Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စင္ကာပူေရာက္ ျမန္မာအိမ္ေဖာ္ ျမန္မာအိမ္ရွင္လင္မယား၏ ႏွိပ္စက္မႈကိုခံရ

$
0
0

“စင္ကာပူႏုိင္ငံ ျမန္မာအိမ္တြင္ ကေလးထိန္းလုပ္ေနသည့္ အိမ္အကူ မိန္းကေလး အိမ္ရွင္ ျမန္မာလင္မယား၏ ႏွိပ္စက္မႈဒဏ္ကို မခံႏိုင္၍ ထြက္ေျပးလာခဲ့ရာ လတ္တေလာတြင္ စင္ကာပူႏိုင္ငံရွိ HOME အဖြဲ႕ ၏ Shelter တြင္ က်န္းက်န္းမာမာ ရွိေနၿပီး ရဲစခန္းတြင္ အမႈဖြင့္ထားသည္ဟု HOME အဖြဲ႕၏ Director of Health Education and Research တာ၀န္ယူထားသည့္ ဦးသိန္းသန္း၀င္းက The Ladies သို႕ေျပာသည္။

“အခုေလာေလာဆယ္ ရဲစခန္းမွာ အမႈဖြင့့္ထားတယ္ ေျပာတယ္ ။ အဲဒီေတာ့ ဒီဘက္က ရဲနဲ႔ တရား႐ံုးကေန ဥပေဒအတိုင္း ၾကားနာစီရင္မွာပါ ။ မိန္းကေလးကေတာ့ ကၽြန္ေတာ္တို႔ HOME အဖြဲ႔ရဲ႕ shelter မွာ က်န္းက်န္းမာမာ ရိွေနပါတယ္” ဟု ဦးသိန္းသန္း၀င္းက ေျပာသည္ ။


အဆိုပါ ျမန္မာအမ်ိဳးသမီးသည္ စင္ကာပူျမိဳ႕ ၊ Choa Chu Kang အရပ္ ရွိ ျမန္မာအင္ဂ်င္နီယာ လင္မယားအိမ္သို ့ေမြးကင္းစကေလးကို ျပဳစုေစာင့္ေရွာက္ရန္ တစ္လလ်ွင္ လစာျမန္မာေငြ တစ္သိန္းခြဲက်ပ္ ( S$ 165/- ) ျဖင့္ပိတ္ရက္မရွိ ။ ေအးဂ်င့္မပါ တိုက္ရိုက္ခန္႔စနစ္ျဖင့္ ယခုႏွစ္ ဧၿပီလတြင္ ေရာက္ ရွိ အလုပ္လုပ္ကိုင္ ခဲ႔ သူျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံရွိ ျမန္မာမ်ားအား ကူညီေပးေနသည့္ HOME အဖြဲ႕မွ မခင္ေလးက ၎၏ ေဖ့စ္ဘုတ္အင္တာနက္ စာမ်က္ႏွာတြင္ ေရးသားထားသည္ ။

“ဘာေႀကာင့္ ေအးဂ်င့္မရွိတာလဲ ဟုေမးေသာအခါ သူမ၏ အစ္မနွင့္ အိမ္ရွင္အမ်ိဳးသမီးမွာ သူငယ္ခ်င္းျဖစ္ျခင္းေႀကာင့္ ဟု ေျပာျပသည္ ။ ဒီဒဏ္ရာေတြ ဘာေႀကာင့္ရတာလဲဟု ေမးျမန္းေသာအခါ. . .ေရာက္ရွိျပီး နွစ္လေက်ာ္ ( June လ ကုန္ပိုင္း)တြင္ လင္မယား နွစ္ေယာက္ညေနပိုင္း အျပင္သြားျပီး ညကိုးနာရီေက်ာ္ ျပန္လာေသာအခါ ကေလးကို ႏို႔မတိုက္ထားေသာေႀကာင့္ဟု အျပစ္တင္ကာ ပါးကိုစရိုက္ခဲ႔ေၾကာင္း (တကယ္ေတာ့ အဲ႔ဒီ႕ကေလးနွစ္လသားေဘးမွာ ညီမေလးနွင့္ အတူ အဘြားအရင္း ( အိ္မ္ရွင္မ အေမ )ရွိေနခဲ႔တာပါ။ ေနာက္ပိုင္းမွာေတာ့ အခန္းထဲေနထိုးလည္း ရိုက္၊ ဟိုဟာမ လုပ္႐ိုက္ဒီဟာ မလုပ္႐ိုက္နဲ႕ ဒီဒဏ္ရာေတြ ရရွိေနခဲ႔တာပါ” ဟု မခင္ေလးက ေရးသားထားသည္ ။


