စက္တင္ဘာလ ၂၂ ရက္ ၂၀၁၅
သၽွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ေခၚ က်ားေခါင္းပါတီ ၏ ပင္လုံၿမိဳ႕ပါတီလုံးကၽြတ္ေဆြးေႏြးပြဲ၌ အထူးဧည့္သည္ေတာ္အျဖစ္ တက္ေ ရာက္ စကားေျပာသည့္ သၽွမ္းစာေပဆရာႀကီးစိုင္းဖွ ၏ အသုံး အႏွုန္းသည္ က်ားျဖဴပါတီ၏ ဂုဏ္သိကၡာအား ထိပါးေစာ္ကားသည့္အတြက္ သုံးရက္ အတြင္း ေတာင္းပန္ေျဖရွင္းျခင္းမျပဳလၽွင္ အမွုဖြင့္တရားစြဲဆိုမည္ဟု က်ားျဖဴ ပါတီ SNDP ဥကၠဌ စိုင္းအိုက္ေပါင္းက ေျပာသည္။
“သုံးရက္အတြင္းလာေရာက္ေျဖရွင္းဖို႔ သီေပါလူထုေတြ႕ဆုံစည္း႐ုံးေရးပြဲမွာ ဒီကိစၥေျပာမယ္။ ဒါရဲအေရးပိုင္အမွုျဖစ္ပြားၿပီ။ သူကိုယ္တိုင္ လာေတာင္းပန္ ရမယ္။ ေတာင္းပန္႐ုံနဲ႔မၿပီးေသးဘူး။ စီဒီေခြေတြ လုပ္ၿပီး ျပန္ျဖန ႔္ေဝေျဖ ရွင္းေပးရမယ္” - ဟု သၽွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ SNDP ေခၚ က်ားျဖဴပါတီ ဉကၠဌ စိုင္းအိုက္ေပါင္းက ေျပာသည္။
စက္တင္ဘာ ၁၉ ရက္ေန႔ ရက္စြဲျဖင့္ သၽွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္ တစ္ပါတီ SNDP ေခၚ က်ားျဖဴပါတီ မွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ထံလိပ္မူၿပီး ဦးလွေဖ ေခၚ ဦးစိုင္းဖ အား လိုသလိုအေရးယူေပးပါရန္ တိုင္တန္းစာတေစာင္ေပးပို႔ခဲ့သည္။
အဆိုပါစာတြင္ သၽွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD သည္ ၈ ရက္ ၉ လ ၂၀၁၅ တြင္ ပင္လုံၿမိဳ႕ေမြေတာ္ေက်ာင္းတြင္ လူထုေဟာေျပာပြဲ၌ ဦးလွေဖ ေခၚ ဦးစိုင္းဖ ၏ ေဟာေျပာခ်က္ မ်ားမွာ “ က်ားျဖဴပါတီ က အစိုးရအဖြဲ႕အသီးသီး လႊတ္ေတာ္အသီးသီးတြင္ ေနရရာၿပီး အစိုးရ အဖြဲ႕ဝင္မ်ား ျဖစ္လာေၾကာင္း၊ သယံဇာတမ်ားျဖစ္ၾကသည့္ သတၱဳတူးရန္၊ သစ္ေတာ သစ္ပင္ခုတ္ရန္၊ ထင္းမီးေသြးလုပ္ရန္အတြက္ ခြင့္ျပဳထားေသာ ကုမၸဏီစာရင္း မ်ားျပားစြာ ယခုစာရြက္ကဲ့သို႔စာရင္းပါအတိုင္းရွိေၾကာင္း ……..” စသျဖင့္စြပ္စြဲေျပာဆိုထားသည္ဟု က်ားျဖဴပါတီမွ UEC ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သို႔ တိုင္တန္းထားပါသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ သၽွမ္းသံေတာ္ဆင့္မွ သၽွမ္းစာေပဆရာစိုင္းဖွ အား ႀကိဳးစားဆက္သြယ္ေသာ္လည္း စကားေျပာဆိုခြင့္မရရွိခဲ့ေပ။
က်ားေခါင္းပါတီအေထြေထြအတြင္းေရးမွူး စိုင္းညႊန႔္လြင္ကမူ “အဲဒီကိစၥအေပၚ က်ေနာ္တို႔ ဘာမွ မေျပာလိုေသးပါဘူး” - ဟု သၽွမ္းသံေတာ္ဆင့္သို႔ေျပာသည္။
၁၉၈၉ က က်ားေခါင္းပါတီ SNLD တည္ေထာင္စဥ္၊ လက္ရွိက်ားျဖဴပါတီ ဥကၠဌ စိုင္းအိုက္ေပါင္း က က်ားေခါင္းပါတီ၏ အေထြေထြ အတြင္းေရးမွူး တာဝန္ထမ္းေဆာင္စဥ္ သၽွမ္းစာေပပညာရွင္ ဆရာစိုင္းဖွ သည္လည္း က်ားေခါင္းပါတီအတြက္ ၁၉၉၀ ေရြးေကာက္ပြဲ ေက်ာက္မဲ(၁) မဲဆႏၵနယ္ တြင္ အနိုင္ရရွိခဲ့သည့္ ကိုယ္စားလွယ္တဦးျဖစ္သည္။
နိုင္ငံေတာ္အား ျမန္မာ့တပ္မေတာ္မွအာဏာသိမ္းၿပီးေနာက္ ေရြးေကာက္ပြဲအနိုင္ရ နိုင္ငံေရးပါတီဝင္မ်ားအား ပါတီမွ ႏွုတ္ထြက္ရန္ဖိအားေပးစဥ္ ဆရာစိုင္းဖွ လည္း က်ားေခါင္းပါတီမွ ႏွုတ္ထြက္လိုက္သည္။ ထိုစဥ္မွစ၍ သၽွမ္းလူမ်ိဳးမ်ား ရွိရာ ျပည္ေထာင္စုအႏွံ့လွည့္လည္ကာ သၽွမ္းစာေပပ်ံ႕ ပြားေရး အတြက္ေစ တနာ့ ဝန္ထမ္းအျဖစ္ တစိုက္မတ္မတ္ လုပ္ေဆာင္လာခဲ့သည့္ ပုဂၢိဳလ္ျဖစ္ သည္။
ဆရာၾကီး စုိင္းဖွ ပင္လုံတြင္ေျပာၾကားခဲ့သည့္ ဗီဒီယုိဖုိင္မ်ားအားၾကည့္ရွဳရန္-
https://www.facebook.com/snldparty/videos
သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
......................................
