Quantcast
Channel: MP4 YoU
Viewing all articles

လကြတ်ခြင်းနဲ့အတူ ကြီးမားတောက်ပတဲ့ လမင်းကြီး

$
0
0








BBC Burmese

..................................................................



 လကြတ်ခြင်းဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ supermoon လို့ခေါ်တဲ့ ကြီးမားတောက်ပတဲ့ လမင်းကြီးကို မြင်တွေ့ရဖို့ ကမ္ဘာတဝန်းက လူတွေဟာ အာကာသ ကောင်းကင်ကြီးကို ကြည့်ရှုခဲ့ကြပါတယ်။

လကြတ်ပြီး လမင်းကြီးက ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်ပတ်လမ်းထဲကို ရောက်လာတဲ့အခါမှာ အကြီးမားဆုံးနဲ့ အတောက်ပဆုံးအဖြစ် လမင်းကြီးကို မြင်ရတာဖြစ်ပါတယ်။



ကမ္ဘာကြီးက နေ နဲ့ လ အကြား တည့်တည့်ကြရောက်တဲ့အချိန်မှာ လကြတ်တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် လမင်းကြီးဟာ နီရဲ လှပနေတာ ဖြစ်ပါတယ်။ အဲဒီ supermoon လကြတ်တာကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အနောက်အာဖရိက နဲ့ အနောက် ဥရောပတိုက်တွေမှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။

အခုလို ကြီးမားတဲ့ လကြီးကို ၁၉၈၂ ခုနှစ်က လူတွေ တွေ့မြင်ခဲ့ရပြီးတဲ့နောက် အခုတခါ ထပ်မံတွေ့ရတာဖြစ်ပြီး နောက်တချိန်တွေ့ရှိရဖို့ကတော့ ၂၀၃၃ ခုနှစ်အထိ စောင့်ရမှာဖြစ်ပါတယ်။

လကြတ်ခြင်း ဖြစ်စဉ်ကို ဗြိတိန်နိုင်ငံမှာ တနင်းလာနေ့ မနက်အစောပိုင်းမှာ တွေ့မြင်ခဲ့ရပြီး တောင်နဲ့ မြောက်အမေရိကတိုက်မှာတောတနင်္ဂနွေညနေပိုင်းမှာ တွေ့မြင်ခဲ့ကြရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>