အနိမ့္ဆံုး လစာ သတ္မွတ္ေပမယ့္ အရင္ အခြင့္အေရးေတြ ျပန္႐ုတ္သိမ္းခံရတဲ့အတြက္ အရင္လစာအတိုင္း ျပန္ျဖစ္ |
ေအာက္တိုဘာလ ၁ရက္ေန႔က ဒဂံုဆိပ္ကမ္း ၿမိဳ႕နယ္ စက္မႈဇံု ၁ ဦးေရြွဘင္လမ္း မွာရွိတဲ့ နီလာ ေပ်ာ့ဖတ္နဲ႔ စကၠဴစက္ရံုက အလုပ္သမား ၅၀ ေလာက္ဟာ သူတို႔အရင္တုန္းက ရခဲ့ဘူးတဲ့ အခြင့္အေရးေတြ ျပန္ရေရးအတြက္ ဆႏၵျပခဲ့ၾကပါတယ္။
ရွားပါးစရိတ္၊ ေထာက္ပံ့ေၾကး၊ ႏွစ္တိုးေၾကးေတြ ျပန္ေပးဖို႔နဲ႔ စက္ရံုက သတ္မွတ္ထားတဲ့ ထမင္းစားခ်ိန္ မိနစ္ ၃၀ကို တနာရီ သတ္မွတ္ေပးဖို႔ေတြကို အလုပ္သမားေတြဘက္က ေတာင္းဆိုခဲ့ၾကတယ္လို႔ အလုပ္သမားေခါင္းေဆာင္ ကိုေက်ာ္မ်ိဳး က ေျပာပါတယ္။
အရင္က ေပးထားတဲ့ အခြင့္အေရးေတြကို ျဖဳတ္လိုက္တဲ့အတြက္ လုပ္ခေငြ တိုးမလာပဲ အရင္အတိုင္း ျပန္ျဖစ္သြားတယ္လို႔ ဆိုပါတယ္။
အလုပ္သမားနဲ႔ အလုပ္ရွင္ၾကား ဖ်န္ေျဖေရးအဖြဲ႕ေတြ လာေရာက္ ညွိႏိုင္းေပမယ့္ အလုပ္ရွင္ဘက္က လိုက္ေလ်ာ မေပးႏိုင္ဘူး ဆိုလို႔ ညွိႏိုင္းေရးအဖြဲ႕ေတြ လက္ေလ်ွာ့ သြားတယ္လို႔လည္း အလုပ္သမားေတြက ေျပာပါတယ္။
နီလာစက္ရံု အလုပ္ရွင္ဘက္ကို ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။
အလုပ္သမား ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ အလုပ္ခန္႔ထားမႈ ဆိုင္ရာ သေဘာတူစာခ်ဳပ္မွာ အလုပ္သမား တေယာက္ကို ျဖဳတ္ခ်င္ရင္ ဝါရင့္ အလုပ္သမားအတြက္ လစာ ၃လ ကေန ၁လထိ နစ္နာေၾကး ႀကိဳေပးဖို႔နဲ႔ လုပ္သက္ ၆ လ ကေန တႏွစ္အတြင္းသာ ရွိတဲ့ အလုပ္သမား ဆိုရင္ ၁၅ ရက္စာပဲ နစ္နာေၾကး ေပးဖို႔ ပါတာေၾကာင့္ အလုပ္ရွင္ဘက္က အားသာေနတယ္လို႔လည္း အလုပ္သမားအေရး လႈပ္ရွားသူေတြက ဆိုၾကပါတယ္။
အလုပ္ စခန္႔မယ့္ အလုပ္သမားဆိုရင္ အနိမ့္ဆံုး လခရဲ့ ၇၅ ရာခိုင္ႏႈန္းပဲ ေပးရမယ္ ဆိုတာလည္း ပါေနတဲ့အတြက္ အလုပ္သမားေဟာင္းေတြကို ထုတ္ပစ္ၿပီး အသစ္ ျပန္ခန္႔မယ္ဆိုရင္ အလုပ္ရွင္ဘက္က အားသာေနတယ္လို႔ ဆိုပါတယ္။
အနိမ့္ဆံုး လစာဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ အစိုးရနဲ႔ အလုပ္သမား ဝန္ႀကီးဌာန ဘက္က ရွင္းလင္း တိက်တဲ့ နည္းဥပေဒေတြ မထုတ္ျပန္ မခ်င္း လုပ္ငန္းရွင္နဲ႔ အလုပ္သမားေတြၾကား အခ်ိန္ယူၿပီး နားလည္မႈ တည္ေဆာက္ဖို႔ လိုတယ္လို႔ အလုပ္သမား သမဂၢမ်ား ပူးေပါင္း ေဆာင္ရြက္ေရး ေကာ္မတီရဲ့ တာဝန္ခံ ဦးထြန္းထြန္းႏိုင္က ဘီဘီစီကို ေျပာပါတယ္။
တခါ တေန႔တည္းမွာပဲ ေရြွျပည္သာ စက္မႈဇံုက ဟန္က်င္း အထည္ခ်ဳပ္စက္ရံုနဲ႔ လွိုင္သာယာ စက္မႈဇံုက ေနလင္းေအာင္ အထည္ခ်ဳပ္ စက္ရံုေတြမွာလည္း အလုပ္သမားေတြ ဆႏၵျပခဲ့ၾကပါတယ္။
BBC Burmese
http://www.bbc.com/burmese
.....................................
