Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေျမေအာက္ဒံုးက်ည္စခန္း ကုိ အီရန္ႏုိင္ငံပုိင္ ႐ုပ္သံဌာနက တုိက္႐ုိက္ထုတ္လႊင့္ ျပသ

$
0
0


တီဟီရန္ ၊ ၁၆-၁၀-၂၀၁၅

အီရန္ႏုိင္ငံပိုင္ ႐ုပ္သံဌာနသည္ ႏုိင္ငံ၏ ေျမေအာက္ ဒံုးက်ည္စခန္းကို တိုက္႐ုိက္ ထုတ္လႊင့္ျပသ ခဲ့ေၾကာင္း သိရသည္။

အဆုိပါ ေျမေအာက္ ဒံုးက်ည္စခန္းတြင္ ဒံုးက်ည္ အမ်ဳိးအစားေပါင္း မ်ားစြႏွင့္ ပစ္လႊတ္စင္ မ်ားကို ေတြ႕ရွိရၿပီး ၄င္းဒံုးက်ည္ မ်ားသည္ ရန္ဘက္ႏုိင္ငံက အမွားအယြင္း ျပဳလုပ္ခ်ိန္တြင္ အသံုးျပဳ သြားမည္ ျဖစ္ေၾကာင္း အီရန္ တာဝန္ရွိသူ တစ္ဦး က ေျပာၾကားသည္။

အီရန္ႏုိင္ငံသည္ မၾကာေသးမီ ရက္ပိုင္း အတြင္းက ၄င္းတို႔၏ ျပည္တြင္းျဖစ္ တာေဝးပစ္ ဒံုးက်ည္ တစ္စင္းကို စမ္းသပ္ပစ္ခတ္ ခဲ့ၿပီး အဆိုပါကိစၥရပ္ ႏွင့္ ပတ္သက္၍ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ မွတစ္ဆင့္ အေရးယူ သြားမည္ ျဖစ္ေၾကာင္း အေမရိကန္ က ေျပာၾကား ၿပီးေနာက္ ယခုကဲ့သုိ႔ ေျမေအာက္ ဒံုးက်ည္စခန္းကို ထုတ္ေဖာ္ျပသ ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ အီရန္၏ ႏ်ဴကလီးယား အစီအစဥ္ႏွင့္ ပတ္သက္၍ အင္အားႀကီး ေျခာက္ႏုိင္ငံႏွင့္ ရရွိခဲ့သည့္ သေဘာ တူညီမႈကို အီရန္ လႊတ္ေတာ္က ေအာက္တိုဘာ ၁၃ ရက္တြင္ မဲခဲြဆံုးျဖတ္ကာ အတည္ျပဳ ခဲ့ၿပီးေနာက္ ထိုကဲ့သုိ႔ ထုတ္ေဖာ္ျပသ ခဲ့ျခင္းျဖစ္ၿပီး အဆုိပါ ႏ်ဴကလီးယား အစီအစဥ္သည္ ႏုိင္ငံ၏စစ္ေရး စြမ္းရည္ကို မထိခိုက္ ႏုိင္ေၾကာင္း၊ အထူးသျဖင့္ ပဲ့ထိန္းဒံုးက်ည္ ထုတ္လုပ္သည့္ အစီအစဥ္ကို မည္သည့္ အက်ဳိး သက္ေရာက္မႈမွ် မရွိေၾကာင္း အီရန္ထိပ္တန္း အရာရွိ တစ္ဦးက ေျပာၾကား ထားသည္။

