ရုရွားႏိုင္ငံပိုင္ Sukhoi SU-24 ေလယာဥ္ (Credit: AFP) |
ရုရွားက ဆီးရီးယားႏိုင္ငံမွာ ေဝဟင္အၾကမ္းဖက္မႈေတြ လုပ္ၿပီးေနာက္ပိုင္း အေမရိကန္နဲ႔ ရုရွားတို႔ အခုလို ေတြ႔ဆုံၿပီး သေဘာတူညီမႈ ရယူတာပါ။
တဖက္နဲ႔ တဖက္ မွားယြင္းပစ္ခတ္မႈေတြ မျဖစ္ရေအာင္ အေမရိကန္ ဦးေဆာင္တဲ့ ညႊန္႔ေပါင္းတပ္နဲ႕ ရုရွားတပ္အၾကား ဆက္သြယ္မႈလုပ္ၿပီးမွ ပစ္ခတ္ၾကဖို႔ သေဘာတူခဲ့ၾကပါတယ္။
သေဘာတူညီမႈ မရခင္တုန္းက ရုရွားကေန IS တပ္စခန္း ၈ ခုကို တိုက္ခိုက္ခဲ့တယ္လို႔ ရုရွားက ေျပာေပမယ့္ ရုရွား တိုက္ခိုက္မႈ လုပ္ခဲ့တဲ့ ေနရာမွာ IS တပ္ေတြ မရွိဘူးလို႔ အေမရိကန္က ေျပာလိုက္ပါတယ္။
ရုရွားရဲ့ တိုက္ခိုက္မႈေၾကာင့္ ျပည္သူေတြ ေသဆုံးရတယ္ ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဗုံးက်ဲမႈ မလုပ္ခင္ တစ္နာရီအၾကာမွ ရုရွားဘက္က အသိေပးတာေတြ လုပ္တာကလည္း ပေရာ္ဖယ္ရွင္နယ္ မဆန္ဘူးလို႔လည္း အေမရိကန္က ေဝဖန္လိုက္ပါတယ္။
ရုရွားက IS ကို မတိုက္ပဲ ဆီးရီးယား သူပုန္ေတြကို ပစ္မွတ္ထား တိုက္ခိုက္မွာကိုလည္း အေနာက္တိုင္းႏိုင္ငံေတြက စိုးရိမ္ေနၾကပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
...........................
ရုရှားနိုင်ငံပိုင် Sukhoi SU-24 လေယာဉ် (Credit: AFP)
ဆီးရီးယားနိုင်ငံက အကြမ်းဖက်တွေကို တိုက်ခိုက်ရင်း အမေရိကန်နဲ့ ရုရှားတပ်တွေအကြား ပစ်ခတ်မှုတွေ မဖြစ်အောင် ပူးပေါင်းလုပ်ဆောင်ကြဖို့ အမေရိကန်နဲ့ ရုရှားတို့ သဘောတူခဲ့ကြပါတယ်။
ရုရှားက ဆီးရီးယားနိုင်ငံမှာ ဝေဟင်အကြမ်းဖက်မှုတွေ လုပ်ပြီးနောက်ပိုင်း အမေရိကန်နဲ့ ရုရှားတို့ အခုလို တွေ့ဆုံပြီး သဘောတူညီမှု ရယူတာပါ။
တဖက်နဲ့ တဖက် မှားယွင်းပစ်ခတ်မှုတွေ မဖြစ်ရအောင် အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်နဲ့ ရုရှားတပ်အကြား ဆက်သွယ်မှုလုပ်ပြီးမှ ပစ်ခတ်ကြဖို့ သဘောတူခဲ့ကြပါတယ်။
သဘောတူညီမှု မရခင်တုန်းက ရုရှားကနေ IS တပ်စခန်း ၈ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောပေမယ့် ရုရှား တိုက်ခိုက်မှု လုပ်ခဲ့တဲ့ နေရာမှာ IS တပ်တွေ မရှိဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဗုံးကျဲမှု မလုပ်ခင် တစ်နာရီအကြာမှ ရုရှားဘက်က အသိပေးတာတွေ လုပ်တာကလည်း ပရော်ဖယ်ရှင်နယ် မဆန်ဘူးလို့လည်း အမေရိကန်က ဝေဖန်လိုက်ပါတယ်။
ရုရှားက IS ကို မတိုက်ပဲ ဆီးရီးယား သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှာကိုလည်း အနောက်တိုင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese