Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မေနာကြင္းဝင္ေပါက္အားလုံးေသာ့ပိတ္ထား

$
0
0
 ပုံမွန္ေသာ့ပိတ္ေလ႕မရွိသည့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မေနာကြင္းရွိ ဝင္ေပါက္ သုံးေပါက္လုံး၏တံခါးမ်ားကုိ စက္တင္ဘာ ၃၀ ရက္ည မွစတင္ကာ ေသာ့မ်ားျဖင့္ ပိတ္ထားလုိက္ေၾကာင္းသတင္းရရွိသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆြယ္ေဟာေျပာပြဲ ကုိ ေအာက္တုိဘာလ၂ရက္တြင္ ျမစ္ႀကီးနားၿမိဳ႕၌ျပဳလုပ္သြားရန္ရွိေနသည္။ ေဒၚေအာင္ဆန္းစုၾကည္၏ေဟာေျပာပြဲကုိမေနာကြင္းတြင္ျပဳလုပ္သြားရန္စီစဥ္မႈအားလုံးျပဳလုပ္ၿပီးေသာ္လည္း စက္တင္ဘာ ၃၀ရက္ညတြင္ထုိသုိ႕ေသာ့မ်ားခတ္လုိက္သျဖင့္ ကခ်င္အမ်ိဳးသားရုိးရာ ယဥ္ေက်းမႈဘက္စုံအားကစားဥယ်ာဥ္သုိ႕ ေျပာင္းလဲျပဳလုပ္ရန္ အားခ်င္းစီစဥ္ခဲ႕ရေၾကာင္း ျမစ္ႀကီးနားၿမိဳ႕မွ သတင္းေထာက္ကသတင္းေပးပုိ႕သည္။
မေနာကြင္းအတြင္းတြင္ လုံၿခံဳေရးရဲတပ္ဖြဲ႕ဝင္မ်ားကလုံၿခံဳေရးယူထားသည္ကုိလည္းေတြ႕ရၿပီး အဆုိပါကိစၥႏွင့္ပတ္သက္၍ ကခ်င္ျပည္နယ္အစုိးရအဖြဲ႕ရုံးထံေမးျမန္းရာ မသိရွိေသးေၾကာင္း အဆင့္ျမင့္အရာရွိတစ္ဦးကေျဖဆုိသည္။
:::: Updated :::::
ဓာတ္ပုံ - ေဝယံ
7Day News Journal



....................................
မနောကွင်းဝင်ပေါက်အားလုံးသော့ပိတ်ထား”

ပုံမှန်သော့ပိတ်လေ့မရှိသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းရှိ ဝင်ပေါက် သုံးပေါက်လုံး၏တံခါးများကို စက်တင်ဘာ ၃၀ ရက်ည မှစတင်ကာ သော့များဖြင့် ပိတ်ထားလိုက်ကြောင်းသတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲ ကို အောက်တိုဘာလ၂ရက်တွင် မြစ်ကြီးနားမြို့၌ပြုလုပ်သွားရန်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲကိုမနောကွင်းတွင်ပြုလုပ်သွားရန်စီစဉ်မှုအားလုံးပြုလုပ်ပြီးသော်လည်း စက်တင်ဘာ ၃၀ရက်ညတွင်ထိုသို့သော့များခတ်လိုက်သဖြင့် ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမှုဘက်စုံအားကစားဥယျာဉ်သို့ ပြောင်းလဲပြုလုပ်ရန် အားချင်းစီစဉ်ခဲ့ရကြောင်း မြစ်ကြီးနားမြို့မှ သတင်းထောက်ကသတင်းပေးပို့သည်။
မနောကွင်းအတွင်းတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကလုံခြံုရေးယူထားသည်ကိုလည်းတွေ့ရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမေးမြန်းရာ မသိရှိသေးကြောင်း အဆင့်မြင့်အရာရှိတစ်ဦးကဖြေဆိုသည်။
:::: Updated :::::
ဓာတ်ပုံ - ဝေယံ
7Day News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...