ေက်ာက္ပန္းေတာင္း စက္တင္ဘာ ၂၇
မႏၲေလးတုိင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားေတာင္ကလပ္၌ ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ ဘုိးေတာ္ ေအာင္မင္းေခါင္ထြက္ပဲြႀကီးကို ယခုႏွစ္တြင္ (၆၃)ႀကိမ္ ေျမာက္အျဖစ္ က်င္းပေတာ့မည္ျဖစ္ရာ အနယ္နယ္အရပ္ ရပ္မွ ယုံၾကည္ကုိးကြယ္သူမ်ား၊ ေစ်းေရာင္းေစ်းဝယ္သူ မ်ားျဖင့္ စည္ကားလ်က္ရွိေၾကာင္း သိရသည္။
ယံုၾကည္ကိုးကြယ္သူမ်ားမွာ အဓိ႒ာန္ဝင္ပုတီးစိပ္ျခင္း မ်ား ေဆာင္ရြက္ရန္အတြက္ ေတာ္သလင္းလဆန္း ၈ ရက္၊ ၉ ရက္မွစတင္၍ အစုအဖဲြ႕လုိက္ ေရာက္ရွိေနၾက ၿပီး ဆယ့္ႏွစ္ပဲြေစ်းသည္မ်ားႏွင့္ ေဒသခံေစ်းသည္မ်ား မွာလည္း မိမိတုိ႔ရရွိသည့္ေနရာမ်ားတြင္ ဆုိင္ခန္းမ်ား ေဆာက္လုပ္လ်က္ စားေသာက္ကုန္မ်ား၊ ေဒသထြက္လက္ မႈပစၥည္းမ်ား၊ တုိင္းရင္းေဆးျမစ္မ်ား၊ ျခံထြက္သစ္သီးဝလံ မ်ားကို ေရာင္းခ်ရန္အဆင္သင့္ျဖစ္ေနၾကေၾကာင္း သိရ သည္။
ဘုိးေတာ္ထြက္ပဲြတြင္ အနယ္နယ္အရပ္ရပ္မွ ယုံၾကည္ ကုိးကြယ္သူမ်ားသည္ လဆန္းရက္မွစတင္ကာ ဘုိးေတာ္ ထြက္ပဲြ၏ အဓိကေန႔ျဖစ္ေသာ ေတာ္သလင္းလျပည့္ေက်ာ္ ၂ ရက္ကုိ ေနာက္ဆုံးထား၍ အဓိ႒ာန္ဝင္ျခင္း၊ အဓိ႒ာန္ ပုတီးစိပ္ျခင္းမ်ား ေဆာင္ရြက္ၾကၿပီး ဓာတ္ခန္းမ်ားတြင္ ကန္ေတာ့ပဲြမ်ားထိုး၍လည္း ပူေဇာ္ၾကသည္။ ထို႔ေၾကာင့္ ဘုိးေတာ္ထြက္ပဲြရက္တြင္ ေဒသထြက္ငွက္ေပ်ာမ်ား ထြက္ သေလာက္ေရာင္းခ်ၾကရသည္။
''ကန္ေတာ့ပဲြတစ္ပဲြမွာ ငွက္ေပ်ာဖီးက ၁ဝ၈ ဖီးပါတယ္။ အုန္းသီးတစ္လုံးပါတယ္။ က်န္တာကေတာ့ အေမႊးတုိင္၊ ဖေယာင္းတုိင္တုိ႔၊ တံခြန္၊ ကုကၠားတုိ႔ အျပည့္အစုံေပါ့။ တခ်ဳိ႕လည္း ေကာ္ဖီမစ္ေတြ၊ စီးကရက္ဘူးေတြကအစ ထည့္တာေပါ့။ တန္ဖုိးကေတာ့ ပဲြတစ္ပဲြကုိ ႐ိုး႐ုိးရခုိင္ ငွက္ေပ်ာနဲ႔ပဲြဆုိရင္ ငါးေသာင္းခဲြ၊ ေျခာက္ေသာင္းရွိတယ္။ ဖီးၾကမ္းငွက္ေပ်ာနဲ႔ဆုိ တစ္သိန္းေက်ာ္ရွိတယ္။ ေရႊငွက္ ေပ်ာနဲ႔ဆုိရင္ေတာ့ သုံးသိန္းေက်ာ္ေလာက္ျဖစ္သြားၿပီ။ ငွက္ေပ်ာပဲြဖုိးက ဒီေလာက္မဟုတ္ဘူး။ ငွက္ေပ်ာအထမ္း သမားအတြက္ သယ္ယူစရိတ္က မ်ားတာပါ။ အမ်ားအား ျဖင့္ လျပည့္ေက်ာ္မွ စုျပံဳၿပီးလာၾက၊ အလုအယက္ပဲြေပးၾက အဓိ႒ာန္ဝင္ၾက လုပ္ၾကတာေလ။ အဲဒီရက္ေတြက်ေတာ့ အထက္ဓာတ္ခန္းေတြအထိ ငွက္ေပ်ာသမားေတြက ပင္ပင္ပန္းပန္းတက္ၾကရတာ။ ဒါေၾကာင့္ သယ္ယူခက အေပၚေရာက္ေလေစ်းျမင့္ေလေပါ့''ဟု ေတာင္ကလပ္မွ မူလဓာတ္ခန္းတာဝန္ခံ ကုိသန္႔စင္က ေျပာသည္။