မည္သူ႐ိုက္ေၾကာင္းကို ေမးသည့္အခါတြင္ လင္မယားႏွစ္ေယာက္လုံးက ႐ိုက္ခဲ့ျခင္းျဖစ္ၿပီး မိန္းမျဖစ္သူက အႀကိမ္မ်ားစြာ ႐ိုက္ခဲ့ေၾကာင္း၊ ေယာက်္ားျဖစ္သူက တစ္ခါတစ္ရံသာ ႐ိုက္ေၾကာင္း ၊ အညိဳအမည္း စြဲေနသည္မ်ားကို ေတြ႕၍ မည္သည့္အရာျဖင့္ ႐ိုက္သည္ကို ေမးသည့္အခါ ေကာ္အကၤ်ီခ်ိတ္ျဖင့္ ႐ိုက္ေၾကာင္း ေကာ္အကၤ်ီခ်ိတ္ သုံးေလးေခ်ာင္း က်ိဳးသည့္အခါ သံအက်ီခ်ိတ္ျဖင့္ ႐ိုက္ေၾကာင္း ၊ ေနာက္ပိုင္းတြင္ စတီးပိုက္လုံးျဖင့္ ႐ိုက္သည္ဟု ေျပာျပေၾကာင္း မခင္ေလးက ေရးသားထားသည္ ။


အဆိုပါ ျမန္မာအမ်ိဳးသမီးသည္ ယခုအခါ ဘယ္ဘက္ပါးတစ္ခုလုံး ေရာင္ေနကာ အက်ိတ္ႀကီး တစ္ခုကဲ့သို႔ မာေနၿပီး ပါးစပ္ ေကာင္းေကာင္းမဟႏိုင္ေၾကာင္း ၊ အစာကို မ၀ါးႏိုင္သည့္အတြက္ အရည္သာ မ်ိဳခ်ႏိုင္ေၾကာင္း ၊ ဘယ္ဘက္ပခုံး႐ိုး က်ိဳးေနသည္ဟု ယူဆရသည့္အတြက္ ေဆး႐ုံျပသဖို႔ရန္ စီစဥ္ေနၿပီး တင္ပါးဆုံ႐ိုးေနရာတြင္လည္း ညိဳမည္းကာ အက်ိတ္ခဲႀကီးတစ္ခု ျဖစ္ေနေၾကာင္း မခင္ေလးက စက္တင္ဘာ ၂၂ ရက္တြင္ ေရးသားထားသည္ ။

“လက္နွစ္ဖက္စလံုး ေယာင္ကိုင္းေနကာ တစ္ကိုယ္လံုး ဒဏ္ရာမ်ားကေတာ့ျမင္တဲ႔ အတိုင္းပါ။ မေန ့ ညေန သံုးနာရီေလာက္က အိမ္ရွင္အိမ္မွ ထြက္ေျပးလာသည္ျဖစ္သည့္အတြက္. . .ဘယ္လိုဒီကို ေရာက္လာတာလဲဟု ေမးျမန္းေသာအခါ. . .ထြက္ေျပးျပီး အိမ္ေအာက္ေရာက္ေသာအခါ ေက်ာင္းသူေလးတစ္ဦးကို အကူအညီေတာင္းျပီး သူမ၌ရွိေနသည့္ ေအးဂ်င့္တစ္ခုရွိ ျမန္မာအမ်ိဳးသမီးတစ္ဦးထံ အကူအညီ ေတာင္းပါေၾကာင္း သူမက MOM သို ့ ရဲစခန္းသြားခိုင္းသည့္အတြက္ နားမလည္၍ ေက်ာင္းသူမေလးမွ ဖုန္းနားေထာင္ေပးျပီး MOM သြားရန္အတြက္ သူ၏မိခင္ကို လွမ္းေခၚကာTaxi ခနွင့္ ဗ္ိုက္ဆာလ်ွင္ ဝယ္စားရန္ S$26/- ေပးခဲ႔ေႀကာင္း ေျပာျပပါသည္။ MOM ေရာက္ျပီး ျမန္မာဘာသာျပန္နွင့္အတူ TTSH သို ့ သြားေရာက္ျပီး ( MOM ရဲ႕ သီတင္းေပးမႈနဲ႔ ေဆး႐ံုသို ့ ရဲေရာက္လာ ) ထိုမွ အိမ္ရွင္အိမ္သို႔ ရဲမ်ား ညတြင္းခ်င္း သြားကာ သူမကို ႐ိုက္ခဲ႔ေသာ ကိရိယာမ်ားကို သိမ္းဆည္းကာ သူမ၏ ပစၥည္းမ်ားကိုလည္း ျပန္လည္ ယူေဆာင္လာခဲ႔ ေစပါသည္။ ထိုမွ သံ႐ံုးသို ့ေရာက္ျပီး သံ႐ံုးမွ တစ္ဆင့္ HOME ကို ေရာက္ရွိခဲ႔ပါသည္” ဟု မခင္ေလးက ေရးသားထားသည္ ။

မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံဖြား ျမန္မာႏိုင္ငံသား အခ်င္းခ်င္းမို႔ မည္သည့္ဘက္မွ ၾကားရနားသက္သာစရာ မရွိေၾကာင္း ၊ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားၾကရန္ တိုက္တြန္းေၾကာင္းႏွင့္ အဆိုပါ ျမန္မာအမ်ိဳးသမီးအတြက္ ကူညီခ်င္သည္ဆိုပါက ၎မွတစ္ဆင့္ ေပးကမ္းႏိုင္ေၾကာင္း မခင္ေလးက ၎၏ ကိုယ္ပိုင္ အင္တာနက္စာမ်က္ႏွာ ေဖ့စ္ဘုတ္တြင္ ေရးသားထားသည္။

The Ladies News Journal
https://www.facebook.com/News.TheLadies
................................

“စင်ကာပူနိုင်ငံ မြန်မာအိမ်တွင် ကလေးထိန်းလုပ်နေသည့် အိမ်အကူ မိန်းကလေး အိမ်ရှင် မြန်မာလင်မယား၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ ထွက်ပြေးလာခဲ့ရာ လတ်တလောတွင် စင်ကာပူနိုင်ငံရှိ HOME အဖွဲ့ ၏ Shelter တွင် ကျန်းကျန်းမာမာ ရှိနေပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု HOME အဖွဲ့၏ Director of Health Education and Research တာဝန်ယူထားသည့် ဦးသိန်းသန်းဝင်းက The Ladies သို့ပြောသည်။

“အခုလောလောဆယ် ရဲစခန်းမှာ အမှုဖွင့့်ထားတယ် ပြောတယ် ။ အဲဒီတော့ ဒီဘက်က ရဲနဲ့ တရားရုံးကနေ ဥပဒေအတိုင်း ကြားနာစီရင်မှာပါ ။ မိန်းကလေးကတော့ ကျွန်တော်တို့ HOME အဖွဲ့ရဲ့ shelter မှာ ကျန်းကျန်းမာမာ ရှိနေပါတယ်” ဟု ဦးသိန်းသန်းဝင်းက ပြောသည် ။



အဆိုပါ မြန်မာအမျိုးသမီးသည် စင်ကာပူမြို့ ၊ Choa Chu Kang အရပ် ရှိ မြန်မာအင်ဂျင်နီယာ လင်မယားအိမ်သို ့မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရန် တစ်လလျှင် လစာမြန်မာငွေ တစ်သိန်းခွဲကျပ် ( S$ 165/- ) ဖြင့်ပိတ်ရက်မရှိ ။ အေးဂျင့်မပါ တိုက်ရိုက်ခန့်စနစ်ဖြင့် ယခုနှစ် ဧပြီလတွင် ရောက် ရှိ အလုပ်လုပ်ကိုင် ခဲ့ သူဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာများအား ကူညီပေးနေသည့် HOME အဖွဲ့မှ မခင်လေးက ၎င်း၏ ဖေ့စ်ဘုတ်အင်တာနက် စာမျက်နှာတွင် ရေးသားထားသည် ။

“ဘာကြောင့် အေးဂျင့်မရှိတာလဲ ဟုမေးသောအခါ သူမ၏ အစ်မနှင့် အိမ်ရှင်အမျိုးသမီးမှာ သူငယ်ချင်းဖြစ်ခြင်းကြောင့် ဟု ပြောပြသည် ။ ဒီဒဏ်ရာတွေ ဘာကြောင့်ရတာလဲဟု မေးမြန်းသောအခါ. . .ရောက်ရှိပြီး နှစ်လကျော် ( June လ ကုန်ပိုင်း)တွင် လင်မယား နှစ်ယောက်ညနေပိုင်း အပြင်သွားပြီး ညကိုးနာရီကျော် ပြန်လာသောအခါ ကလေးကို နို့မတိုက်ထားသောကြောင့်ဟု အပြစ်တင်ကာ ပါးကိုစရိုက်ခဲ့ကြောင်း (တကယ်တော့ အဲ့ဒီ့ကလေးနှစ်လသားဘေးမှာ ညီမလေးနှင့် အတူ အဘွားအရင်း ( အိ်မ်ရှင်မ အမေ )ရှိနေခဲ့တာပါ။ နောက်ပိုင်းမှာတော့ အခန်းထဲနေထိုးလည်း ရိုက်၊ ဟိုဟာမ လုပ်ရိုက်ဒီဟာ မလုပ်ရိုက်နဲ့ ဒီဒဏ်ရာတွေ ရရှိနေခဲ့တာပါ” ဟု မခင်လေးက ရေးသားထားသည် ။



