Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေျမာက္ဦးတြင္ လည္ပင္း ဓားဒဏ္ရာျဖင့္ ဘုန္းၾကီးေသဆံုးမႈ ျမိ္ဳ႕နယ္ ရဲမွဴးက ျမိဳ႕လူထုကို ေခၚယူုရွင္းလင္း

$
0
0
( ေျမာက္ဦးတြင္ ရွင္းလင္းပြဲ ျပဳလုပ္ေနသည္ကို ေတြ႕ရစဥ္။ ဓာတ္ပံု- နိရဥၥရာ)
ရန္ကုန္၊ စက္တင္ဘာ ၂၈

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕တြင္ တစ္ပါးတည္း ေတာရပ္ ေဆာက္တည္ေနသည့္ ဘုန္းေတာ္ၾကီး တစ္ပါး လည္ပင္းတြင္ ဓါးဒဏ္ရာျဖင့္ ေသဆံုးေနမႈႏွင့္ ပတ္သက္ျပီး ေျမာက္ဦးျမိဳ႕နယ္ ရဲမွဴး ျမင့္ေသာင္းက ျမိဳ႕လူထုကို ေခၚယူျပီး ရွင္းလင္းပြဲ တစ္ရပ္ကို စက္တင္ဘာလ ၂၆ ရက ္ေန႕လယ္ တစ္နာရီက ျပဳလုပ္ခဲ့သည္။

ထိုသို႕ ရွင္းလင္းရျခင္းမွာ ရဟန္းေတာ္မ်ားႏွင့္ ေဒသခံမ်ားမွ ၎ဘုန္းၾကီး ေသဆံုးမႈမွာ မိမိကုိယ္ကို သတ္ေသဆံုး ျခင္း မဟုတ္ဘဲ၊ လုပ္ၾကံသတ္ျဖတ္ခံရျခင္း ျဖစ္သည္ဟု သံသယမ်ားရွိေနၾကသည့္ အျပင္ ေျပာဆိုေနမႈမ်ားလည္း က်ယ္က်ယ္ျပန္႕ျပန္႕ ထြက္ေပၚေနေသာေၾကာင္း ျဖစ္သည္ဟု သိရသည္။

ျမိဳ႕နယ္ ရဲမွဴး ျမင့္ေသာင္းက “ ကၽြန္ေတာ္တို႕က ဘာမွ အမႈကို ျဖစ္တဲ့ အတိုင္း အမွန္ မေျပာစရာ အေၾကာင္း မရွိပါဘူး။ ဘုန္းၾကီးရဲ႕ အစ္ကိုေတာ္စပ္သူ ဦးျမသာရဲ႕ ထြက္ဆိုခ်က္၊ ေျမျပင္ အေနအထား၊ ေသဆံုးတဲ့ ဘုန္းေတာ္ၾကီးရဲ႕ အနီးပတ္၀န္းက်င္ အေျခအေနေတြကို စစ္ေဆးျပီးေတာ့မွ ဘုန္းၾကီးက ကိုယ္ကိုကိုယ္ သတ္ေသႏိုင္တဲ့ အေနအထားမ်ိဳး ရွိတာကို စစ္ေဆး ေတြ႕ရတဲ့ အတြက္ ခုလို မ်ိဳး သတ္ေသတာ ျဖစ္ႏိုင္တယ္လို႕ ေျပာဆိုရတာ ျဖစ္ပါတယ္” ဟု ၎ ရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

အခင္းျဖစ္ပြားျပီးေနာက္ ဘုန္းေတာ္ၾကီး ဦးခႏၱီစာရ ဆြမ္းခံ မထြက္ သည္မွာ ႏွစ္ရက္ခန္႕ ရွိေနျပီ ျဖစ္ေသာ ေၾကာင့္ အစ္ကို ျဖစ္သူ ဦးျမသာႏွင့္ ေဆြမ်ိဳးေတာ္စပ္သူ ေမာင္ေစာေခ်တို႕ သြားေရာက္ ၾကည့္ရွဳ႕စဥ္ ေက်ာင္း၀င္း ျခံတံခါးကို ပိတ္ထား သည္ကို ေတြ႕ရသျဖင့္ ျခံစည္းရိုး တံခါးကို ဖြင့္၀င္ ခဲ့ေၾကာင္း၊ ေက်ာင္းေရွ႕သို႕ ေရာက္စဥ္ ေက်ာင္းတံခါးကိုလည္း ပိတ္ထားသည္ကို ေတြ႕ရေၾကာင္း၊ တြန္းၾကည့္ရာ ၀င္၍ မရေၾကာင္း၊ သုိ႕အတြက္ ေက်ာင္းေနာက္ေဘး တံခါးေပါက္မွ အတင္း တြန္း၀င္ရာ ေက်ာင္းထဲသို႕ ေရာက္ေၾကာင္း၊ ေက်ာင္းထဲတြင္ ဦးခႏၱီစာရ က်ိန္းေသာ အခန္းကိုလည္း တံခါးပိတ္ထားရာ တြန္း၀င္ရေၾကာင္း၊ အထဲကို ေရာက္မွ ဘုန္းၾကီးမွာ လည္ပင္းတြင္ ဓားဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရေၾကာင္း၊ ဘုန္းၾကီး အနီးတြင္ ေသြးမ်ားကို ခံထားေသာ ေထြးခံတစ္လံုးႏွင့္ မီးဖိုေခ်ာင္သံုး ဓားငယ္ တစ္လက္ကို ေသြးအနည္းငယ္ ပယ္၍ ေတြ႕ရေၾကာင္း၊ ယင္းအျပင္ ဘုန္းၾကီး၏ လည္ပင္းေအာက္တြင္ သစ္သားအမာ တစ္ခုကို လည္ပင္းေအာက္က ခံ၍ ေတြ႕ရွိသည္ဟု အစ္ကို ျဖစ္သူက ေျပာေၾကာင္း၊ ယင္းေတြ႕ရွိခ်က္မ်ားကို သံုးသပ္ ၾကည့္ရွဳ႕ျခင္း အားျဖင့္ မိမိကိုယ္ကို သတ္ေသပံုရေၾကာင္း၊ အကယ္၍ တစ္ဖြဲ႕ဖြဲ႕က ေသာ္လည္းေကာင္း၊ တစ္စံုတစ္ေယာက္ကလည္း ေသာ္လည္းေကာင္း သတ္ပါက ေက်ာင္းတံခါးမ်ား၊ ျခံစည္းရိုးမ်ား ပြင့္၍ ရွိရမည္ ျဖစ္ပါေၾကာင္း ေျပာဆိုသည္။

၎ျပင္ ယခုအခါ ေသြးမ်ားႏွင့္ သက္ေသခံ အေထာက္အထားမ်ား ကို ေနျပည္ေတာ္ CID အဆင့္ျမင့္ စစ္ေဆးရန္ ပို႕ေဆာင္ထားျပီ ျဖစ္ေၾကာင္း၊ မိမိမွာ လုပ္သက္ ၂၀ ခန္႕ ရွိျပီး လူသတ္မႈ ႏွင့္ ပတ္သက္ျပီး အမႈေပါင္းမ်ားစြာကို လိုက္ခဲ့ဖူးသူ ျဖစ္ေၾကာင္း၊ အမွန္တရား အတိုင္း ျဖစ္ေစရမည္ဟု ျမိဳ႕နယ္မွဴးက ေျပာဆိုသည္။

အစ္ကို ျဖစ္သူ ဦးျမသာကလည္း လူထုေရွ႕တြင္ ထြက္ဆိုရာ စက္တင္ဘာလ ၂၀ ေန႕နံနက္ ၁၁ နာရီခြဲတြင္ ေက်ာင္းသို႕ သြားေၾကာင္း၊ သူ၏ ေယာက္ဖ ေတာ္စပ္သူ ေမာင္ေစာေခ်မွာ ၀ိမလေတာင္က ဥပုတ္နဲ႕ လာေၾကာင္း၊ ေက်ာင္း၀ကို ေသ့ာခေလာက္ ခတ္ထားေၾကာင္း၊ ဘုန္းၾကီးေက်ာင္းတစ္ခုလံုးကို ပိတ္ထားသည္ကို ေတြ႕ရေၾကာင္း၊ ဘုန္းၾကီး အနီးတြင္ မီးဖိုေခ်ာင္သံုး ဓါး၊ ေထြးခံ တစ္လံုး၊ ေခါင္းေအာက္တြင္ အမာခံ သစ္သား တစ္ခုတို႕ကို ေတြ႕ရေၾကာင္း။ အခန္းထဲကို ၀င္ၾကည့္ရာတြင္ ဓါးဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရေၾကာင္း ေျပာၾကားသည္။