အနိမ့်ဆုံး လစာ သတ်မှတ်ပေမယ့် အရင် အခွင့်အရေးတွေ ပြန်ရုတ်သိမ်းခံရတဲ့အတွက် အရင်လစာအတိုင်း ပြန်ဖြစ်
မကြာခင်သေးခင်က သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ချက်အတိုင်း အလုပ်ရှင်တွေက အလုပ်သမားတွေကို တနေ့ကို ကျပ် ၃၆၀ဝ ပေးပေမယ့် အရင်က ပေးထားတဲ့ အခွင့်အရေးတွေ ပြန်ရုတ်သိမ်း လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ ၁ရက်နေ့က ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုံ ၁ ဦးရွှေဘင်လမ်း မှာရှိတဲ့ နီလာ ပျော့ဖတ်နဲ့ စက္ကူစက်ရုံက အလုပ်သမား ၅၀ လောက်ဟာ သူတို့အရင်တုန်းက ရခဲ့ဘူးတဲ့ အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးကြေးတွေ ပြန်ပေးဖို့နဲ့ စက်ရုံက သတ်မှတ်ထားတဲ့ ထမင်းစားချိန် မိနစ် ၃၀ကို တနာရီ သတ်မှတ်ပေးဖို့တွေကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုကျော်မျိုး က ပြောပါတယ်။
အရင်က ပေးထားတဲ့ အခွင့်အရေးတွေကို ဖြုတ်လိုက်တဲ့အတွက် လုပ်ခငွေ တိုးမလာပဲ အရင်အတိုင်း ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဖျန်ဖြေရေးအဖွဲ့တွေ လာရောက် ညှိနိုင်းပေမယ့် အလုပ်ရှင်ဘက်က လိုက်လျော မပေးနိုင်ဘူး ဆိုလို့ ညှိနိုင်းရေးအဖွဲ့တွေ လက်လျှော့ သွားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
နီလာစက်ရုံ အလုပ်ရှင်ဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်မှာ အလုပ်သမား တယောက်ကို ဖြုတ်ချင်ရင် ဝါရင့် အလုပ်သမားအတွက် လစာ ၃လ ကနေ ၁လထိ နစ်နာကြေး ကြိုပေးဖို့နဲ့ လုပ်သက် ၆ လ ကနေ တနှစ်အတွင်းသာ ရှိတဲ့ အလုပ်သမား ဆိုရင် ၁၅ ရက်စာပဲ နစ်နာကြေး ပေးဖို့ ပါတာကြောင့် အလုပ်ရှင်ဘက်က အားသာနေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
အလုပ် စခန့်မယ့် အလုပ်သမားဆိုရင် အနိမ့်ဆုံး လခရဲ့ ရ၅ ရာခိုင်နှုန်းပဲ ပေးရမယ် ဆိုတာလည်း ပါနေတဲ့အတွက် အလုပ်သမားဟောင်းတွေကို ထုတ်ပစ်ပြီး အသစ် ပြန်ခန့်မယ်ဆိုရင် အလုပ်ရှင်ဘက်က အားသာနေတယ်လို့ ဆိုပါတယ်။
အနိမ့်ဆုံး လစာဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာန ဘက်က ရှင်းလင်း တိကျတဲ့ နည်းဥပဒေတွေ မထုတ်ပြန် မချင်း လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား အချိန်ယူပြီး နားလည်မှု တည်ဆောက်ဖို့ လိုတယ်လို့ အလုပ်သမား သမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီရဲ့ တာဝန်ခံ ဦးထွန်းထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။
တခါ တနေ့တည်းမှာပဲ ရွှေပြည်သာ စက်မှုဇုံက ဟန်ကျင်း အထည်ချုပ်စက်ရုံနဲ့ လှိုင်သာယာ စက်မှုဇုံက နေလင်းအောင် အထည်ချုပ် စက်ရုံတွေမှာလည်း အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။
BBC Burmese
http://www.bbc.com/burmese