မည်သူရိုက်ကြောင်းကို မေးသည့်အခါတွင် လင်မယားနှစ်ယောက်လုံးက ရိုက်ခဲ့ခြင်းဖြစ်ပြီး မိန်းမဖြစ်သူက အကြိမ်များစွာ ရိုက်ခဲ့ကြောင်း၊ ယောကျ်ားဖြစ်သူက တစ်ခါတစ်ရံသာ ရိုက်ကြောင်း ၊ အညိုအမည်း စွဲနေသည်များကို တွေ့၍ မည်သည့်အရာဖြင့် ရိုက်သည်ကို မေးသည့်အခါ ကော်အင်္ကျီချိတ်ဖြင့် ရိုက်ကြောင်း ကော်အင်္ကျီချိတ် သုံးလေးချောင်း ကျိုးသည့်အခါ သံအကျီချိတ်ဖြင့် ရိုက်ကြောင်း ၊ နောက်ပိုင်းတွင် စတီးပိုက်လုံးဖြင့် ရိုက်သည်ဟု ပြောပြကြောင်း မခင်လေးက ရေးသားထားသည် ။



အဆိုပါ မြန်မာအမျိုးသမီးသည် ယခုအခါ ဘယ်ဘက်ပါးတစ်ခုလုံး ရောင်နေကာ အကျိတ်ကြီး တစ်ခုကဲ့သို့ မာနေပြီး ပါးစပ် ကောင်းကောင်းမဟနိုင်ကြောင်း ၊ အစာကို မဝါးနိုင်သည့်အတွက် အရည်သာ မျိုချနိုင်ကြောင်း ၊ ဘယ်ဘက်ပခုံးရိုး ကျိုးနေသည်ဟု ယူဆရသည့်အတွက် ဆေးရုံပြသဖို့ရန် စီစဉ်နေပြီး တင်ပါးဆုံရိုးနေရာတွင်လည်း ညိုမည်းကာ အကျိတ်ခဲကြီးတစ်ခု ဖြစ်နေကြောင်း မခင်လေးက စက်တင်ဘာ ၂၂ ရက်တွင် ရေးသားထားသည် ။

“လက်နှစ်ဖက်စလုံး ယောင်ကိုင်းနေကာ တစ်ကိုယ်လုံး ဒဏ်ရာများကတော့မြင်တဲ့ အတိုင်းပါ။ မနေ ့ ညနေ သုံးနာရီလောက်က အိမ်ရှင်အိမ်မှ ထွက်ပြေးလာသည်ဖြစ်သည့်အတွက်. . .ဘယ်လိုဒီကို ရောက်လာတာလဲဟု မေးမြန်းသောအခါ. . .ထွက်ပြေးပြီး အိမ်အောက်ရောက်သောအခါ ကျောင်းသူလေးတစ်ဦးကို အကူအညီတောင်းပြီး သူမ၌ရှိနေသည့် အေးဂျင့်တစ်ခုရှိ မြန်မာအမျိုးသမီးတစ်ဦးထံ အကူအညီ တောင်းပါကြောင်း သူမက MOM သို ့ ရဲစခန်းသွားခိုင်းသည့်အတွက် နားမလည်၍ ကျောင်းသူမလေးမှ ဖုန်းနားထောင်ပေးပြီး MOM သွားရန်အတွက် သူ၏မိခင်ကို လှမ်းခေါ်ကာTaxi ခနှင့် ဗ်ိုက်ဆာလျှင် ဝယ်စားရန် S$26/- ပေးခဲ့ကြောင်း ပြောပြပါသည်။ MOM ရောက်ပြီး မြန်မာဘာသာပြန်နှင့်အတူ TTSH သို ့ သွားရောက်ပြီး ( MOM ရဲ့ သီတင်းပေးမှုနဲ့ ဆေးရုံသို ့ ရဲရောက်လာ ) ထိုမှ အိမ်ရှင်အိမ်သို့ ရဲများ ညတွင်းချင်း သွားကာ သူမကို ရိုက်ခဲ့သော ကိရိယာများကို သိမ်းဆည်းကာ သူမ၏ ပစ္စည်းများကိုလည်း ပြန်လည် ယူဆောင်လာခဲ့ စေပါသည်။ ထိုမှ သံရုံးသို ့ရောက်ပြီး သံရုံးမှ တစ်ဆင့် HOME ကို ရောက်ရှိခဲ့ပါသည်” ဟု မခင်လေးက ရေးသားထားသည် ။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသား အချင်းချင်းမို့ မည်သည့်ဘက်မှ ကြားရနားသက်သာစရာ မရှိကြောင်း ၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားကြရန် တိုက်တွန်းကြောင်းနှင့် အဆိုပါ မြန်မာအမျိုးသမီးအတွက် ကူညီချင်သည်ဆိုပါက ၎င်းမှတစ်ဆင့် ပေးကမ်းနိုင်ကြောင်း မခင်လေးက ၎င်း၏ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>