ဆရာေတာ္ ေသဆံုးစဥ္ စတင္ သြားေရာက္ စစ္ေဆးခဲ့ သည့္ ေျမာက္ဦး ရဲစခန္းမွဴး ဦးသာဇံဦးကလည္း “ ေသဆံုးသူ ဆရာေတာ္ ၏ ေဘးနား တြင္ ႏွစ္လက္မ အရွည္ ဓါးကေလး တစ္ေခ်ာင္း၊ စတီးလ္ဓါးေပါ့၊ အရိုးက ေလးလက္မ၊ အရွည္က သံုးလက္မ၊ ေပါင္းရင္ ခုႏွစ္လက္မ ရွည္တဲ့ ဓါးကေလး တစ္ေခ်ာင္းကိုေတြ႕ေၾကာင္း၊ အဲဒီ ဓါးမွာ ေသြးေတြ ေပေနတယ္။ ဆရာေတာ္ ေခါင္းရင္းေဘးမွာ တယ္လီဖုန္း တစ္လံုး၊ အဲဒီနားမွာ ႏွစ္ေပ အကြာေလာက္မွာ သစ္သား ပ်ဥ္ကတိုးသစ္သား တစ္ေတာင္ခန္႕ရွိတဲ့ သစ္သားပိုင္း တစ္ပိုင္းေတြ႕တယ္၊ စတီးလ္ ေသြးေတြ ၀င္ေနတဲ့ ေထြးခံေလး တစ္လံုးေတြ႕ပါတယ္။ ဆရာေတာ္မွာ မ်က္မွန္က ႏွစ္လက္ပါ။ စာၾကည့္ မ်က္မွန္လို႕ ယူဆရတဲ့ မ်က္မွန္က ႏွစ္လက္ပါ။ ဆရာေတာ္ရဲ႕ ေဘးနားမွာ ေတြ႕ပါတယ္။ အဲဒီ အေနထားကို မွတ္တမ္းတင္ ဓာတ္ပံုရိုက္ပါတယ္။ သက္ေသ ဟူသမွ်ကို စစ္ေဆးလို႕ ရပါတယ္။ ေသမႈ ေသခင္း ဖြင့္ပါတယ္။ အမူဖြင့္တဲ့ သေဘာပါ။ သို႕ေသာ္ ေလာေလာဆယ္ အေနအထားကို ၾကည့္ေတာ့ ေတြ႕ရတဲ့ အေျခအေနမ်ိဳးက ကုိယ္ကို ျဖစ္နိုင္တယ္။ Suicide လုပ္တ့ဲ အေနအထားမ်ိဳးေပါ့။ ျပည့္ျပည့္စံုစံုကိုေတာ့ မေျပာႏိုင္ေသဘူး။ အခု ေဆးစစ္ဖို႕ ေျမာက္ဦးေဆးရံုကို ပို႕ထားပါတယ္” ဟု ေျပာသည္။

တက္ေရာက္လာေသာ ဆရာေတာ္ တစ္ပါးကမူ အမႈကို တကယ္ျဖစ္ပြားရေသာ အေၾကာင္းျခင္းရာကို အေသးစိတ္ မသိရခင္ မိမိကိုယ္ကို သတ္ေသမႈဟု ထုတ္ျပန္ျခင္းမွာ အခ်ိန္ေစာလြန္းေနသည္ဟု ထင္ေၾကာင္း ေ၀ဖန္ ေထာက္ျပ ေျပာဆိုသည္။

ရွင္းလင္းပြဲသို႕ တက္ေရာက္လာသူ ျမိဳ႕ဦးေခါင္းဆရာေတာ္ ဦး၀႑သာရမွ မိမိတို႕အေနျဖင့္ အမွန္တရားကို သိလိုေၾကာင္း၊ ဆရာေတာ္သည္ အမွန္တကယ္ မိမိကိုယ္ကို သတ္ေသသလား၊ သူတစ္ပါးက လုပ္ၾကံ သတ္ျဖတ္သလားဆိုသည့္ အခ်က္ ႏွစ္ခ်က္ထဲမွ တစ္ခ်က္ကို သိလုိေၾကာင္း ေျပာဆိုသည္။

ေျမာက္ဦးျမိဳ႕နယ္တြင္ ယခင္ႏွစ္ကလည္း သက္ေတာ္ ၈၀ ခန္႕ရွိ ရဟန္းေတာ္ တစ္ပါး ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ရေသာ္လည္း အမႈကို မေဖာ္ထုတ္နိုင္ခဲ့ေၾကာင္း၊ ယခုလည္း ဆရာေတာ္ တစ္ပါး လည္ပင္းတြင္ ဓားဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိရေသာ္လည္း အမႈမွန္ကို မေဖာ္ထုတ္နိုင္ဘဲ ရွိပါက ေျမာက္ဦးျမိဳ႕နယ္တြင္ သီတင္း သံုးေနေသာ ရဟန္းေတာ္မ်ား အတြက္ စိုးရိမ္စရာ ျဖစ္ေနသျဖင့္ အမႈကို အျမန္ဆံုး ေဖာ္ထုတ္ရန္ လိုအပ္ေၾကာင္း တက္ေရာက္လာေသာ ဆရာေတာ္တစ္ပါးကလည္း တိုက္တြန္း ေျပာဆိုသည္။

Arakan State
https://www.facebook.com/NarinjaraNews
...........................

( မြောက်ဦးတွင် ရှင်းလင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- နိရဥ္စရာ)
ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တစ်ပါးတည်း တောရပ် ဆောက်တည်နေသည့် ဘုန်းတော်ကြီး တစ်ပါး လည်ပင်းတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေမှုနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲမှူး မြင့်သောင်းက မြို့လူထုကို ခေါ်ယူပြီး ရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာလ ၂၆ ရက ်နေ့လယ် တစ်နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ ရှင်းလင်းရခြင်းမှာ ရဟန်းတော်များနှင့် ဒေသခံများမှ ၎င်းဘုန်းကြီး သေဆုံးမှုမှာ မိမိကိုယ်ကို သတ်သေဆုံး ခြင်း မဟုတ်ဘဲ၊ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သံသယများရှိနေကြသည့် အပြင် ပြောဆိုနေမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသောကြောင်း ဖြစ်သည်ဟု သိရသည်။

မြို့နယ် ရဲမှူး မြင့်သောင်းက “ ကျွန်တော်တို့က ဘာမှ အမှုကို ဖြစ်တဲ့ အတိုင်း အမှန် မပြောစရာ အကြောင်း မရှိပါဘူး။ ဘုန်းကြီးရဲ့ အစ်ကိုတော်စပ်သူ ဦးမြသာရဲ့ ထွက်ဆိုချက်၊ မြေပြင် အနေအထား၊ သေဆုံးတဲ့ ဘုန်းတော်ကြီးရဲ့ အနီးပတ်ဝန်းကျင် အခြေအနေတွေကို စစ်ဆေးပြီးတော့မှ ဘုန်းကြီးက ကိုယ်ကိုကိုယ် သတ်သေနိုင်တဲ့ အနေအထားမျိုး ရှိတာကို စစ်ဆေး တွေ့ရတဲ့ အတွက် ခုလို မျိုး သတ်သေတာ ဖြစ်နိုင်တယ်လို့ ပြောဆိုရတာ ဖြစ်ပါတယ်” ဟု ၎င်း ရှင်းလင်းပွဲတွင် ပြောကြားသည်။

အခင်းဖြစ်ပွားပြီးနောက် ဘုန်းတော်ကြီး ဦးခန္တီစာရ ဆွမ်းခံ မထွက် သည်မှာ နှစ်ရက်ခန့် ရှိနေပြီ ဖြစ်သော ကြောင့် အစ်ကို ဖြစ်သူ ဦးမြသာနှင့် ဆွေမျိုးတော်စပ်သူ မောင်စောချေတို့ သွားရောက် ကြည့်ရှု့စဉ် ကျောင်းဝင်း ခြံတံခါးကို ပိတ်ထား သည်ကို တွေ့ရသဖြင့် ခြံစည်းရိုး တံခါးကို ဖွင့်ဝင် ခဲ့ကြောင်း၊ ကျောင်းရှေ့သို့ ရောက်စဉ် ကျောင်းတံခါးကိုလည်း ပိတ်ထားသည်ကို တွေ့ရကြောင်း၊ တွန်းကြည့်ရာ ၀င်၍ မရကြောင်း၊ သို့အတွက် ကျောင်းနောက်ဘေး တံခါးပေါက်မှ အတင်း တွန်းဝင်ရာ ကျောင်းထဲသို့ ရောက်ကြောင်း၊ ကျောင်းထဲတွင် ဦးခန္တီစာရ ကျိန်းသော အခန်းကိုလည်း တံခါးပိတ်ထားရာ တွန်းဝင်ရကြောင်း၊ အထဲကို ရောက်မှ ဘုန်းကြီးမှာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ဘုန်းကြီး အနီးတွင် သွေးများကို ခံထားသော ထွေးခံတစ်လုံးနှင့် မီးဖိုချောင်သုံး ဓားငယ် တစ်လက်ကို သွေးအနည်းငယ် ပယ်၍ တွေ့ရကြောင်း၊ ယင်းအပြင် ဘုန်းကြီး၏ လည်ပင်းအောက်တွင် သစ်သားအမာ တစ်ခုကို လည်ပင်းအောက်က ခံ၍ တွေ့ရှိသည်ဟု အစ်ကို ဖြစ်သူက ပြောကြောင်း၊ ယင်းတွေ့ရှိချက်များကို သုံးသပ် ကြည့်ရှု့ခြင်း အားဖြင့် မိမိကိုယ်ကို သတ်သေပုံရကြောင်း၊ အကယ်၍ တစ်ဖွဲ့ဖွဲ့က သော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကလည်း သော်လည်းကောင်း သတ်ပါက ကျောင်းတံခါးများ၊ ခြံစည်းရိုးများ ပွင့်၍ ရှိရမည် ဖြစ်ပါကြောင်း ပြောဆိုသည်။

၎င်းပြင် ယခုအခါ သွေးများနှင့် သက်သေခံ အထောက်အထားများ ကို နေပြည်တော် CID အဆင့်မြင့် စစ်ဆေးရန် ပို့ဆောင်ထားပြီ ဖြစ်ကြောင်း၊ မိမိမှာ လုပ်သက် ၂၀ ခန့် ရှိပြီး လူသတ်မှု နှင့် ပတ်သက်ပြီး အမှုပေါင်းများစွာကို လိုက်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ အမှန်တရား အတိုင်း ဖြစ်စေရမည်ဟု မြို့နယ်မှူးက ပြောဆိုသည်။

အစ်ကို ဖြစ်သူ ဦးမြသာကလည်း လူထုရှေ့တွင် ထွက်ဆိုရာ စက်တင်ဘာလ ၂၀ နေ့နံနက် ၁၁ နာရီခွဲတွင် ကျောင်းသို့ သွားကြောင်း၊ သူ၏ ယောက်ဖ တော်စပ်သူ မောင်စောချေမှာ ၀ိမလတောင်က ဥပုတ်နဲ့ လာကြောင်း၊ ကျောင်းဝကို သေ့ာခလောက် ခတ်ထားကြောင်း၊ ဘုန်းကြီးကျောင်းတစ်ခုလုံးကို ပိတ်ထားသည်ကို တွေ့ရကြောင်း၊ ဘုန်းကြီး အနီးတွင် မီးဖိုချောင်သုံး ဓါး၊ ထွေးခံ တစ်လုံး၊ ခေါင်းအောက်တွင် အမာခံ သစ်သား တစ်ခုတို့ကို တွေ့ရကြောင်း။ အခန်းထဲကို ၀င်ကြည့်ရာတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ဆရာတော် သေဆုံးစဉ် စတင် သွားရောက် စစ်ဆေးခဲ့ သည့် မြောက်ဦး ရဲစခန်းမှူး ဦးသာဇံဦးကလည်း “ သေဆုံးသူ ဆရာတော် ၏ ဘေးနား တွင် နှစ်လက်မ အရှည် ဓါးကလေး တစ်ချောင်း၊ စတီးလ်ဓါးပေါ့၊ အရိုးက လေးလက်မ၊ အရှည်က သုံးလက်မ၊ ပေါင်းရင် ခုနှစ်လက်မ ရှည်တဲ့ ဓါးကလေး တစ်ချောင်းကိုတွေ့ကြောင်း၊ အဲဒီ ဓါးမှာ သွေးတွေ ပေနေတယ်။ ဆရာတော် ခေါင်းရင်းဘေးမှာ တယ်လီဖုန်း တစ်လုံး၊ အဲဒီနားမှာ နှစ်ပေ အကွာလောက်မှာ သစ်သား ပျဉ်ကတိုးသစ်သား တစ်တောင်ခန့်ရှိတဲ့ သစ်သားပိုင်း တစ်ပိုင်းတွေ့တယ်၊ စတီးလ် သွေးတွေ ၀င်နေတဲ့ ထွေးခံလေး တစ်လုံးတွေ့ပါတယ်။ ဆရာတော်မှာ မျက်မှန်က နှစ်လက်ပါ။ စာကြည့် မျက်မှန်လို့ ယူဆရတဲ့ မျက်မှန်က နှစ်လက်ပါ။ ဆရာတော်ရဲ့ ဘေးနားမှာ တွေ့ပါတယ်။ အဲဒီ အနေထားကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ပါတယ်။ သက်သေ ဟူသမျှကို စစ်ဆေးလို့ ရပါတယ်။ သေမှု သေခင်း ဖွင့်ပါတယ်။ အမူဖွင့်တဲ့ သဘောပါ။ သို့သော် လောလောဆယ် အနေအထားကို ကြည့်တော့ တွေ့ရတဲ့ အခြေအနေမျိုးက ကိုယ်ကို ဖြစ်နိုင်တယ်။ Suicide လုပ်တဲ့ အနေအထားမျိုးပေါ့။ ပြည့်ပြည့်စုံစုံကိုတော့ မပြောနိုင်သေဘူး။ အခု ဆေးစစ်ဖို့ မြောက်ဦးဆေးရုံကို ပို့ထားပါတယ်” ဟု ပြောသည်။

တက်ရောက်လာသော ဆရာတော် တစ်ပါးကမူ အမှုကို တကယ်ဖြစ်ပွားရသော အကြောင်းခြင်းရာကို အသေးစိတ် မသိရခင် မိမိကိုယ်ကို သတ်သေမှုဟု ထုတ်ပြန်ခြင်းမှာ အချိန်စောလွန်းနေသည်ဟု ထင်ကြောင်း ဝေဖန် ထောက်ပြ ပြောဆိုသည်။

ရှင်းလင်းပွဲသို့ တက်ရောက်လာသူ မြို့ဦးခေါင်းဆရာတော် ဦးဝဏ္ဍသာရမှ မိမိတို့အနေဖြင့် အမှန်တရားကို သိလိုကြောင်း၊ ဆရာတော်သည် အမှန်တကယ် မိမိကိုယ်ကို သတ်သေသလား၊ သူတစ်ပါးက လုပ်ကြံ သတ်ဖြတ်သလားဆိုသည့် အချက် နှစ်ချက်ထဲမှ တစ်ချက်ကို သိလိုကြောင်း ပြောဆိုသည်။

မြောက်ဦးမြို့နယ်တွင် ယခင်နှစ်ကလည်း သက်တော် ၈၀ ခန့်ရှိ ရဟန်းတော် တစ်ပါး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသော်လည်း အမှုကို မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ယခုလည်း ဆရာတော် တစ်ပါး လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော်လည်း အမှုမှန်ကို မဖော်ထုတ်နိုင်ဘဲ ရှိပါက မြောက်ဦးမြို့နယ်တွင် သီတင်း သုံးနေသော ရဟန်းတော်များ အတွက် စိုးရိမ်စရာ ဖြစ်နေသဖြင့် အမှုကို အမြန်ဆုံး ဖော်ထုတ်ရန် လိုအပ်ကြောင်း တက်ရောက်လာသော ဆရာတော်တစ်ပါးကလည်း တိုက်တွန်း ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>