Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သားေလး Louis ညီမေလးရဖုိ ့အတြက္ သမီးမိန္းကေလးတစ္ေယာက္ကို Sandra Bullock ေမြးစား

$
0
0


ေအာ္စကာဆုရၾကယ္ပြင့္ ရုပ္ရွင္မင္းသမီး Sandra Bullock ဟာ သမီးမိန္းကေလးတစ္ေယာက္ကို ေမြးစားလုိက္တယ္လုိ ့ သိရပါတယ္။ အသက္ ၅၁ ႏွစ္အရြယ္ Sandra မွာ Louis ဆုိတဲ့ ငါးႏွစ္အရြယ္ သားေလးတစ္ေယာက္ရွိျပီး Louis ကိုလည္း ၂၀၁၀ ခုႏွစ္က New Orleans ျမိဳ ့မွာ ေမြးစားခဲ့တာျဖစ္ပါတယ္။

ယခုသတင္းဟာ သူမရဲ့ ခ်စ္သူအသစ္၊ ေမာ္ဒယ္နဲ ့ဓာတ္ပုံပညာရွင္ Bryan Randall တစ္ေယာက္ Beverly Hills က Sandra ရဲ့ေနအိမ္ဆီ ေျပာင္းေရႊ ့လာအျပီးမွာ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

သူတို ့စုံတြဲဟာ လြန္ခဲ့တဲ့ လေတာ္ေတာ္ၾကာကတည္းက တြဲေနခဲ့တာျဖစ္ျပီး ၾသဂတ္စ္လ ကမွ သူတို ့ႏွစ္ေယာက္ရဲ့ အခ်စ္ေရးကို လူသိရွင္ၾကားထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

Sandra Bullock ဟာ အရင္က ေမာ္ေတာ္ဆုိင္ကယ္အထူးျပဳျပင္သူ Jesse James ရဲ့ လက္ထပ္ခဲ့ဖူးျပီး ငါးႏွစ္ၾကာလက္တြဲျပီးေနာက္ ၂၀၁၀ ခုႏွစ္မွာ Jesse James ဟာ တျခားမိန္းမနဲ ့ေဖာက္ျပန္တာေၾကာင့္ ကြာရွင္းခဲ့ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Dailymail
.............................................................................

သားလေး Louis ညီမလေးရဖို ့အတွက် သမီးမိန်းကလေးတစ်ယောက်ကို Sandra Bullock မွေးစား


အော်စကာဆုရကြယ်ပွင့် ရုပ်ရှင်မင်းသမီး Sandra Bullock ဟာ သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်လို ့ သိရပါတယ်။ အသက် ၅၁ နှစ်အရွယ် Sandra မှာ Louis ဆိုတဲ့ ငါးနှစ်အရွယ် သားလေးတစ်ယောက်ရှိပြီး Louis ကိုလည်း ၂၀၁၀ ခုနှစ်က New Orleans မြို ့မှာ မွေးစားခဲ့တာဖြစ်ပါတယ်။

ယခုသတင်းဟာ သူမရဲ့ ချစ်သူအသစ်၊ မော်ဒယ်နဲ ့ဓာတ်ပုံပညာရှင် Bryan Randall တစ်ယောက် Beverly Hills က Sandra ရဲ့နေအိမ်ဆီ ပြောင်းရွှေ ့လာအပြီးမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

သူတို ့စုံတွဲဟာ လွန်ခဲ့တဲ့ လတော်တော်ကြာကတည်းက တွဲနေခဲ့တာဖြစ်ပြီး သြဂတ်စ်လ ကမှ သူတို ့နှစ်ယောက်ရဲ့ အချစ်ရေးကို လူသိရှင်ကြားထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

Sandra Bullock ဟာ အရင်က မော်တော်ဆိုင်ကယ်အထူးပြုပြင်သူ Jesse James ရဲ့ လက်ထပ်ခဲ့ဖူးပြီး ငါးနှစ်ကြာလက်တွဲပြီးနောက် ၂၀၁၀ ခုနှစ်မှာ Jesse James ဟာ တခြားမိန်းမနဲ ့ဖောက်ပြန်တာကြောင့် ကွာရှင်းခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail


Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>