စက်တင်ဘာလ ၂၂ ရက် ၂၀၁၅
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ ၏ ပင်လုံမြို့ပါတီလုံးကျွတ်ဆွေးနွေးပွဲ၌ အထူးဧည့်သည်တော်အဖြစ် တက်ေ ရာက် စကားပြောသည့် သျှမ်းစာပေဆရာကြီးစိုင်းဖှ ၏ အသုံး အနှုန်းသည် ကျားဖြူပါတီ၏ ဂုဏ်သိက္ခာအား ထိပါးစော်ကားသည့်အတွက် သုံးရက် အတွင်း တောင်းပန်ဖြေရှင်းခြင်းမပြုလျှင် အမှုဖွင့်တရားစွဲဆိုမည်ဟု ကျားဖြူ ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည်။
“သုံးရက်အတွင်းလာရောက်ဖြေရှင်းဖို့ သီပေါလူထုတွေ့ဆုံစည်းရုံးရေးပွဲမှာ ဒီကိစ္စပြောမယ်။ ဒါရဲအရေးပိုင်အမှုဖြစ်ပွားပြီ။ သူကိုယ်တိုင် လာတောင်းပန် ရမယ်။ တောင်းပန်ရုံနဲ့မပြီးသေးဘူး။ စီဒီခွေတွေ လုပ်ပြီး ပြန်ဖြန ့်ဝေဖြေ ရှင်းပေးရမယ်” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည်။
စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ထံလိပ်မူပြီး ဦးလှဖေ ခေါ် ဦးစိုင်းဖ အား လိုသလိုအရေးယူပေးပါရန် တိုင်တန်းစာတစောင်ပေးပို့ခဲ့သည်။
အဆိုပါစာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၈ ရက် ၉ လ ၂၀၁၅ တွင် ပင်လုံမြို့မွေတော်ကျောင်းတွင် လူထုဟောပြောပွဲ၌ ဦးလှဖေ ခေါ် ဦးစိုင်းဖ ၏ ဟောပြောချက် များမှာ “ ကျားဖြူပါတီ က အစိုးရအဖွဲ့အသီးသီး လွှတ်တော်အသီးသီးတွင် နေရရာပြီး အစိုးရ အဖွဲ့ဝင်များ ဖြစ်လာကြောင်း၊ သယံဇာတများဖြစ်ကြသည့် သတ္တုတူးရန်၊ သစ်တော သစ်ပင်ခုတ်ရန်၊ ထင်းမီးသွေးလုပ်ရန်အတွက် ခွင့်ပြုထားသော ကုမ္ပဏီစာရင်း များပြားစွာ ယခုစာရွက်ကဲ့သို့စာရင်းပါအတိုင်းရှိကြောင်း ……..” စသဖြင့်စွပ်စွဲပြောဆိုထားသည်ဟု ကျားဖြူပါတီမှ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းထားပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သျှမ်းစာပေဆရာစိုင်းဖှ အား ကြိုးစားဆက်သွယ်သော်လည်း စကားပြောဆိုခွင့်မရရှိခဲ့ပေ။
ကျားခေါင်းပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်ကမူ “အဲဒီကိစ္စအပေါ် ကျနော်တို့ ဘာမှ မပြောလိုသေးပါဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
၁၉၈၉ က ကျားခေါင်းပါတီ SNLD တည်ထောင်စဉ်၊ လက်ရှိကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း က ကျားခေါင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် သျှမ်းစာပေပညာရှင် ဆရာစိုင်းဖှ သည်လည်း ကျားခေါင်းပါတီအတွက် ၁၉၉၀ ရွေးကောက်ပွဲ ကျောက်မဲ(၁) မဲဆန္ဒနယ် တွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တဦးဖြစ်သည်။
နိုင်ငံတော်အား မြန်မာ့တပ်မတော်မှအာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီဝင်များအား ပါတီမှ နှုတ်ထွက်ရန်ဖိအားပေးစဉ် ဆရာစိုင်းဖှ လည်း ကျားခေါင်းပါတီမှ နှုတ်ထွက်လိုက်သည်။ ထိုစဉ်မှစ၍ သျှမ်းလူမျိုးများ ရှိရာ ပြည်ထောင်စုအနှံ့လှည့်လည်ကာ သျှမ်းစာပေပျံ့ ပွားရေး အတွက်စေ တနာ့ ဝန်ထမ်းအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည့် ပုဂ္ဂိုလ်ဖြစ် သည်။
ဆရာကြီး စိုင်းဖှ ပင်လုံတွင်ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်များအားကြည့်ရှုရန်-
https://www.facebook.com/snldparty/videos
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese