Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
အစိုးရစစ်ကြောင်း ရွာထဲ လက်နက်ကြီးငယ် ပစ်ခတ်ကာ တန်ဖိုးသိန်းချီ ပစ္စည်းယူဆောင်သွား
$
0
0
စက်တင်ဘာလ ၂၄ ရက် ၂၀၁၅
စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်းဘက်သို့ လာရောက်လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းတခုက မော်တောင်း ကျေးရွာအုပ်စု ကောင်းဝဲင့် (္ဒွင်းဝ္လ္မှ်) ရွာဘေးရှိ တောထဲသို့ လက်နက်များဖြင့် ပစ်ခတ်ကြောင်း ၊ ထို့နောက် ရွာထဲပါ ပစ်ထည့်လာကြောင်း ဆို၏ ။
စိုင်းအိုက်စိုးပေါင်း (အိမ်ရှင်) ၏ဖခင်ဖြစ်သူ အသက် ၆၀ ခန့်ရှိ အဖိုးကို သေနက်ဖြင့်ရိုက်ကာ တရုတ်ယွမ် ငွေ ၅၀၅၀၀နှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့်ကိုလည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် စိုင်းအိုက်ဝါ အိမ်တံခါးကိုဖျက်ကာ ၆ သိန်းတန်လက်ကောက်နှင့် တန်ဖိုး ၄ သိန်းခန့်ရှိ မုန့် ၊ ခေါက်ဆွဲထုပ် ၊ သားငါးဆီ သွတ်ဗူး ၊ မြန်မာဘီယာ − စသည့် စားသောက်ကုန်များကို လည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် နောက် ဒေသခံတဦးအိမ်ကိုလည်း ဝင်ရောက်ကာ တန်ဖိုး ၄ သိန်းခန့်ရှိ စားသောက်ကုန်များကို လည်းကောင်း ယူဆောင်သွားကြောင်း ဒေသခံများက ဆို၏ ။
ကောင်းဝဲင့်ရွာသည် မူစယ် ၁၀၅ မိုင်နှင့် ၇ မိုင်ခန့်အကွာ မူစယ်−လားရှိုးသွားလမ်းပေါ်၌ တည်ရှိသည် ။
မွေခေါဝ်
သျှမ်းသံတော်ဆင့်
............................
စက်တင်ဘာလ ၂၄ ရက် ၂၀၁၅
အစိုးရစစ်ကြောင်းက ရွာထဲသို့ လက်နက်ကြီးငယ် ပစ်ခတ်ကာ သိန်းချီတန်ဖိုးရှိသည့် ရွာသားများ၏ လက်ဝတ်ရတနာများ ၊ စားသောက်ကုန်များကို ယူဆောင်သွားကြောင်း ဒေသတွင်းသတင်းအရ သိရှိ ရသည် ။
“ ရွာထဲပစ်ထည့်လာတော့ စိုင်းယီအိမ်ကို ဗုံးထိတယ် ။ အိမ်ရှင်တွေ အိမ်မှာမရှိလို့ တော်သေးတယ် ။ အခု အိမ်ရှင်တော့ ရွာထဲမှာမနေရဲလို့ မူစယ်က သူတို့အမျိုးအိမ်မှာ သွားနေကြတယ်လေ ။ အိမ် ၁၀ လုံး ကျော် သေနတ်ထိတယ်။ ယာကနေ ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ နန်းသီသီခိုင် ညာပေါင်မှာ ကျည်ဆံ ယှက်ထိသွားတယ် ” ဟု ကောင်းဝဲင့်ရွာသို့ သွားရောက်ခဲ့သူ မူစယ်လူငယ်တဦးက ပြောသည် ။
စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်းဘက်သို့ လာရောက်လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းတခုက မော်တောင်း ကျေးရွာအုပ်စု ကောင်းဝဲင့် (္ဒွင်းဝ္လ္မ်ှ) ရွာဘေးရှိ တောထဲသို့ လက်နက်များဖြင့် ပစ်ခတ်ကြောင်း ၊ ထို့နောက် ရွာထဲပါ ပစ်ထည့်လာကြောင်း ဆို၏ ။
“ တောထဲမှာ တအာင်းစစ်သားတွေရှိတယ်ဆိုပြီး သေနတ်တွေနဲ့ ပစ်ထည့် တာ ။ ပစ်ရင်းပစ်ရင်းနဲ့ ရွာထဲ ကိုပါ ပစ်ထည့်လာတယ် ။ တကယ်တော့ တအာင်းစစ်သားတွေလည်း မရှိပါဘူး ။ သူတို့ဘဲ ပစ်နေတာပါ ။ နောက်တော့ရွာထဲ ဝင်လာတယ် ။ ရွာသားတွေရဲ့ အိမ်တံခါးကိုဖျက်ပြီး တွေ့ရာပိုက်ဆံတွေ ၊ စားသောက် ကုန်တွေ ယူသွားတယ်လို့ ရွာသားတွေ ပြောပြတယ် ” ဟု ၎င်းက ဆို၏ ။
စိုင်းအိုက်စိုးပေါင်း (အိမ်ရှင်) ၏ဖခင်ဖြစ်သူ အသက် ၆၀ ခန့်ရှိ အဖိုးကို သေနက်ဖြင့်ရိုက်ကာ တရုတ်ယွမ် ငွေ ၅၀၅၀၀နှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့်ကိုလည်းကောင်း ၊ စျေးဆိုင်ဖွင့်ထားသည့် စိုင်းအိုက်ဝါ အိမ်တံခါးကိုဖျက်ကာ ၆ သိန်းတန်လက်ကောက်နှင့် တန်ဖိုး ၄ သိန်းခန့်ရှိ မုန့် ၊ ခေါက်ဆွဲထုပ် ၊ သားငါးဆီ သွတ်ဗူး ၊ မြန်မာဘီယာ − စသည့် စားသောက်ကုန်များကို လည်းကောင်း ၊ စျေးဆိုင်ဖွင့်ထားသည့် နောက် ဒေသခံတဦးအိမ်ကိုလည်း ဝင်ရောက်ကာ တန်ဖိုး ၄ သိန်းခန့်ရှိ စားသောက်ကုန်များကို လည်းကောင်း ယူဆောင်သွားကြောင်း ဒေသခံများက ဆို၏ ။
“ ရွာမှာလူသိပ်မရှိဘူး ။ စျေးဆိုင်ဖွင့်ထားတဲ့ အိမ်တွေလည်း တံခါးခတ်ပြီး အပြင်သွားကြတယ်လေ ။ ဒီလုပ်ရပ်ဟာ ဓားမြတိုက်တာဘဲ ” ဟု ဒေသခံတဦးကလည်း ပြောသည် ။
ကောင်းဝဲင့်ရွာသည် မူစယ် ၁၀၅ မိုင်နှင့် ရ မိုင်ခန့်အကွာ မူစယ်−လားရှိုးသွားလမ်းပေါ်၌ တည်ရှိသည် ။
အဆိုပါနေ့ နေ့လည် ၁၂ နာရီခန့်၌လည်း ၁၀၅ မိုင်မှ ပန်ဆိုင်းသို့သွားလမ်းပေါ်ရှိ တွန့်ခန် ရွာ၌ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းတခုနှင့် တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆို၏။
တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းနှင့် တအာင်းတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော် လည်း မရရှိခဲ့ပေ။
မွေခေါဝ်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>