ဆီးရီးယား အေရးနဲ႔ပတ္သက္လို႔ ရုရွားနဲ႔ အေမရိကန္ စစ္ေရးအရ ညိွႏႈိင္းေဆာင္ရြက္ၾကဖို႔ ရုရွားႏိုင္ငံျခားေရး၀န္ႀကီး Sergei Lavrov နဲ႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး John Kerry တု႔ိ သေဘာတူခဲ့ၾကပါတယ္။
ဆီးရီးယားႏိုင္ငံမွာ ရုရွားတုိ႔က ပထမဆုံးအႀကိမ္ ေလေၾကာင္းကေန တုိက္ခိုက္မႈေတြ လုပ္ခဲ့အၿပီး နာရီပိုင္းအၾကာမွာပဲ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ မစၥတာ Kerry က ဒီကိစၥကို အျမန္ဆုံး မျဖစ္မေနလုပ္ဖို႔ သေဘာတူခဲ့ၾကပါတယ္လုိ႔ ဆိုပါတယ္။
ဆီးရီးယားပဋိပကၡေျဖရွင္းေရးအတြက္ စစ္တပ္ စစ္တပ္ အခ်င္းခ်င္း ေဆြးေႏြးမႈေတြ အစည္းအေ၀းေတြ ညီလာခံေတြ ဘာပဲျဖစ္ျဖစ္ မနက္ျဖန္ေတာင္ လုပ္ၾကဖို႔ကို သေဘာတူခဲ့ၾကပါတယ္။
ဆီးရီးယားပဋိပကၡေျဖရွင္းေရးဟာ အေရးတႀကီးကိစၥဆိုတာကို ႏွစ္ဘက္စလုံးက လက္ခံထားခဲ့ၾကလို႔ပါပဲလို႔ မစၥတာ Kerry က ေျပာသြားပါတယ္။
မစၥတာ Lavrov ကလည္း ရုရွားနဲ႔ အေမရိကန္ တပ္ဖြဲ႕ေတြအၾကား မရည္ရြယ္ဘဲ ပစ္ခတ္ထိခိုက္မႈေတြ ျဖစ္လာမွာကို ေရွာင္ရွားႏိုင္ဖို႔ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ထားသင့္တယ္လို႔ ေျပာသြားပါတယ္။
အေစာပိုင္းကေတာ့ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Ashton Carter က ရုရွားဟာ ဆီးရီးယားပဋိပကၡ ပိုႀကီးမားလာေအာင္ မီးေလာင္ေလပင့္လုပ္ေနတယ္လို႔ ေျပာသြားပါတယ္။
ရုရွားတို႔ရဲ႕ ပစ္မွတ္ထား တိုက္ခိုက္ခံခဲ့ရတဲ့ေနရာေတြထဲက တခုကေတာ့ Homs ၿမိဳ႕ရဲ႕ေျမာက္ဘက္ ၁၀ ကီလိုမီတာအကြာမွာ ရိွတဲ့ Talbiseh ၿမိဳ႕ျဖစ္ပါတယ္။ ေသဆုံးသူေတြထဲမွာ ကေလးငယ္ေတြအပါအ၀င္ အရပ္သားေတြ ပါ၀င္တယ္လို႔ အဲဒီၿမိဳ႕မွာ ေနထိုင္သူ လူအေတာ္မ်ားမ်ားက ဘီဘီစီကို ေျပာပါတယ္။
ေဒသခံတဦးကေတာ့ ဒီေနရာဟာ Homs ၿမိဳ႕နဲ႔နီးသလို အစိုးရထိန္းခ်ဳပ္တဲ့ေနရာနဲ႔လည္း နီးပါတယ္။ အဲဒီမွာ အေျခစုိက္လႈပ္ရွားေနသူေတြဟာ အိုင္အက္စ္ အစၥလာမ္မစ္ လက္နက္ကိုင္ေတြ မဟုတ္ဘဲ သမၼတ Assad ကို ဆန္႔က်င္တိုက္ေနတဲ့ သူပုန္အဖြဲ႕ေတြသာ ျဖစ္ပါတယ္။ ရုရွားေလေၾကာင္းတိုက္ခိုက္မႈေတြဟာ အိုင္အက္စ္ကို တိုက္တာထက္စာရင္ သမၼတAssad ကို စစ္ကူေပးတိုက္ခိုက္ေနပုံရတယ္လို႔ ဘီဘီစီကို ေျပာၾကားခဲ့ပါတယ္။
BBC Burmese
https://www.facebook.com/bbcburmese
................................
ဆီးရီးယား အရေးနဲ့ပတ်သက်လို့ ရုရှားနဲ့ အမေရိကန် စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်ကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ သဘောတူခဲ့ကြပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရုရှားတို့က ပထမဆုံးအကြိမ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Kerry က ဒီကိစ္စကို အမြန်ဆုံး မဖြစ်မနေလုပ်ဖို့ သဘောတူခဲ့ကြပါတယ်လို့ ဆိုပါတယ်။
ဆီးရီးယားပဋိပက္ခဖြေရှင်းရေးအတွက် စစ်တပ် စစ်တပ် အချင်းချင်း ဆွေးနွေးမှုတွေ အစည်းအဝေးတွေ ညီလာခံတွေ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တောင် လုပ်ကြဖို့ကို သဘောတူခဲ့ကြပါတယ်။
ဆီးရီးယားပဋိပက္ခဖြေရှင်းရေးဟာ အရေးတကြီးကိစ္စဆိုတာကို နှစ်ဘက်စလုံးက လက်ခံထားခဲ့ကြလို့ပါပဲလို့ မစ္စတာ Kerry က ပြောသွားပါတယ်။
မစ္စတာ Lavrov ကလည်း ရုရှားနဲ့ အမေရိကန် တပ်ဖွဲ့တွေအကြား မရည်ရွယ်ဘဲ ပစ်ခတ်ထိခိုက်မှုတွေ ဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထားသင့်တယ်လို့ ပြောသွားပါတယ်။
အစောပိုင်းကတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter က ရုရှားဟာ ဆီးရီးယားပဋိပက္ခ ပိုကြီးမားလာအောင် မီးလောင်လေပင့်လုပ်နေတယ်လို့ ပြောသွားပါတယ်။
ရုရှားတို့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေထဲက တခုကတော့ Homs မြို့ရဲ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာမှာ ရှိတဲ့ Talbiseh မြို့ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ပါ၀င်တယ်လို့ အဲဒီမြို့မှာ နေထိုင်သူ လူအတော်များများက ဘီဘီစီကို ပြောပါတယ်။
ဒေသခံတဦးကတော့ ဒီနေရာဟာ Homs မြို့နဲ့နီးသလို အစိုးရထိန်းချုပ်တဲ့နေရာနဲ့လည်း နီးပါတယ်။ အဲဒီမှာ အခြေစိုက်လှုပ်ရှားနေသူတွေဟာ အိုင်အက်စ် အစ္စလာမ်မစ် လက်နက်ကိုင်တွေ မဟုတ်ဘဲ သမ္မတ Assad ကို ဆန့်ကျင်တိုက်နေတဲ့ သူပုန်အဖွဲ့တွေသာ ဖြစ်ပါတယ်။ ရုရှားလေကြောင်းတိုက်ခိုက်မှုတွေဟာ အိုင်အက်စ်ကို တိုက်တာထက်စာရင် သမ္မတAssad ကို စစ်ကူပေးတိုက်ခိုက်နေပုံရတယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese