ဘိုကေလး စက္တင္ဘာ ၂၂
ဧရာဝတီတုိင္းေဒသႀကီး ဘုိကေလးၿမိဳ႕နယ္အတြင္းမွ ပင္လယ္ပိုင္းျဖစ္ေသာ ကဒံုကနိေက်းရြာအုပ္စုႏွင့္ ပတ္ဝန္းက်င္ေဒသတြင္ မိေက်ာင္းအႏၲရာယ္ေၾကာင့္ ေဒသတြင္းမွ ဘဲေမြးျမဴသူမ်ား အခက္ၾကံဳလ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၾသဂုတ္ ၂၄ ရက္က ကဒံုကနိေက်းရြာအုပ္စု လိပ္ေတာ္ေရေက်ာ္ေက်းရြာ ဝက္ေခ်ာင္းကမ္းနံေဘး၌ ၁၄ ႏွစ္အရြယ္ လူငယ္တစ္ဦးကို အိမ္ေရွ႕ေခ်ာင္းစပ္တြင္ မိေက်ာင္းကိုက္ခ်ီသြားခဲ့ၿပီး ယင္းသတင္းကို ႏိုင္ငံပိုင္ သတင္းစာတြင္ ေဖာ္ျပခဲ့ၿပီးျဖစ္သည္။
၁၄ ေတာင္၊ ေဒသသံုးေလွအရြယ္အစားရွိသည့္ မိေက်ာင္းႀကီး (ေဒသအေခၚ) အဝါက်ားသည္ ယင္း ေဒသတြင္ သြားလာက်က္စားလ်က္ရွိၿပီး စက္တင္ဘာ ၁၈ ရက္ နံနက္ ၁ နာရီခန္႔တြင္ ဝန္းက်င္ကုန္းေပၚ ေနအိမ္တဲအနီး ႀကိဳးခ်ည္ထားေသာ ဝက္တစ္ေကာင္ကို တက္ဆြဲရန္ျပင္ေနစဥ္ ဝက္ေအာ္သံေၾကာင့္ အိမ္ရွင္ မ်ားသိရွိသြားၿပီး ေျခာက္လွန္႔ေမာင္းထုတ္ရေၾကာင္း၊ ေရလမ္းခရီးသြားမ်ား၊ လက္ေလွာ္ေလွငယ္မ်ားမွာလည္း မိေက်ာင္းအႏၲရာယ္ကို သတိထားသြားလာေနရေၾကာင္း ဘိုကေလးၿမိဳ႕မွ ကိုယ္ပိုင္စက္ေလွျဖင့္ သံုးနာရီနီးပါး ခုတ္ေမာင္းရသည့္ ျမင္းကအုပ္ေက်းရြာတြင္ေနထုိင္သူ ေဒၚျမဝင္းကေျပာသည္။
ေရျပင္တြင္ မိေက်ာင္းႀကီး သြားလာလႈပ္ရွားေနမႈ ေၾကာင့္ ဘဲေမြးျမဴထားသူမ်ားအေနျဖင့္ ေမြးထားေသာ ဘဲမ်ားကို ေရျပင္တြင္လႊတ္ေက်ာင္းရန္ အခက္ၾကံဳလာ ေၾကာင္း သိရသည္။ ကုန္းေပၚရွိ လယ္ကြင္းမ်ားတြင္ လႊတ္ေက်ာင္းရာတြင္လည္း လယ္ကြင္းမ်ား၌ခ်ထားေသာ ေဒသအေခၚ ထိေသပိုးသတ္ေဆးမ်ားေၾကာင့္ မလႊတ္ရဲ ေၾကာင္း ေဒၚျမဝင္းက ေျပာသည္။
ဘဲစာေကြၽးသည့္ ဆန္ကြဲေစ်းႏႈန္းမွာလည္း ျမင့္တက္ လ်က္ရွိၿပီး တစ္အိတ္လွ်င္ လက္လီေစ်း ၁၈ဝဝဝ က်ပ္ ႏႈန္းအထိ ဝယ္ယူေနရေၾကာင္း၊ ဥဘဲအေကာင္တစ္ရာ လွ်င္ တစ္ရက္ ဆန္ကြဲ ေလးျပည္ေကြၽးရေၾကာင္း သိရ သည္။မိေက်ာင္းအႏၲရာယ္အျပင္ အစာေစ်းႏႈန္းျမင့္တက္ ေနမႈေၾကာင့္ ေမြးျမဴေရးလုပ္ငန္းမ်ားအေနျဖင့္ အခက္ ၾကံဳေနရေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္း အဆင္မေျပျခင္း ေၾကာင့္ ဘိုကေလးၿမိဳ႕ေပၚသို႔ ယခုရက္ပိုင္းတြင္ ဘဲမ်ားလာေရာက္ေရာင္းခ်မႈ မ်ားျပားလ်က္ရွိေၾကာင္း လည္း ဘိုကေလးၿမိဳ႕ ေအာင္သေျပေစ်းမွ ေရထြက္ကုန္ ပစၥည္းမ်ဳိးစံု ေရာင္းဝယ္သူ ဦးေဌးက ေျပာသည္။
ဘဲေမြးျမဴသူမ်ားအေနျဖင့္ မဒန္းဓာတ္ဘဲတစ္ေကာင္ လွ်င္ က်ပ္ ၄ဝဝဝ ႏႈန္းျဖင့္ ဝယ္ယူရၿပီး ဥစမ္းကာလ၌ အေကာင္တစ္ရာလွ်င္ ဥအလံုးေရ ၉ဝ ခန္႔ ရရွိသည္။ တစ္ႏွစ္သားေက်ာ္ ႏွစ္ႏွစ္သားအခ်ိန္တြင္ ျပန္ေရာင္း ေလ့ရွိၿပီး တစ္ေကာင္လွ်င္ အေလးခ်ိန္ ၆ဝ က်ပ္သား ခန္႔ရွိကာ တစ္ပိႆာလွ်င္ ၁၇ဝဝ က်ပ္ခန္႔ရွိေၾကာင္း သိရသည္။ လက္လီျပန္လည္ေရာင္းခ်ရာတြင္ အရွင္တစ္ေကာင္ ၁၅ဝဝ က်ပ္၊ အေသဆိုလွ်င္ ၅ဝဝ မွ တစ္ေထာင္က်ပ္ ခန္႔ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်သည္။ ထို႔အျပင္ ဘိုကေလးၿမိဳ႕အတြင္း ဘဲေၾကာ္အျဖစ္ လုိက္လံေရာင္းခ်ေနမႈမ်ားလည္းရွိၿပီး ေၾကာ္၍ လက္လီ ေရာင္းပါက တစ္ေကာင္လွ်င္ ၂၅ဝဝ က်ပ္ဝန္းက်င္ ရရွိ ေၾကာင္း ဘိုကေလးၿမိဳ႕ေန ဘဲေၾကာ္ေရာင္းသူတစ္ဦးထံမွ သိရသည္။
ဘဲဥမ်ားမွာမူ အလံုး ၃ဝ ပါကတ္မ်ားျဖင့္ထည့္သြင္း၍ ရန္ကုန္သို႔ တင္ပို႔ေရာင္းခ်ရာ အလံုး ၃ဝဝ ပါ ဆယ္ကတ္တစ္တြဲလွ်င္ နယ္ေစ်းတစ္လံုး ၁ဝ၈ က်ပ္ ခန္႔ျဖင့္ တင္ပို႔ေရာင္းခ်ၿပီး ရန္ကုန္ေစ်းကြက္တြင္ တစ္လံုး ၁၄ဝ က်ပ္ခန္႔ ရွိေနသည္။
ခင္ဆုိင္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
...............................................
ဘိုကလေး စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်းမှ ပင်လယ်ပိုင်းဖြစ်သော ကဒုံကနိကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ဒေသတွင် မိကျောင်းအန္တရာယ်ကြောင့် ဒေသတွင်းမှ ဘဲမွေးမြူသူများ အခက်ကြုံလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က ကဒုံကနိကျေးရွာအုပ်စု လိပ်တော်ရေကျော်ကျေးရွာ ဝက်ချောင်းကမ်းနံဘေး၌ ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို အိမ်ရှေ့ချောင်းစပ်တွင် မိကျောင်းကိုက်ချီသွားခဲ့ပြီး ယင်းသတင်းကို နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
၁၄ တောင်၊ ဒေသသုံးလှေအရွယ်အစားရှိသည့် မိကျောင်းကြီး (ဒေသအခေါ်) အဝါကျားသည် ယင်း ဒေသတွင် သွားလာကျက်စားလျက်ရှိပြီး စက်တင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ဝန်းကျင်ကုန်းပေါ် နေအိမ်တဲအနီး ကြိုးချည်ထားသော ဝက်တစ်ကောင်ကို တက်ဆွဲရန်ပြင်နေစဉ် ဝက်အော်သံကြောင့် အိမ်ရှင် များသိရှိသွားပြီး ခြောက်လှန့်မောင်းထုတ်ရကြောင်း၊ ရေလမ်းခရီးသွားများ၊ လက်လှော်လှေငယ်များမှာလည်း မိကျောင်းအန္တရာယ်ကို သတိထားသွားလာနေရကြောင်း ဘိုကလေးမြို့မှ ကိုယ်ပိုင်စက်လှေဖြင့် သုံးနာရီနီးပါး ခုတ်မောင်းရသည့် မြင်းကအုပ်ကျေးရွာတွင်နေထိုင်သူ ဒေါ်မြဝင်းကပြောသည်။
ရေပြင်တွင် မိကျောင်းကြီး သွားလာလှုပ်ရှားနေမှု ကြောင့် ဘဲမွေးမြူထားသူများအနေဖြင့် မွေးထားသော ဘဲများကို ရေပြင်တွင်လွှတ်ကျောင်းရန် အခက်ကြံုလာ ကြောင်း သိရသည်။ ကုန်းပေါ်ရှိ လယ်ကွင်းများတွင် လွှတ်ကျောင်းရာတွင်လည်း လယ်ကွင်းများ၌ချထားသော ဒေသအခေါ် ထိသေပိုးသတ်ဆေးများကြောင့် မလွှတ်ရဲ ကြောင်း ဒေါ်မြဝင်းက ပြောသည်။
ဘဲစာကျွေးသည့် ဆန်ကွဲစျေးနှုန်းမှာလည်း မြင့်တက် လျက်ရှိပြီး တစ်အိတ်လျှင် လက်လီစျေး ၁၈ဝဝဝ ကျပ် နှုန်းအထိ ဝယ်ယူနေရကြောင်း၊ ဥဘဲအကောင်တစ်ရာ လျှင် တစ်ရက် ဆန်ကွဲ လေးပြည်ကျွေးရကြောင်း သိရ သည်။မိကျောင်းအန္တရာယ်အပြင် အစာစျေးနှုန်းမြင့်တက် နေမှုကြောင့် မွေးမြူရေးလုပ်ငန်းများအနေဖြင့် အခက် ကြံုနေရကြောင်း၊ မွေးမြူရေးလုပ်ငန်း အဆင်မပြေခြင်း ကြောင့် ဘိုကလေးမြို့ပေါ်သို့ ယခုရက်ပိုင်းတွင် ဘဲများလာရောက်ရောင်းချမှု များပြားလျက်ရှိကြောင်း လည်း ဘိုကလေးမြို့ အောင်သပြေစျေးမှ ရေထွက်ကုန် ပစ္စည်းမျိုးစုံ ရောင်းဝယ်သူ ဦးဌေးက ပြောသည်။
ဘဲမွေးမြူသူများအနေဖြင့် မဒန်းဓာတ်ဘဲတစ်ကောင် လျှင် ကျပ် ၄ဝဝဝ နှုန်းဖြင့် ဝယ်ယူရပြီး ဥစမ်းကာလ၌ အကောင်တစ်ရာလျှင် ဥအလုံးရေ ၉ဝ ခန့် ရရှိသည်။ တစ်နှစ်သားကျော် နှစ်နှစ်သားအချိန်တွင် ပြန်ရောင်း လေ့ရှိပြီး တစ်ကောင်လျှင် အလေးချိန် ၆ဝ ကျပ်သား ခန့်ရှိကာ တစ်ပိဿာလျှင် ၁၇ဝဝ ကျပ်ခန့်ရှိကြောင်း သိရသည်။ လက်လီပြန်လည်ရောင်းချရာတွင် အရှင်တစ်ကောင် ၁၅ဝဝ ကျပ်၊ အသေဆိုလျှင် ၅ဝဝ မှ တစ်ထောင်ကျပ် ခန့်စျေးနှုန်းများဖြင့် ရောင်းချသည်။ ထို့အပြင် ဘိုကလေးမြို့အတွင်း ဘဲကြော်အဖြစ် လိုက်လံရောင်းချနေမှုများလည်းရှိပြီး ကြော်၍ လက်လီ ရောင်းပါက တစ်ကောင်လျှင် ၂၅ဝဝ ကျပ်ဝန်းကျင် ရရှိ ကြောင်း ဘိုကလေးမြို့နေ ဘဲကြော်ရောင်းသူတစ်ဦးထံမှ သိရသည်။
ဘဲဥများမှာမူ အလုံး ၃ဝ ပါကတ်များဖြင့်ထည့်သွင်း၍ ရန်ကုန်သို့ တင်ပို့ရောင်းချရာ အလုံး ၃ဝဝ ပါ ဆယ်ကတ်တစ်တွဲလျှင် နယ်စျေးတစ်လုံး ၁ဝ၈ ကျပ် ခန့်ဖြင့် တင်ပို့ရောင်းချပြီး ရန်ကုန်စျေးကွက်တွင် တစ်လုံး ၁၄ဝ ကျပ်ခန့် ရှိနေသည်။
ခင်ဆိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS