တာခ်ီလိတ္ၿမိ္ဳ႕နယ္ မိုင္းကိုးေက်းရြာ အုပ္စု၊ က်တဲ/က်ဘိုေက်းရြာ၌ မယားပါ သမီးျဖစ္သူ အသက္(၁၂)ႏွစ္အရြယ္ မိန္းကေလး တစ္ဦးအား ပေထြးျဖစ္သူမွ မုဒိန္းျပဳက်င့္ရန္ ၾကံရြယ္မႈျဖင့္ ယေန႔ ေအာက္တိုဘာ(၃)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း၌ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။
"အရင္ကလဲ ဒီကေလးမေလးရဲ႕ အစ္မကို မုဒိန္းက်င့္ခဲ့တာ ကေလးတစ္ေယာက္ရခဲ့တယ္၊ သူ႔အေမကိုလည္း ဓါးႀကိမ္း ႀကိမ္းတယ္.."ဟု ရဲစခန္းသို႔ အမႈဖြင့္စဥ္ လုိက္ပါလာသူ တစ္ဦးမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။
အသက္ (၁၂)ႏွစ္အရြယ္ မိန္းကေလးအား ပေထြးျဖစ္သူမွ သားမယားျပဳက်င့္ရန္ ၾကံရြယ္ရန္ ခႏၶာကိုယ္အား ဖက္ထားျခင္းကိုမိခင္ျဖစ္သူမွ ေတြ႕ရွိသြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္ တိုက္ၾကားတာျဖစ္ေၾကာင္း ႏွင့္ ယခုလိုပဲ မၾကာခဏ ျပဳမူေနေၾကာင္း သိရသည္။
သားမယားျပဳက်င့္ရန္ ႀကံရြယ္ခံရသူ မိန္းကေလး၏ မိခင္ေျပာျပခ်က္အရ အသက္(၁၂)ႏွစ္ဟုသိရၿပီး အိမ္ေထာင္စုစာရင္းနဲ႔ မွတ္ပံုတင္ေတာ့ မရွိေၾကာင္း သိရသည္။
"အေမရဲ႕ ေနာက္ေယာက်ာ္းျဖစ္တဲ့ ပေထြးေတြနဲ႔ တစ္အိမ္တည္း အတူေနတဲ့အခါ ျဖစ္ျဖစ္၊ ေနအိမ္မွာ ပေထြးနဲ႔အတူ ထားခဲ့တာျဖစ္ျဖစ္ သမီးမိန္းကေလးေတြ အေနနဲ႔ ဘာပဲျဖစ္ျဖစ္ သတိထားၿပီး ဆင္ဆင္ျခင္ျခင္ ေနထိုင္ဖို႔ လိုပါတယ္၊ ဆိတ္ကြယ္ရာမွာ မျဖစ္သင့္တာေတြ ျဖစ္တတ္ပါတယ္၊ အခုလို ျဖစ္စဥ္မ်ဳိး ျဖစ္လာေတာ့ ေက်ာ္မေကာင္း၊ ၾကားမေကာင္းေတြ ျဖစ္ေရာေပါ့.."ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းမွ ေျပာသည္။
မုဒိန္းျပဳက်င့္ရန္ ႀကံရြယ္သူ ပေထြးျဖစ္သူ၏ အမည္မွာ က်ဘားျဖစ္ၿပီး အသက္(၃၀)ရွိၿပီျဖစ္ေၾကာင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ၎အား (ပ)၂၂၀/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
Tachileik News Agency
http://www.tachileik.net
.............................
တာချီလိတ်မြိ်ု့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ကျတဲ/ကျဘိုကျေးရွာ၌ မယားပါ သမီးဖြစ်သူ အသက်(၁၂)နှစ်အရွယ် မိန်းကလေး တစ်ဦးအား ပထွေးဖြစ်သူမှ မုဒိန်းပြုကျင့်ရန် ကြံရွယ်မှုဖြင့် ယနေ့ အောက်တိုဘာ(၃)ရက်နေ့တွင် တာချီလိတ်မြို့မ ရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
"အရင်ကလဲ ဒီကလေးမလေးရဲ့ အစ်မကို မုဒိန်းကျင့်ခဲ့တာ ကလေးတစ်ယောက်ရခဲ့တယ်၊ သူ့အမေကိုလည်း ဓါးကြိမ်း ကြိမ်းတယ်.."ဟု ရဲစခန်းသို့ အမှုဖွင့်စဉ် လိုက်ပါလာသူ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
အသက် (၁၂)နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်ရန် ကြံရွယ်ရန် ခန္ဓာကိုယ်အား ဖက်ထားခြင်းကိုမိခင်ဖြစ်သူမှ တွေ့ရှိသွားသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက် တိုက်ကြားတာဖြစ်ကြောင်း နှင့် ယခုလိုပဲ မကြာခဏ ပြုမူနေကြောင်း သိရသည်။
သားမယားပြုကျင့်ရန် ကြံရွယ်ခံရသူ မိန်းကလေး၏ မိခင်ပြောပြချက်အရ အသက်(၁၂)နှစ်ဟုသိရပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တော့ မရှိကြောင်း သိရသည်။
"အမေရဲ့ နောက်ယောကျာ်းဖြစ်တဲ့ ပထွေးတွေနဲ့ တစ်အိမ်တည်း အတူနေတဲ့အခါ ဖြစ်ဖြစ်၊ နေအိမ်မှာ ပထွေးနဲ့အတူ ထားခဲ့တာဖြစ်ဖြစ် သမီးမိန်းကလေးတွေ အနေနဲ့ ဘာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်ဖို့ လိုပါတယ်၊ ဆိတ်ကွယ်ရာမှာ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတယ်၊ အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတော့ ကျော်မကောင်း၊ ကြားမကောင်းတွေ ဖြစ်ရောပေါ့.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ ပြောသည်။
မုဒိန်းပြုကျင့်ရန် ကြံရွယ်သူ ပထွေးဖြစ်သူ၏ အမည်မှာ ကျဘားဖြစ်ပြီး အသက်(၃၀)ရှိပြီဖြစ်ကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းမှ ၎င်းအား (ပ)၂၂၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။
Tachileik News Agency
http://www.tachileik.net