Quantcast
Channel: MP4 YoU
Viewing all articles
ဒေါ်အောင်ဆန်းစုကြည် ပြောကြား ချက် စောင့်ကြည့်လေ့လာမယ် လို့ ဒေါက်တာတူးဂျာ ပြောကြား
$
0
0
RFA Burmese
..............................
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ ကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ပြောကြားမယ့်စကားတွေကို သူ့အနေနဲ့ စောင့်ကြည့်လေ့လာ မယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြားလိုက်ပါတယ်။
ဒေါက်တာမနမ်တူးဂျာကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာ RFA က တွေ့ဆုံမေးမြန်းရာမှာ သူက အခုလိုပြောကြား ခဲ့တာပါ။
"ကျနော်က သူ့ကိုမလာနဲ့လိုလည်း ပြောလို့မရဘူးလေ၊ ဒါက ဒီမိုကရေစီခေတ်ရောက်တယ် ဆိုတဲ့အခါကျတော့ သူ့ပါတီကိစ္စ သူလုပ်စရာရှိတာလုပ်မှာပဲ၊ ဒါပေမဲ့ သူ့ရဲ့လာပုံလာနည်းကို ကျနော်စောင့်ကြည့်မယ်၊ သူ့လာပုံလာ နည်း ပြောပုံပြောနည်းတွေက သူက ကချင်ပြည်နယ်ကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ပုံစံမျိုးဆိုလို့ရှိရင် ကျနော် လက်မခံဘူး၊ ကချင်ပြည်နယ်မှာရှိတဲ့ ပါတီတွေနဲ့ သဟဇာတဖြစ်မယ်၊ အပေးအယူမျှမျှတတ လုပ်ဆောင်သွား ချင်တဲ့ ဆန္ဒရှိရင်ဆိုရင် ကျနော်တို့လက်တွဲလို့ရတယ်၊ ဒီကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ မူတည်တယ်လို့ ပြောချင်တယ်"
ဒါ့အပြင်သူက လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအကြား သဘောထားကြီးဖို့လိုကြောင်း၊ နှစ်ဘက်စလုံးအနေနဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့လိုကြောင်းလည်းပြောကြားလိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>