Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သိမ္းဆည္းခံ လယ္ေျမေရာင္းခ် မႈ ေဒသခံေတာင္သူေတြ ဆႏၵျပ

$
0
0
ေရႊျပည္သာၿမိဳ႔နယ္ ေလွာ္ကားေက်းရြာမွာ စက္တင္ဘာလ ၂၂ ရက္ေန႔က ေျမသိမ္းခံေတာင္သူေတြ ဆႏၵျပၾကစဥ္။ Photo: Tun Myint/RFA
ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္မွာ သိမ္းဆည္းခံထားရတဲ့ လယ္ယာေျမဧက တစ္ေထာင္နီးပါးထဲက တခ်ဳိ႔ကို ၿမိဳ႔နယ္စည္ပင္သာယာေရးေကာ္မတီက ေရာင္းခ်ေနတာကို ေဒသခံ ၄၀ ေက်ာ္က ေရႊျပည္သာၿမိဳ႔နယ္ က ေလွာ္ကားေက်းရြာမွာ မေန႔က ဆႏၵျပၾကပါတယ္။

ေတာင္သူေတြကို ျပန္မေပးဘဲ ၿမိဳ႔နယ္စည္ပင္အတြက္ ရန္ပံုေငြလိုတယ္ဆုိၿပီး ေျမကြက္ရိုက္ေရာင္းခ်ေနတာကို မေက်နပ္တာေၾကာင့္ ဆႏၵျပတာလို႔ ေရႊျပည္သာၿမိဳ႔နယ္ အမွတ္ ၇ ရပ္ကြက္မွာ ေနထိုင္တဲ့ ေတာင္သူ ဦးေအာင္ဝင္းက ေျပာပါတယ္။

"ပလပ္ေျမေတြကို ႏိုင္ငံေတာ္ကေနၿပီး ျပန္ေပးပါဆိုတဲ့ ဥပေဒေတြထြက္ေနတဲ့ ၾကားထဲကေနၿပီး စည္ပင္ကေန သူတို႔ပိုင္ပါတယ္ဆိုၿပီး မက်ဴးေက်ာ္ရ ဗြီႏိုင္းေတြလာေထာင္တယ္၊ ၿခံစည္းရိုးေတြလာခတ္တယ္၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးဌာနက ေငြလို၍ ပလပ္ၿခံေျမမ်ားကို ေလလံတင္ေရာင္းခ်ပါမည္ဆိုတဲ့ သတင္းစာေၾကာ္ျငာစာကေနသိပါတယ္၊ အကြက္ေပါင္း ၂၇ ခု အသိမ္းခံရတဲ့လယ္သမားဦးေရ တစ္ေထာင္ေက်ာ္ရွိတယ္၊ ဒီေလလံတင္တဲ့အထဲမွာပါတာက ငါးရာေက်ာ္ပါတယ္၊ ဒီအတြက္မခံႏိုင္လို႔ ဆႏၵျပေဖာ္ထုတ္ရျခင္းျဖစ္ပါတယ္"

လြန္ခဲ့တဲ့ ၁၉၈၈ ခုႏွစ္က ေရႊျပည္သာၿမိဳ႕သစ္ ထူေထာင္ဖို႔အတြက္ဆုိၿပီး အုိးအိမ္ဌာနနဲ႔ စည္ပင္သာယာေရးေကာ္မတီ က လယ္ယာေျမဧက တစ္ေသာင္းေက်ာ္ကို သိမ္းယူခဲ့ၿပီး ၿမိဳ႔သစ္ကို တည္ေထာင္ၿပီးတဲ့ေနာက္ ဧကတစ္ေထာင္ ၀န္းက်င္ က်န္ရွိေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အသံုးမျပဳေတာ့တဲ့ လယ္ယာေျမေတြကို မူလေတာင္သူေတြထံ ျပန္ေပးဖို႔ ႏုိင္ငံေတာ္သမၼတရံုးက ေၾကညာ ထားေပမယ့္ ျပန္လည္ေပးအပ္တာမရွိဘဲ ေျမကြက္ရိုက္ၿပီး ေရာင္းခ်ေနတာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
....................................

ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က မြေသိမ်းခံတောင်သူတွေ ဆန္ဒပြကြစဉ်။ Photo: Tun Myint/RFA
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်နီးပါးထဲက တချို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ရောင်းချနေတာကို ဒေသခံ ၄၀ ကျော်က ရွှေပြည်သာမြို့နယ် က လှော်ကားကျေးရွာမှာ မနေ့က ဆန္ဒပြကြပါတယ်။

တောင်သူတွေကို ပြန်မပေးဘဲ မြို့နယ်စည်ပင်အတွက် ရန်ပုံငွေလိုတယ်ဆိုပြီး မြေကွက်ရိုက်ရောင်းချနေတာကို မကျေနပ်တာကြောင့် ဆန္ဒပြတာလို့ ရွှေပြည်သာမြို့နယ် အမှတ် ရ ရပ်ကွက်မှာ နေထိုင်တဲ့ တောင်သူ ဦးအောင်ဝင်းက ပြောပါတယ်။

"ပလပ်မြေတွေကို နိုင်ငံတော်ကနေပြီး ပြန်ပေးပါဆိုတဲ့ ဥပဒေတွေထွက်နေတဲ့ ကြားထဲကနေပြီး စည်ပင်ကနေ သူတို့ပိုင်ပါတယ်ဆိုပြီး မကျူးကျော်ရ ဗွီနိုင်းတွေလာထောင်တယ်၊ ခြံစည်းရိုးတွေလာခတ်တယ်၊ မြို့တော်စည်ပင်သာယာရေးဌာနက ငွေလို၍ ပလပ်ခြံမြေများကို လေလံတင်ရောင်းချပါမည်ဆိုတဲ့ သတင်းစာကြော်ငြာစာကနေသိပါတယ်၊ အကွက်ပေါင်း ၂၇ ခု အသိမ်းခံရတဲ့လယ်သမားဦးရေ တစ်ထောင်ကျော်ရှိတယ်၊ ဒီလေလံတင်တဲ့အထဲမှာပါတာက ငါးရာကျော်ပါတယ်၊ ဒီအတွက်မခံနိုင်လို့ ဆန္ဒပြဖော်ထုတ်ရခြင်းဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ရွှေပြည်သာမြို့သစ် ထူထောင်ဖို့အတွက်ဆိုပြီး အိုးအိမ်ဌာနနဲ့ စည်ပင်သာယာရေးကော်မတီ က လယ်ယာမြေဧက တစ်သောင်းကျော်ကို သိမ်းယူခဲ့ပြီး မြို့သစ်ကို တည်ထောင်ပြီးတဲ့နောက် ဧကတစ်ထောင် ၀န်းကျင် ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသုံးမပြုတော့တဲ့ လယ်ယာမြေတွေကို မူလတောင်သူတွေထံ ပြန်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက ကြေညာ ထားပေမယ့် ပြန်လည်ပေးအပ်တာမရှိဘဲ မြေကွက်ရိုက်ပြီး ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>