စစ္ေတြၿမိဳ႕နယ္ ဓည၀တီ ရပ္ကြက္တြင္ အသက္ရွစ္ႏွစ္အရြယ္ အမ်ဳိးသမီးငယ္အား ဒုတပ္ၾကပ္တစ္ဦးမွ အဓမၼျပဳက်င့္ သတင္းေၾကာင့္ ယခုလ (၂၃) ရက္ေန႔က စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ံုႀကီးတြင္ လူစုလူေ၀း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မေန႔က ေဆး႐ံုမွာျဖစ္တာက အဓမၼျပဳခံရတဲ့ ေကာင္မေလးက ေဆး႐ံုတင္ထားရတယ္။ ဖမ္းဆီးခံထားရတဲ့ ဒုတပ္ၾကပ္ရဲ႕ ေဆးစာသားကို ေဆး႐ံုမွာ လာယူတဲ့ အခ်ိန္မွာ ေဆး႐ံုမွာ ေနမေကာင္းလို႔ ဆံုးသြားတဲ့ ကေလးကလည္းရွိတယ္။ အဲဒီဆံုးသြားတဲ့ ကေလးကို လူနာေဆာင္ကေန ေရခဲတိုက္ကိုပို႔တာကို အဲဒီအဓမၼျပဳက်င့္ခံရတဲ့ ကေလးမေလး ဆံုးသြားတယ္ ဆိုၿပီးေတာ့ တစ္ေယာက္စကား တစ္ေယာက္ၾကားၿပီးေတာ့ လာသတင္းေမးၾကတာ၊ အဲဒါေၾကာင့္ လူစုလူေ၀း ျဖစ္သြားတာပါ”ဟု ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မွ ရဲမွဴးႀကီး သစ္ဆန္းက ေျပာသည္။
ထိုကဲ့သို႔ သတင္းလာေရာက္ ေမးသည့္သူမ်ားမွာ မီဒီယာသမားမ်ားျဖစ္ကာ သတင္းေမးရန္ လာၾကည့္သည့္ ေဒသခံမ်ားလည္းရွိၿပီး ယင္းကိစၥႏွင့္ ပတ္သက္၍ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ရဲမွဴးမ်ားမွ ျပန္လည္ ရွင္းျပသည့္ အတြက္ နားလည္ သေဘာေပါက္သြားေၾကာင္း ၎ကေျပာသည္။
“လူစုလူေ၀းျဖစ္ေတာ့ ရဲေတြ အေစာင့္ ခ်ထားတာေတာ့ ရွိတာေပါ့။ ပဋိပကၡေတာ့ မျဖစ္ပါဘူး”လို႔ ရခိုင္ျပည္နယ္ စစ္ေတြ ေဒသခံ ဦးသန္းထြန္းက ေျပာသည္။
အသက္ ရွစ္ႏွစ္အရြယ္ အမ်ဳိးသမီးငယ္အား အဓမၼက်င့္ခဲ့သည္ ဒုတပ္ၾကပ္ႀကီးအား စစ္ေတြၿမိဳ႕မရဲစခန္းမွ (ပ)၂၀၃/ ၂၀၁၅ ျပစ္မႈပုဒ္မ -၃၇၆ ျဖင့္ စက္တင္ဘာလ (၂၃) ရက္ေန႔ ညေန (၆) နာရီေက်ာ္တြင္ ဖမ္းဆီးၿပီး စစ္ေတြၿမိဳ႕မ ရဲစခန္းတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။
The Messenger Media
http://messengernewsjournal.com
......................................................
စစ်တွေမြို့နယ် ဓညဝတီ ရပ်ကွက်တွင် အသက်ရှစ်နှစ်အရွယ် အမျိုးသမီးငယ်အား ဒုတပ်ကြပ်တစ်ဦးမှ အဓမ္မပြုကျင့် သတင်းကြောင့် ယခုလ (၂၃) ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့က ဆေးရုံမှာဖြစ်တာက အဓမ္မပြုခံရတဲ့ ကောင်မလေးက ဆေးရုံတင်ထားရတယ်။ ဖမ်းဆီးခံထားရတဲ့ ဒုတပ်ကြပ်ရဲ့ ဆေးစာသားကို ဆေးရုံမှာ လာယူတဲ့ အချိန်မှာ ဆေးရုံမှာ နေမကောင်းလို့ ဆုံးသွားတဲ့ ကလေးကလည်းရှိတယ်။ အဲဒီဆုံးသွားတဲ့ ကလေးကို လူနာဆောင်ကနေ ရေခဲတိုက်ကိုပို့တာကို အဲဒီအဓမ္မပြုကျင့်ခံရတဲ့ ကလေးမလေး ဆုံးသွားတယ် ဆိုပြီးတော့ တစ်ယောက်စကား တစ်ယောက်ကြားပြီးတော့ လာသတင်းမေးကြတာ၊ အဲဒါကြောင့် လူစုလူဝေး ဖြစ်သွားတာပါ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သစ်ဆန်းက ပြောသည်။
ထိုကဲ့သို့ သတင်းလာရောက် မေးသည့်သူများမှာ မီဒီယာသမားများဖြစ်ကာ သတင်းမေးရန် လာကြည့်သည့် ဒေသခံများလည်းရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်နှင့် မြို့နယ်ရဲမှူးများမှ ပြန်လည် ရှင်းပြသည့် အတွက် နားလည် သဘောပေါက်သွားကြောင်း ၎င်းကပြောသည်။
“လူစုလူဝေးဖြစ်တော့ ရဲတွေ အစောင့် ချထားတာတော့ ရှိတာပေါ့။ ပဋိပက္ခတော့ မဖြစ်ပါဘူး”လို့ ရခိုင်ပြည်နယ် စစ်တွေ ဒေသခံ ဦးသန်းထွန်းက ပြောသည်။
အသက် ရှစ်နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မကျင့်ခဲ့သည် ဒုတပ်ကြပ်ကြီးအား စစ်တွေမြို့မရဲစခန်းမှ (ပ)၂၀၃/ ၂၀၁၅ ပြစ်မှုပုဒ်မ -၃၇၆ ဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့ ညနေ (၆) နာရီကျော်တွင် ဖမ်းဆီးပြီး စစ်တွေမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
The Messenger Media
http://messengernewsjournal.com