ဘုိးေတာ္ထြက္ပဲြရက္မ်ားတြင္ ေဒသတြင္းေစ်းသည္ မ်ား၊ အထမ္းသမားလုပ္သားမ်ားႏွင့္ ယာယီဆုိင္ကယ္ ကယ္ရီဆြဲသူမ်ား လုပ္ငန္းအဆင္ေျပၾကေသာ္လည္း ႏွစ္ပတ္လည္လုပ္ကိုင္ၾကသည့္ ေဒသခံဆုိင္ကယ္ ကယ္ရီ သမားမ်ားမွာ လုပ္ငန္းအဆင္မေျပေၾကာင္း သိရသည္။
''ဒီရက္ေတြမ်ဳိးကုိ ကြၽန္ေတာ္တုိ႔ အၿမဲတန္းဆဲြေနတဲ့ ကယ္ရီသမားေတြကေတာ့ သိပ္မႀကိဳက္ဘူးဗ်။ ဘာလုိ႔ လဲဆုိ ယာယီလာၿပီးလုပ္တဲ႔သူေတြ သိပ္မ်ားတယ္။ ကြၽန္ေတာ္တုိ႔ ပုံမွန္သမားက ၅ဝ ေလာက္ပဲရွိတာ။ ဒီလုိ ပဲြေတာ္ရက္မွာ အနီးပတ္ဝန္းက်င္ရြာေတြကလည္း လာ ဆဲြၾကတယ္။ ေရနံေခ်ာင္း၊ ေခ်ာက္၊ ေညာင္ဦး၊ ျမင္းျခံဘက္ ေတြကလည္း ငါးေယာက္တစ္ဖဲြ႕၊ သံုးေယာက္တစ္ဖဲြ႕လာၿပီး လုပ္ၾကတယ္။ သူတုိ႔ေတြက လမ္းလည္းမကြၽမ္းက်င္ၾက ဘူး။ ၿပီးေတာ့ ရခ်င္ေဇာနဲ႔ အလုအယက္ ေမာင္းၾကတယ္။ အဲဒီေတာ့ တခ်ဳိ႕က အႏၲရာယ္ျဖစ္တယ္။ ဒီၾကားထဲမွာ မသမာတဲ႔သူေတြက ပါေသးတယ္။
ဧည့္သည္ပစၥည္းကုိ ေခ်ာင္ရင္ေခ်ာင္သလုိ 'မ'ေျပးတဲ့ ေကာင္ကရွိတယ္။ နာမည္ပ်က္ေတာ့ ကြၽန္ေတာ္တုိ႔ေဒသခံေတြပါေရာၿပီး နာမည္ပ်က္တယ္ဗ်''ဟု ပုပၸားၿမိဳ႕ေပၚမွ ဆုိင္ကယ္ကယ္ရီ သမား ကုိငယ္က ေျပာသည္။
ဘုိးေတာ္ေအာင္မင္းေခါင္သည္ ျမန္မာသကၠရာဇ္ ၁၃ဝဝ ျပည့္ႏွစ္တြင္ ပုပၸားေဒသသုိ႔ ေရာက္ရွိလာၿပီး ၁၃၁၄ ခုႏွစ္ ေတာ္သလင္းလျပည့္ေက်ာ္ ၂ ရက္တြင္ ေတာင္ကလပ္ေပၚ၌ ကြယ္လြန္အနိစၥေရာက္ကာ အေသ ထြက္ ပုဂၢိဳလ္ထူးျဖစ္ေၾကာင္း ကိုးကြယ္သူမ်ားက ယံုၾကည္ ၾကသည္။
၄င္းကြယ္လြန္သည့္ေန႔ေရာက္တုိင္း ၄င္း၏အက်င့္စရဏကုိ ယုံၾကည္ၾကသူမ်ားက တစ္ဦးခ်င္းေသာ္ လည္းေကာင္း၊ အစုအဖဲြ႕လုိက္ေသာ္လည္းေကာင္း အစဥ္ အလာမပ်က္ လာေရာက္ၾက၍ ယုံၾကည္မႈကုိအေျခခံၿပီး ဘုိးေတာ္ေအာင္မင္းေခါင္အားရည္စူးကာ စတုဒိသာေကြၽး ျခင္း၊ ပရိတ္ပ႒ာန္းမ်ားရြတ္ဖတ္ျခင္း၊ အဓိ႒ာန္ဝင္ျခင္း၊ ေငြေၾကးစြန္႔ႀကဲလွဴဒါန္းျခင္းမ်ားကုိ အဖဲြ႕လုိက္ ေအာင္ စည္ေအာင္ေမာင္းတီးခတ္ကာ အဓိ႒ာန္ေအာင္ ေၾကြး ေၾကာ္သံမ်ားျဖင့္ စီတန္းလွည့္လည္ ကုသုိလ္ျပဳၾကသည့္ ပဲြေတာ္တစ္ခုျဖစ္သည္။
ေနေအာင္(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..........................................
ကျောက်ပန်းတောင်း စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘိုးတော် အောင်မင်းခေါင်ထွက်ပွဲကြီးကို ယခုနှစ်တွင် (၆၃)ကြိမ် မြောက်အဖြစ် ကျင်းပတော့မည်ဖြစ်ရာ အနယ်နယ်အရပ် ရပ်မှ ယုံကြည်ကိုးကွယ်သူများ၊ စျေးရောင်းစျေးဝယ်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယုံကြည်ကိုးကွယ်သူများမှာ အဓိဋ္ဌာန်ဝင်ပုတီးစိပ်ခြင်း များ ဆောင်ရွက်ရန်အတွက် တော်သလင်းလဆန်း ၈ ရက်၊ ၉ ရက်မှစတင်၍ အစုအဖွဲ့လိုက် ရောက်ရှိနေကြ ပြီး ဆယ့်နှစ်ပွဲစျေးသည်များနှင့် ဒေသခံစျေးသည်များ မှာလည်း မိမိတို့ရရှိသည့်နေရာများတွင် ဆိုင်ခန်းများ ဆောက်လုပ်လျက် စားသောက်ကုန်များ၊ ဒေသထွက်လက် မှုပစ္စည်းများ၊ တိုင်းရင်းဆေးမြစ်များ၊ ခြံထွက်သစ်သီးဝလံ များကို ရောင်းချရန်အဆင်သင့်ဖြစ်နေကြကြောင်း သိရ သည်။
ဘိုးတော်ထွက်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည် ကိုးကွယ်သူများသည် လဆန်းရက်မှစတင်ကာ ဘိုးတော် ထွက်ပွဲ၏ အဓိကနေ့ဖြစ်သော တော်သလင်းလပြည့်ကျော် ၂ ရက်ကို နောက်ဆုံးထား၍ အဓိဋ္ဌာန်ဝင်ခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းများ ဆောင်ရွက်ကြပြီး ဓာတ်ခန်းများတွင် ကန်တော့ပွဲများထိုး၍လည်း ပူဇော်ကြသည်။ ထို့ကြောင့် ဘိုးတော်ထွက်ပွဲရက်တွင် ဒေသထွက်ငှက်ပျောများ ထွက် သလောက်ရောင်းချကြရသည်။
''ကန်တော့ပွဲတစ်ပွဲမှာ ငှက်ပျောဖီးက ၁ဝ၈ ဖီးပါတယ်။ အုန်းသီးတစ်လုံးပါတယ်။ ကျန်တာကတော့ အမွှေးတိုင်၊ ဖယောင်းတိုင်တို့၊ တံခွန်၊ ကုက္ကားတို့ အပြည့်အစုံပေါ့။ တချို့လည်း ကော်ဖီမစ်တွေ၊ စီးကရက်ဘူးတွေကအစ ထည့်တာပေါ့။ တန်ဖိုးကတော့ ပွဲတစ်ပွဲကို ရိုးရိုးရခိုင် ငှက်ပျောနဲ့ပွဲဆိုရင် ငါးသောင်းခွဲ၊ ခြောက်သောင်းရှိတယ်။ ဖီးကြမ်းငှက်ပျောနဲ့ဆို တစ်သိန်းကျော်ရှိတယ်။ ရွှေငှက် ပျောနဲ့ဆိုရင်တော့ သုံးသိန်းကျော်လောက်ဖြစ်သွားပြီ။ ငှက်ပျောပွဲဖိုးက ဒီလောက်မဟုတ်ဘူး။ ငှက်ပျောအထမ်း သမားအတွက် သယ်ယူစရိတ်က များတာပါ။ အများအား ဖြင့် လပြည့်ကျော်မှ စုပြုံပြီးလာကြ၊ အလုအယက်ပွဲပေးကြ အဓိဋ္ဌာန်ဝင်ကြ လုပ်ကြတာလေ။ အဲဒီရက်တွေကျတော့ အထက်ဓာတ်ခန်းတွေအထိ ငှက်ပျောသမားတွေက ပင်ပင်ပန်းပန်းတက်ကြရတာ။ ဒါကြောင့် သယ်ယူခက အပေါ်ရောက်လေစျေးမြင့်လေပေါ့''ဟု တောင်ကလပ်မှ မူလဓာတ်ခန်းတာဝန်ခံ ကိုသန့်စင်က ပြောသည်။
ဘိုးတော်ထွက်ပွဲရက်များတွင် ဒေသတွင်းစျေးသည် များ၊ အထမ်းသမားလုပ်သားများနှင့် ယာယီဆိုင်ကယ် ကယ်ရီဆွဲသူများ လုပ်ငန်းအဆင်ပြေကြသော်လည်း နှစ်ပတ်လည်လုပ်ကိုင်ကြသည့် ဒေသခံဆိုင်ကယ် ကယ်ရီ သမားများမှာ လုပ်ငန်းအဆင်မပြေကြောင်း သိရသည်။
''ဒီရက်တွေမျိုးကို ကျွန်တော်တို့ အမြဲတန်းဆွဲနေတဲ့ ကယ်ရီသမားတွေကတော့ သိပ်မကြိုက်ဘူးဗျ။ ဘာလို့ လဲဆို ယာယီလာပြီးလုပ်တဲ့သူတွေ သိပ်များတယ်။ ကျွန်တော်တို့ ပုံမှန်သမားက ၅ဝ လောက်ပဲရှိတာ။ ဒီလို ပွဲတော်ရက်မှာ အနီးပတ်ဝန်းကျင်ရွာတွေကလည်း လာ ဆွဲကြတယ်။ ရေနံချောင်း၊ ချောက်၊ ညောင်ဦး၊ မြင်းခြံဘက် တွေကလည်း ငါးယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့လာပြီး လုပ်ကြတယ်။ သူတို့တွေက လမ်းလည်းမကျွမ်းကျင်ကြ ဘူး။ ပြီးတော့ ရချင်ဇောနဲ့ အလုအယက် မောင်းကြတယ်။ အဲဒီတော့ တချို့က အန္တရာယ်ဖြစ်တယ်။ ဒီကြားထဲမှာ မသမာတဲ့သူတွေက ပါသေးတယ်။
ဧည့်သည်ပစ္စည်းကို ချောင်ရင်ချောင်သလို 'မ'ပြေးတဲ့ ကောင်ကရှိတယ်။ နာမည်ပျက်တော့ ကျွန်တော်တို့ဒေသခံတွေပါရောပြီး နာမည်ပျက်တယ်ဗျ''ဟု ပုပ္ပားမြို့ပေါ်မှ ဆိုင်ကယ်ကယ်ရီ သမား ကိုငယ်က ပြောသည်။
ဘိုးတော်အောင်မင်းခေါင်သည် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်တွင် ပုပ္ပားဒေသသို့ ရောက်ရှိလာပြီး ၁၃၁၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၂ ရက်တွင် တောင်ကလပ်ပေါ်၌ ကွယ်လွန်အနိစ္စရောက်ကာ အသေ ထွက် ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ကိုးကွယ်သူများက ယုံကြည် ကြသည်။
၄င်းကွယ်လွန်သည့်နေ့ရောက်တိုင်း ၄င်း၏အကျင့်စရဏကို ယုံကြည်ကြသူများက တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း အစဉ် အလာမပျက် လာရောက်ကြ၍ ယုံကြည်မှုကိုအခြေခံပြီး ဘိုးတော်အောင်မင်းခေါင်အားရည်စူးကာ စတုဒိသာကျွေး ခြင်း၊ ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ ငွေကြေးစွန့်ကြဲလှူဒါန်းခြင်းများကို အဖွဲ့လိုက် အောင် စည်အောင်မောင်းတီးခတ်ကာ အဓိဋ္ဌာန်အောင် ကြွေး ကြော်သံများဖြင့် စီတန်းလှည့်လည် ကုသိုလ်ပြုကြသည့် ပွဲတော်တစ်ခုဖြစ်သည်။
နေအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS