မနီလာ စက္တင္ဘာ ၂၂
ဖိလစ္ပုိင္ႏုိင္ငံေတာင္ပုိင္းရွိ ေရပန္းစားေသာ အပန္းေျဖ ကြၽန္းတစ္ကြၽန္း၌ ေသနတ္သမားမ်ားက ကေနဒါလူမ်ဳိး ကမၻာလွည့္ ခရီးသည္ႏွစ္ဦး၊ ေနာ္ေဝလူမ်ဳိး အပန္းေျဖစခန္း မန္ေနဂ်ာတစ္ဦးႏွင့္ ဖိလစ္ပုိင္လူမ်ဳိး အမ်ဳိးသမီးတစ္ဦး တုိ႔ကုိ ျပန္ေပးဆြဲ ေခၚေဆာင္သြားေၾကာင္း ၾကည္းတပ္ အရာရွိတစ္ဦးက စက္တင္ဘာ ၂၂ ရက္တြင္ ေျပာၾကား သည္။
ဖိလစ္ပုိင္ႏုိင္ငံေတာင္ပုိင္း မင္ဒါနာအုိကြၽန္း၏ အႀကီးဆုံး ၿမိဳ႕ႀကီးျဖစ္ေသာ ဒါေဗာင္ၿမဳိ႕အနီး ဆာမယ္ကြၽန္းရွိ အုိးရွင္းဗ်ဴးအမည္ရွိ အပန္းေျဖစခန္း၌ စက္တင္ဘာ ၂၁ ရက္ညက ေသနတ္သမားမ်ား စီးနင္းဝင္ေရာက္လာၿပီး လူေလးဦးကုိ ျပန္ေပးဆြဲေခၚေဆာင္သြားေၾကာင္း ဖိလစ္ပုိင္ၾကည္းတပ္မွ ဗုိလ္ႀကီးအယ္လ္ဘာတုိကာဘာက ေျပာၾကားသည္။
ဖိလစ္ပုိင္ႏုိင္ငံေတာင္ပုိင္းရွိ သူပုန္အဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ႏုိင္ရန္ မၾကာမီကစ၍ အစုိးရက ႀကဳိးပမ္းခဲ့ၿပီးေနာက္ ႏုိင္ငံျခားသားသုံးဦး ျပန္ေပးဆြဲခံရသည့္ျဖစ္ရပ္ ေပၚေပါက္လာျခင္းအတြက္ စစ္ဘက္ႏွင့္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူမ်ား အံ့အားသင့္မႈ ျဖစ္ခဲ့ၾကရသည္ ဆုိ၏။
ဒါေဗာင္ေဒသသည္ ဆယ္စုႏွစ္တစ္စုေက်ာ္မွ် ယခင္ ကာလကထက္ ပုိမုိတည္ၿငိမ္ေအးခ်မ္းလာသည့္ ေဒသ ျဖစ္သည္။ ၂ဝ၁၄ ခုႏွစ္တြင္ ႏုိင္ငံေတာင္ပုိင္း၌ ေျခကုပ္ ျပဳထားေသာ အႀကီးဆုံးသူပုန္အဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရရွိခဲ့ရာ ၄၅ ႏွစ္ၾကာ စစ္ေရး ပဋိပကၡၿပီးဆုံးခဲ့သည္။ ယင္းပဋိပကၡအတြင္း လူေပါင္း ၁၂ဝဝဝဝ ခန္႔ ေသဆုံးခဲ့ရၿပီး လူႏွစ္သန္းခန္႔ အုိးအိမ္မ်ားကုိ စြန္႔ကာ ထြက္ေျပးခဲ့ၾကရသည္။
ျပန္ေပးဆြဲသူမ်ားမွာ မည္သူမည္ဝါျဖစ္သည္ကို မသိရ ေသးေၾကာင္း ဗုိလ္ႀကီးကာဘာက ေျပာၾကားသည္။
႐ုိက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
................................
မနီလာ စက်တင်ဘာ ၂၂
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရေပန်းစားသော အပန်းဖြေ ကျွန်းတစ်ကျွန်း၌ သေနတ်သမားများက ကနေဒါလူမျိုး ကမ္ဘာလှည့် ခရီးသည်နှစ်ဦး၊ နော်ဝေလူမျိုး အပန်းဖြေစခန်း မန်နေဂျာတစ်ဦးနှင့် ဖိလစ်ပိုင်လူမျိုး အမျိုးသမီးတစ်ဦး တို့ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း ကြည်းတပ် အရာရှိတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြား သည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း၏ အကြီးဆုံး မြို့ကြီးဖြစ်သော ဒါဗောင်မြို့အနီး ဆာမယ်ကျွန်းရှိ အိုးရှင်းဗျူးအမည်ရှိ အပန်းဖြေစခန်း၌ စက်တင်ဘာ ၂၁ ရက်ညက သေနတ်သမားများ စီးနင်းဝင်ရောက်လာပြီး လူလေးဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း ဖိလစ်ပိုင်ကြည်းတပ်မှ ဗိုလ်ကြီးအယ်လ်ဘာတိုကာဘာက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် မကြာမီကစ၍ အစိုးရက ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံခြားသားသုံးဦး ပြန်ပေးဆွဲခံရသည့်ဖြစ်ရပ် ပေါ်ပေါက်လာခြင်းအတွက် စစ်ဘက်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ အံ့အားသင့်မှု ဖြစ်ခဲ့ကြရသည် ဆို၏။
ဒါဗောင်ဒေသသည် ဆယ်စုနှစ်တစ်စုကျော်မျှ ယခင် ကာလကထက် ပိုမိုတည်ငြိမ်အေးချမ်းလာသည့် ဒေသ ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတောင်ပိုင်း၌ ခြေကုပ် ပြုထားသော အကြီးဆုံးသူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ရာ ၄၅ နှစ်ကြာ စစ်ရေး ပဋိပက္ခပြီးဆုံးခဲ့သည်။ ယင်းပဋိပက္ခအတွင်း လူပေါင်း ၁၂ဝဝဝဝ ခန့် သေဆုံးခဲ့ရပြီး လူနှစ်သန်းခန့် အိုးအိမ်များကို စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။
ပြန်ပေးဆွဲသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရ သေးကြောင်း ဗိုလ်ကြီးကာဘာက ပြောကြားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily