ယမန်နေ့ညက ဟိုကတ်အိမ်တစ်အိမ်ကို Mark 2ပီလစ်ကားတစ်စီးဝင်တိုက်
၂၀၁၅ ခုနှစ်၊ဂျူ လိုင်လ ၂၁ ရက်ယမန်နေ့ည ၁၀း၂၀ အချိန်ခန့်တွင်
ရှမ်းပြည် မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် ဟိုကတ်ရပ်ကွက်၌ ကားတစ်စီးမှ လူနေအိမ်တစ်အိမ်အား
အရှိန်အဟုန်ဖြင့်ဝင်တိုက်လိုက်သောဖြစ်စဉ်တစ်ခုဖစ်ပွားခဲ့ကြောင်းသိရသည်။
ကားဖြင့်အတိုက်ခံရသည့်အိမ်သည်အိမ်အမှတ် ၁၃၆ ဖြစ်ကြောင်း၊ဝင်တိုက်သည့်ကား
အမျိုးအစားသည် Mark 2 ပီလစ်ကားဖြစ်ကြောင်း၊အိမ်အမှတ် ၁၃၆ အိမ်နှင့် Royal လက်ဖက်ရည်ဆိုင်
သည်ကပ်လျက်ဖြစ်ပြီး တိုက်မိသည့်ကားသမားသည်ပါက်နေရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးရှေ့
ဖုန်းဆိုင်ပိုင်ရှင်"နော့ဆငါ့"ဖုန်းဆိုင်ကဖြစ်ကြောင်းမျက်မြင်သက်သေများကပြောသည်။
အဆိုပါအိမ်ကို ကားဖြင့်ဝင်တိုက်သူသည်တအာင်းလူမျိုးဖြစ်ကာ ဖြစ်ပြီးပြီးချင်းထွက်ပြေးရန်
ကြံစည်ခြင်းကြောင့် အနီးအနားမှလူများဝိုင်းဖမ်းခဲ့ကြကြောင်း မျက်မြင်သက်သေများကပြောသည်။
ကားပိုင်ရှင်သည် မူးယစ်ဆေးတစ်မျိုးမျိုးသုံးစွဲခြင်းကြောင့်ဖြစ်ရကြောင်း၊ပြည်ထောင်စုလမ်းမကြီးလမ်း
သည် အကျယ်ကြီးမဟုတ်သော်ငြားလည်း လူနေအိမ်တစ်အိမ်အတွင်း လူအိပ်နေသည့်အခန်းထဲအထိ
ကားဖြင့်ဝင်တိုက်ရလောက်အောင်မကျဉ်းမြောင်းကြာင်း စိုင်းခိုင်ကပြောသည်။
တစ်ခုကံကောင်းသွားသည်မှာ ယခုအိမ်ကားတိုက်မှုသည် လူတစ်ဦးတစ်ယောက်မှထိခိုက်
ဒဏ်ရာရခြင်းမရှိကြောင်း၊လူနှင့်သက်သေခံကားကိုမြို့နယ်ရဲစခန်းမှခေါ်ယူစစ်ဆေးအမှုဖွင့်ထားကြောင်း
သိရသည်။
Nam Kham News