယ်မှာ စိတ်ကြွဆေးပြား ၂၆ သန်းကျော် ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို စိတ်ကြွဆေးပြား အများအပြားကို တနင်္လာနေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၁၀ ရပ်ကွက် ဂန္ဓမာလမ်းက အိမ်တအိမ်မှာ နယ်မြေခံ ရဲတပ်ဖွဲ့က သတင်းအရ ၀င်ရောက် ရှာဖွေရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားပမာဏကို နေပြည်တော် မူးယစ်ဗဟိုက ဒုရဲမှူးကြီး ဇော်လင်းထွန်းက အခုလို ပြောပါတယ်။

“စိတ်ကြွဆေးပြားပေါ့ဗျာ။ အားလုံးက ၁.၉ သန်းပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ ဖန်စီဒိုင်းမိတယ်ပေါ့။ အလုံး ၅၀၀ ကျော်လောက်ပေါ့။ ဒီဟာကတော့ ၁.၆ တန်လေ။ မင်္ဂလာဒုံ ဇေကမ္ဘာဝင်းနားမှာ မိတယ်။ အဲဒီရဲ့ ကွင်းစက်ပေါ့နော်။ ဆက်မိတာပါ။”

ဒီဖမ်းဆီးရမိတဲ့နေအိမ်ဟာ ကုလားတန်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ Kaladan Delta Development Company က မန်နေဂျင်းဒါရိုက်တာ ဦးမင်းဦးခိုင် နေအိမ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ဦးမင်းဦးခိုင်ကို စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တဲ့နောက် သူရဲ့နေအိမ်ကို ရှာဖွေရာကနေ စိတ်ကြွဆေးပြားတွေကို ထပ်မံ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေရဲ့ ကာလတန်ဖိုးဟာ အနည်းဆုံး ကျပ်ငွေ သန်း ၁ သောင်းဖိုးလောက် ရှိတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းမှာ ကွန်တိန်နာ ကုန်တင်ယာဉ်တစီးပေါ်ကနေ စိတ်ကြွဆေး ၂၆ သန်း၊ ကာလတန်ဖိုး ကျပ်ငွေ ၁၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်) ကို ပထမဆုံးအကြိမ် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဒုတိယတကြိမ်ကတော့ သြဂုတ်လ ၃ ရက်နေ့က မြောက်ဒဂုံမြို့နယ်က လူမရှိတဲ့ နေအိမ်အတွင်းကနေ အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ရ၅၀၀ ဖိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။ တတိယအကြိမ်ကတော စိတ်ကြွဆေးပြား ၆ သိန်းနီးပါးနဲ့ ဘိန်းဖြူ ဘလောက်တုံးတတုံး ကာလတန်ဖိုး ကျပ်သန်း ၃ ထောင်ကျော်ဖိုးကို သြဂုတ်လ ၁၂ ရက်နေ့က သာကေတမြို့နယ်၊ အမှတ် (၇) အနောက်ရပ်ကွက်ရှိ ရေမြောင်းအတွင်းကနေ ပိုင်ရှင်မဲ့ ထပ်မံ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတာတွေဟာ ပထမဆုံးအကြိမ် မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေပြီး လောလောဆယ် ဖမ်းဆီးရမိသူ ၉ ယောက်ရှိထားပြီလို့လည်း ဒုရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“ဖမ်းမိတာကတော့ အခု ၉ ယောက်လောက် မိထားပြီပေါ့နော်။ ၁၁ ယောက်လောက်တော့ မိဖို့ ကျန်သေးတယ်။”

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတန်ဖိုးဟာ ဒေါ်လာငွေ သန်းနဲ့ချီ ရှိတာကြောင့် ဒီလုပ်ငန်းကို ကြီးမားတဲ့ အဖွဲ့အစည်းတခုက ဆောင်ရွက်နေတာ ဖြစ်နိုင်ကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မှာ ၁၉၉၉ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ၂၀၁၄ အထိ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပမာဏ ဆက်လက် မြင့်လာနေတဲ့အတွက် ၂၀၁၉ ခုနှစ်အထိ စီမံကိန်းကာလကို နောက်ထပ် ၅ နှစ် တိုးမြှင့်ထားရပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ထားသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>