ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ ေဒၚေအာင္ဆန္းစုၾကည္ ခရီးစဥ္။ (ေဖေဖာ္ဝါရီ-၂၀၁၂) |
အခုလို တားျမစ္တာကေတာ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပန္၀ါၿမိဳ႕ကို သြားေရာက္ၿပီး မဲဆြယ္စည္းရံုးစဥ္မွာ ကခ်င္ျပည္နယ္ အထူးေဒသ၁ က စာေပးပို႔ၿပီး တားျမစ္ခဲ့တာျဖစ္ပါတယ္။ ဒီလုိ တားျမစ္ခဲ့တဲ့အေၾကာင္းကို NLD ပါတီ ကိုယ္စားျပဳၿပီး အဲဒီေဒသက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အေရြးခ်ယ္ခံမယ့္ ဦးေက်ာ္ေက်ာ္ဦးက အခုလို ေျပာပါတယ္။
"သူက ဘယ္လိုလဲ ဆိုေတာ့ အာဏာ လႊဲေျပာင္းဖို႔ အဆင္သင့္မျဖစ္ေသးဘူးဆိုတဲ့ သေဘာမ်ိဳးေတြဗ်ာ။ အာဏာ အပ္ႏွင္းေပးရန္ ေမွ်ာ္လင့္ယံုၾကည္ရသည့္ ပါတီမ်ား၊ လူပုဂၢိဳလ္မ်ား မ်ားျပားစြာ လႈပ္ရွားၾကေသာ္လည္း မိမိတို႔ လက္ခံရန္ အဆင္သင့္ မရွိေသးသျဖင့္ စည္းရံုးလႈပ္ရွားမႈမ်ားကို တားျမစ္ပါသည္။ ဒီနယ္ေျမေဒသသည္ အစိုးရ အေျပာင္းအလဲျပဳလုပ္ေရး ရည္ရြယ္ လုပ္ေဆာင္ေနျခင္း မရွိေသးသည့္ ေဒသ ျဖစ္သျဖင့္ ေနာက္ဆုတ္သြားပါရန္ အေၾကာင္းၾကားပါသည္။ -စခုန္တိန္ယိန္း-ကခ်င္ျပည္နယ္ အထူးေဒသ(၁) ထာဝရ ၿငိမ္းခ်မ္းေရးအဖြဲ႔ခ်ဳပ္။
တျခားပါတီေတြ မပါဘူးဗ်။ က်န္တဲ့ ျပည္ခုိင္ၿဖိဳးတို႔ က်န္တဲ့ပါတီေတြ ဝင္လို႔ရတယ္။ NLD ကိုပဲ လက္မခံတာဗ်။"
သတ္မွတ္ထားတဲ့ေဒသေတြက ၀ိုင္းေမာ္ၿမိဳ႕နယ္က ဆဒံုး၊ ကန္ပိုက္တီး၊ ပန္၀ါ၊ မာန္ေနာင္ ခ၀ါနဲ႔ ရွေငၚေခ်ာင္းရိုးေဒသက ေက်းရြာေတြ၊ ခ်ီေဖြၿမိဳ့နယ္ အတြင္းက ေက်းရြာေတြ နဲ႔ ေဆာ့ေလာ္ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြပါ၀င္ပါတယ္။
ပန္၀ါၿမိဳ႔ၽမွာ NLD ပါတီရဲ့ စည္းရံုးေရး ပိုစတာေတြကို ဖ်က္ဆီးတာရိွသလို စည္းရံုးေရး သြားတဲ့ သူေတြကိုလည္း ျခိမ္းေျခာက္တာေတြလည္း ရိွခဲ့တယ္လုိ႔ ဦးေက်ာ္ေက်ာ္ဦး က ေျပာပါတယ္။
"စက္တင္ဘာလ ၂၂၇က္ေ်န႔ ည ၈နာရီမွာ သူတို႔ ဒုဥကၠ႒နဲ႔ အတြင္းေရးမွဴးကို လာေတြ႔တာဗ်။ အဲ့ဒီ့မွာ က်ေနာ္က ပန္ဝါမွာ ေရာက္ေနတာဗ်။ ေနာက္ၿပီးေတာ့ သူတို႔က က်ေနာ္တို႔ ေထာင္ထားတဲ့ ဗီႏိုင္းေတြ ဘာေတြ ဖ်က္ဆီးတာေတြ ဘာေတြ လုပ္တယ္။ အဲ့တာေတြ လုပ္လာတယ္။ ေဒသေတြေပါ့။ ေနာက္ၿပီးေတာ့ အဲ့ဒီ့ေန႔ညမွာပဲ က်ေနာ္တို႔ကို သြယ္ဝိုက္ေသာနည္းျဖင့္ ၿခိမ္းေျခာက္တဲ့ပံုစံမ်ိဳး လက္နက္အဖြဲ႔ေတြ က်ေနာ္တို႔နားကေန ျဖတ္သြားျဖတ္လာလုပ္၊ ဗီြဒီယိုရိုက္ ဓာတ္ပံုရိုက္ အဲ့လိုမ်ိဳးေတြ သူတို႔ လုပ္ေနတာမ်ိဳးေတြရွိတယ္။ "
ဒီလုိ တားျမစ္တဲ့အတြက္ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ (၁၀ )ဦးအတြက္ နစ္နာမႈရိွေနၿပီး တားျမစ္တာကို ေရြးေကာက္ပဲြေကာ္မရွင္ဆီကို တင္ျပထားတယ္လုိ႔ ဦးေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။
ကခ်င္အထူးေဒသ (၁) ေခါင္းေဆာင္ ဦးစခုန္တိန္ယိန္းကေတာ့ ဘာေၾကာင့္ တားျမစ္ရသလဲ ဆုိတာကို အခုလို ရွင္းျပပါတယ္။
"ဒီမွာက်ေတာ့ အရင္တုန္းကဆိုရင္ေတာ့ တစည ပါတီပဲရွိတယ္။ ေနာက္ပိုင္း မွာဆိုက်ေတာ့ ျပည္ေထာင္စု ၾကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီရွိလာတယ္။ အဲ့ဒီ့ေတာ့ က်ေနာ္တို႔လည္း ၿငိမ္းခ်မ္းေရး ယူတဲ့အခါမွာ အဲ့ဒီ့ျပည္ေထာင္စုၾကံ့ခုိင္ေရးပါတီ၊ တပ္မေတာ္အစိုးရ နဲ႔ ၿငိမ္းခ်မ္းေရးယူလာတာျဖစ္တဲ့အခါက်ေတာ့ အခုထက္ထိ က်ေနာ္တို႔မွာက်ေတာ့ အဲ့ဒီ့ဟာနဲ႔ပတ္သက္ၿပီး ဆက္သြယ္ဆက္ဆံေနေသး တာျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က ၾကံ့ခုိင္ေရးပါတီကိုပဲ ေထာက္ခံ အားေပးဖို႔ဆိုၿပီးမွ ဝိုင္းၿပီးေတာ့ ေဒသခံေတြ ဆံုးျဖတ္ထားတာရွိတယ္ေလ။ ဆိုေတာ့ကာ က်န္တဲ့ပါတီေတြ ပါတီေတြ ဆိုတာကလည္း ဒီေလာက္ စိတ္မဝင္စားၾကပါဘူး။ "
ဦးစခုန္တိန္ယိန္းဟာ အရင္က ဗမာျပည္ကြန္ျမဴနစ္ပါတီကေန ခဲြထြက္ၿပီး NDA-K ေခၚ ကခ်င္ ဒီမုိကေရစီသစ္တပ္မေတာ္ကို တည္ေထာင္ၿပီး အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲခဲ့သူျဖစ္ပါတယ္။ ၂၀၀၉ ႏုိဝင္ဘာလမွာေတာ့NDA-Kအဖဲြ႔ဟာ အမွတ္(၁၀၀၁)၊ ၁၀၀၂ နဲ႔ ၁၀၀၃ဆိုၿပီး နယ္ျခားေစာင့္တပ္ ရင္း ၃ရင္း ေျပာင္းလဲ ဖဲြ႔စည္းခဲ့သလို ဦးစခုန္တိန္ယိန္းဟာလည္း ၂၀၁၀ ေရြးေကာက္ပဲြမွာ ကခ်င္ျပည္နယ္ မဲဆႏၵနယ္ အမွတ္၄က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးျခယ္ခံခဲ့ရပါတယ္။
အခုလုိ တားျမစ္ရတဲ့ အျခားအခ်က္ကေတာ့ ဒီေဒသမွာ ေရြးျခယ္ခံမယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္တခ်ိဳ႔ဟာ ၿငိမ္းခ်မ္းေရးယူစဥ္ကာလက ျပသနာျဖစ္ ထားတဲ့သူတုိ႔ ပါ၀င္ လာတာေၾကာင့္ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။
ကခ်င္ျပည္နယ္ေရြးေကာက္ပဲြေကာ္မရွင္ ဥကၠ႒ ဦးေမာင္ေမာင္ကြန္းကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေခၚယူ အသိေပး ေဆာင္ရြက္ဖုိ႔ ရိွေနေၾကာင္း ေျပာပါတယ္။
"အခုက က်ေနာ္တို႔ကေတာ့ လာမယ့္ ၂၉ရက္ေန႔ကို ေခၚယူၿပီးေတာ့ ညိႇႏိႈင္းဖို႔ ရွိပါတယ္။ ဒါ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း ညႊန္ၾကား ထားပါတယ္။ ေခၚယူညိႇႏိႈင္းေပးပါဆိုၿပီး။ ညိႇႏိႈင္းတာ မဟုတ္ဘူး။ ေခၚယူ အသိေပးပါဆိုၿပီး။ က်ေနာ္တို႔ကေတာ့ code of conduct နဲ႔ ၂/၂၀၁၄ ညႊန္ၾကားခ်က္ ၊ စည္းရံုးေရးဆိုင္ရာ ညႊန္ၾကားခ်က္ကိုပဲ အသိေပးဖို႔ရွိပါတယ္။ အဲ့တာကို ေခၚၿပီး အသိေပးမယ့္ သေဘာရွိပါတယ္။ က်ေနာ္ ဦးစခုန္တိန္ယိန္းကို ေခၚထားပါတယ္။"
NLD ပါတီကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ဦးနဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ ဦးစခုန္တိန္ယိန္းတို႔ဟာ လာမယ့္ ေရြးေကာက္ပဲြမွာ ကခ်င္ျပည္နယ္ အမွတ္၅ မဲဆႏၵနယ္ကေနၿပီး အျခား ပါတီေတြက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၄ဦးနဲ႔အတူယွဥ္ၿပိဳင္ အေရြးခ်ယ္ခံၾကမွာလည္း ျဖစ္ပါတယ္။
ကိုမုိးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................................................
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)
ကချင်ပြည်နယ် ၀ုိင်းမော်၊ ချီဗွေနဲ့ ဆော့လော်မြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေ မဲဆွယ် စည်းရုံးတာ မပြုလုပ်ဖို့အတွက် ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန်ယိန်းက တားမြစ်ထားပါတယ်။ NLD ပါတီက ကိုယ်စားလှယ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ကို တင်ပြထားပြီး ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က မကြာခင် ခေါ်ယူ အသိပေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
အခုလို တားမြစ်တာကတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပန်ဝါမြို့ကို သွားရောက်ပြီး မဲဆွယ်စည်းရုံးစဉ်မှာ ကချင်ပြည်နယ် အထူးဒေသ၁ က စာပေးပို့ပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို တားမြစ်ခဲ့တဲ့အကြောင်းကို NLD ပါတီ ကိုယ်စားပြုပြီး အဲဒီဒေသက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရွေးချယ်ခံမယ့် ဦးကျော်ကျော်ဦးက အခုလို ပြောပါတယ်။
"သူက ဘယ်လိုလဲ ဆိုတော့ အာဏာ လွှဲပြောင်းဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောမျိုးတွေဗျာ။ အာဏာ အပ်နှင်းပေးရန် မျှော်လင့်ယုံကြည်ရသည့် ပါတီများ၊ လူပုဂ္ဂိုလ်များ များပြားစွာ လှုပ်ရှားကြသော်လည်း မိမိတို့ လက်ခံရန် အဆင်သင့် မရှိသေးသဖြင့် စည်းရုံးလှုပ်ရှားမှုများကို တားမြစ်ပါသည်။ ဒီနယ်မြေဒေသသည် အစိုးရ အပြောင်းအလဲပြုလုပ်ရေး ရည်ရွယ် လုပ်ဆောင်နေခြင်း မရှိသေးသည့် ဒေသ ဖြစ်သဖြင့် နောက်ဆုတ်သွားပါရန် အကြောင်းကြားပါသည်။ -စခုန်တိန်ယိန်း-ကချင်ပြည်နယ် အထူးဒေသ(၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ်။
တခြားပါတီတွေ မပါဘူးဗျ။ ကျန်တဲ့ ပြည်ခိုင်ဖြိုးတို့ ကျန်တဲ့ပါတီတွေ ဝင်လို့ရတယ်။ NLD ကိုပဲ လက်မခံတာဗျ။"
သတ်မှတ်ထားတဲ့ဒေသတွေက ၀ိုင်းမော်မြို့နယ်က ဆဒုံး၊ ကန်ပိုက်တီး၊ ပန်ဝါ၊ မာန်နောင် ခဝါနဲ့ ရှငေါ်ချောင်းရိုးဒေသက ကျေးရွာတွေ၊ ချီဖွေမြို့နယ် အတွင်းက ကျေးရွာတွေ နဲ့ ဆော့လော်မြို့နယ်အတွင်းက ကျေးရွာတွေပါ၀င်ပါတယ်။
ပန်ဝါမြို့ျမှာ NLD ပါတီရဲ့ စည်းရုံးရေး ပိုစတာတွေကို ဖျက်ဆီးတာရှိသလို စည်းရုံးရေး သွားတဲ့ သူတွေကိုလည်း ခြိမ်းခြောက်တာတွေလည်း ရှိခဲ့တယ်လို့ ဦးကျော်ကျော်ဦး က ပြောပါတယ်။
"စက်တင်ဘာလ ၂၂၇က်ေျန့ ည ၈နာရီမှာ သူတို့ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို လာတွေ့တာဗျ။ အဲ့ဒီ့မှာ ကျနော်က ပန်ဝါမှာ ရောက်နေတာဗျ။ နောက်ပြီးတော့ သူတို့က ကျနော်တို့ ထောင်ထားတဲ့ ဗီနိုင်းတွေ ဘာတွေ ဖျက်ဆီးတာတွေ ဘာတွေ လုပ်တယ်။ အဲ့တာတွေ လုပ်လာတယ်။ ဒေသတွေပေါ့။ နောက်ပြီးတော့ အဲ့ဒီ့နေ့ညမှာပဲ ကျနော်တို့ကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်တဲ့ပုံစံမျိုး လက်နက်အဖွဲ့တွေ ကျနော်တို့နားကနေ ဖြတ်သွားဖြတ်လာလုပ်၊ ဗွီဒီယိုရိုက် ဓာတ်ပုံရိုက် အဲ့လိုမျိုးတွေ သူတို့ လုပ်နေတာမျိုးတွေရှိတယ်။ "
ဒီလို တားမြစ်တဲ့အတွက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် (၁၀ )ဦးအတွက် နစ်နာမှုရှိနေပြီး တားမြစ်တာကို ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားတယ်လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။
ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန်ယိန်းကတော့ ဘာကြောင့် တားမြစ်ရသလဲ ဆိုတာကို အခုလို ရှင်းပြပါတယ်။
"ဒီမှာကျတော့ အရင်တုန်းကဆိုရင်တော့ တစည ပါတီပဲရှိတယ်။ နောက်ပိုင်း မှာဆိုကျတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရှိလာတယ်။ အဲ့ဒီ့တော့ ကျနော်တို့လည်း ငြိမ်းချမ်းရေး ယူတဲ့အခါမှာ အဲ့ဒီ့ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၊ တပ်မတော်အစိုးရ နဲ့ ငြိမ်းချမ်းရေးယူလာတာဖြစ်တဲ့အခါကျတော့ အခုထက်ထိ ကျနော်တို့မှာကျတော့ အဲ့ဒီ့ဟာနဲ့ပတ်သက်ပြီး ဆက်သွယ်ဆက်ဆံနေသေး တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ကြံ့ခိုင်ရေးပါတီကိုပဲ ထောက်ခံ အားပေးဖို့ဆိုပြီးမှ ဝိုင်းပြီးတော့ ဒေသခံတွေ ဆုံးဖြတ်ထားတာရှိတယ်လေ။ ဆိုတော့ကာ ကျန်တဲ့ပါတီတွေ ပါတီတွေ ဆိုတာကလည်း ဒီလောက် စိတ်မဝင်စားကြပါဘူး။ "
ဦးစခုန်တိန်ယိန်းဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး NDA-K ခေါ် ကချင် ဒီမိုကရေစီသစ်တပ်မတော်ကို တည်ထောင်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ နိုဝင်ဘာလမှာတော့NDA-Kအဖွဲ့ဟာ အမှတ်(၁၀၀၁)၊ ၁၀၀၂ နဲ့ ၁၀၀၃ဆိုပြီး နယ်ခြားစောင့်တပ် ရင်း ၃ရင်း ပြောင်းလဲ ဖွဲ့စည်းခဲ့သလို ဦးစခုန်တိန်ယိန်းဟာလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၄က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်ခံခဲ့ရပါတယ်။
အခုလို တားမြစ်ရတဲ့ အခြားအချက်ကတော့ ဒီဒေသမှာ ရွေးခြယ်ခံမယ့် လွှတ်တော် ကိုယ်စားလှယ်တချို့ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလက ပြသနာဖြစ် ထားတဲ့သူတို့ ပါ၀င် လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူ အသိပေး ဆောင်ရွက်ဖို့ ရှိနေကြောင်း ပြောပါတယ်။
"အခုက ကျနော်တို့ကတော့ လာမယ့် ၂၉ရက်နေ့ကို ခေါ်ယူပြီးတော့ ညှိနှိုင်းဖို့ ရှိပါတယ်။ ဒါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ညွှန်ကြား ထားပါတယ်။ ခေါ်ယူညှိနှိုင်းပေးပါဆိုပြီး။ ညှိနှိုင်းတာ မဟုတ်ဘူး။ ခေါ်ယူ အသိပေးပါဆိုပြီး။ ကျနော်တို့ကတော့ code of conduct နဲ့ ၂/၂၀၁၄ ညွှန်ကြားချက် ၊ စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်ကိုပဲ အသိပေးဖို့ရှိပါတယ်။ အဲ့တာကို ခေါ်ပြီး အသိပေးမယ့် သဘောရှိပါတယ်။ ကျနော် ဦးစခုန်တိန်ယိန်းကို ခေါ်ထားပါတယ်။"
NLD ပါတီကိုယ်စားလှယ် ဦးကျော်ကျော်ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစခုန်တိန်ယိန်းတို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမှတ်၅ မဲဆန္ဒနယ်ကနေပြီး အခြား ပါတီတွေက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦးနဲ့အတူယှဉ်ပြိုင် အရွေးချယ်ခံကြမှာလည်း ဖြစ်ပါတယ်။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com