၂၀၁၅ ခုနှစ်၊ဂျူ လိုင်လ ၂၀ ရက်
ရှမ်းပြည်၊မူစယ်ခရိုင် နမ့်ခမ်းမြို့
သုံးလေးလလောက်အချိန်ယူပြီး ခင်းထားတဲ့လမ်း။လူစည်ပါတယ်ဆိုတဲ့ကြားက နှစ်လမ်းထဲရှိတာကို
တစ်လမ်းပိတ်၊တစ်လမ်းဖွင့်နဲ့ပြင်နေခဲ့တာ ခုမှပဲပြီးသွားတော့တယ်။အိုးခွက်ပန်းကန်ဒီဇိုင်းလေးတွေ
အကြံကုန်လို့ အသစ်တီထွင်ရန်အခက်အခဲရှိပါကနမ့်ခမ်းမြို့နယ်ရဲ့ မြို့လယ်ဘုရားကြီးရှေ့"ပြည်ထောင်စုလမ်းမကြီး"လို့ခေါ်တဲ့ ဒီနေရာကိုအရောက်ကြွလှမ်းခဲ့ပါလှည့်။
အသစ်တည်ဆောက် အဟောင်းပြု ပြင် မြို့နယ်စည်ပင်၊မြို့ရွာများအမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရမည်...ဟဲဟဲ စာရှုသူတို့သိပါတယ်။ဆိုင်းဘုတ်လေ၊ဆိုင်းဘုတ် အဟုတ်မထင်လိုက်နဲ့အုံး။
စစ်ဝတ်ယူနီဖောင်းလိုလို ပြောက်ကျားကွန်မန်ဒိုလိုကွက်ကြားကွက်ခွက်လမ်း။မုန့်လင်မယားအိုးလိုလို
မိုးရေထဲဝယ် မြို့ကျက်သရေကင်းမဲ့လွန်းလှတယ်။အခုလိုမိုးရာသီအချိန်မှာ ကျောင်းသွားကျောင်းပြန်
ကျောင်းအကြိုအပို့ပြုလုပ်ပေးတဲ့ကျောင်းသားမိဘများ၊ကျောင်းသူကျောင်းသားများနဲ့ မိဘပြည်သူများအားလုံး
စည်ပင်မုန့်အိုးနဲ့ဝင်မတိုးမိစေနဲ့။အသက်ကိုဥာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်း "အများပြည်သူပိုင်
စည်ပင်မနိုင်"လမ်းကိုကြည့်သာရှောင်ကြကွဲ့။
ဒါမှအသက်ရှည်မယ်။
Nam Kham News