ယခု ထုတ္ေဖာ္ျပသသည့္ ေျမေအာက္ ဥမင္လိုဏ္ေခါင္းသည္ မီတာေပါင္း မ်ားစြာ ရွည္လ်ားၿပီး အျမင့္ ၁ဝ မီတာ ရွိေၾကာင္းႏွင့္ ေျမေအာက္အနက္ မီတာ ၅ဝဝ တြင္ တည္ေဆာက္ ထားေသာ ဥမင္လိုဏ္ေခါင္း မ်ားသည္ ႏုိင္ငံအႏွံ႔တြင္ တည္ရွိၿပီး ၄င္း ဥမင္လိုဏ္ေခါင္း မ်ားအတြင္း၌ ဒံုးက်ည္မ်ားႏွင့္ အျခား စစ္လက္နက္ ပစၥည္းမ်ားကို သိုေလွာင္ သိမ္းဆည္း ထားေၾကာင္း အီရန္ အမ်ဳိးသား အေစာင့္တပ္ဖဲြ႕၏ ေလေၾကာင္း တပ္ဖဲြ႕ အႀကီးအကဲ ဗိုလ္မွဴးခ်ဳပ္ အမီယာအလီ ဟာဂ်ီဇာဒက္ က ေျပာၾကား ထားသည္။

#PyiChitThar

.................................................................................

တီဟီရန် ၊ ၁၆-၁၀-၂၀၁၅

အီရန်နိုင်ငံပိုင် ရုပ်သံဌာနသည် နိုင်ငံ၏ မြေအောက် ဒုံးကျည်စခန်းကို တိုက်ရိုက် ထုတ်လွှင့်ပြသ ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေအောက် ဒုံးကျည်စခန်းတွင် ဒုံးကျည် အမျိုးအစားပေါင်း များစွနှင့် ပစ်လွှတ်စင် များကို တွေ့ရှိရပြီး ၄င်းဒုံးကျည် များသည် ရန်ဘက်နိုင်ငံက အမှားအယွင်း ပြုလုပ်ချိန်တွင် အသုံးပြု သွားမည် ဖြစ်ကြောင်း အီရန် တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

အီရန်နိုင်ငံသည် မကြာသေးမီ ရက်ပိုင်း အတွင်းက ၄င်းတို့၏ ပြည်တွင်းဖြစ် တာဝေးပစ် ဒုံးကျည် တစ်စင်းကို စမ်းသပ်ပစ်ခတ် ခဲ့ပြီး အဆိုပါကိစ္စရပ် နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှတစ်ဆင့် အရေးယူ သွားမည် ဖြစ်ကြောင်း အမေရိကန် က ပြောကြား ပြီးနောက် ယခုကဲ့သို့ မြေအောက် ဒုံးကျည်စခန်းကို ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အင်အားကြီး ခြောက်နိုင်ငံနှင့် ရရှိခဲ့သည့် သဘော တူညီမှုကို အီရန် လွှတ်တော်က အောက်တိုဘာ ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြု ခဲ့ပြီးနောက် ထိုကဲ့သို့ ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နျူကလီးယား အစီအစဉ်သည် နိုင်ငံ၏စစ်ရေး စွမ်းရည်ကို မထိခိုက် နိုင်ကြောင်း၊ အထူးသဖြင့် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်သည့် အစီအစဉ်ကို မည်သည့် အကျိုး သက်ရောက်မှုမျှ မရှိကြောင်း အီရန်ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြား ထားသည်။

ယခု ထုတ်ဖော်ပြသသည့် မြေအောက် ဥမင်လိုဏ်ခေါင်းသည် မီတာပေါင်း များစွာ ရှည်လျားပြီး အမြင့် ၁ဝ မီတာ ရှိကြောင်းနှင့် မြေအောက်အနက် မီတာ ၅ဝဝ တွင် တည်ဆောက် ထားသော ဥမင်လိုဏ်ခေါင်း များသည် နိုင်ငံအနှံ့တွင် တည်ရှိပြီး ၄င်း ဥမင်လိုဏ်ခေါင်း များအတွင်း၌ ဒုံးကျည်များနှင့် အခြား စစ်လက်နက် ပစ္စည်းများကို သိုလှောင် သိမ်းဆည်း ထားကြောင်း အီရန် အမျိုးသား အစောင့်တပ်ဖွဲ့၏ လေကြောင်း တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အမီယာအလီ ဟာဂျီဇာဒက် က ပြောကြား ထားသည်။

#PyiChitThar



Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>