Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အန္ကာရာ အေသခံဗံုးခဲြ တုိက္ခုိက္မႈႏွင့္ စပ္လ်ဥ္းသည့္ စာသားမ်ား Twitter ေပၚတြင္တင္ခဲ့သူ ၁၀ ဦးကုိ တူရကီထပ္မံဖမ္းဆီး

$
0
0



Ankara bombings: 10 more people arrested 'suspected of Isis and PKK links'

အန္ကာရာ ၊ ၁၆-၁၀-၂၀၁၅

အန္ကာရာ ဘူတာႀကီး အနီးတြင္ လူေပါင္း ၉၉ ဦးေသဆံုး ခဲ့သည့္ အေသခံ ဗံုးေပါက္ကြဲမႈႏွင့္ စပ္လ်ဥ္းေသာ စာသားမ်ားအား Twitter လူမႈကြန္ယက္ စာမ်က္ႏွာေပၚတြင္ တင္ခဲ့သူ ၁ဝ ဦးကို တူရကီ ရဲတပ္ဖဲြ႕က ထပ္မံ ဖမ္းဆီးခဲ့ၿပီး အဆိုပါ ဗံုးေပါက္ကဲြမႈႏွင့္ စပ္လ်ဥ္း၍ ဖမ္းဆီးထားသူ ၁၂ ဦးအထိ ရွိၿပီျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ အာမတ္ ဒါဗူတိုဂလူ က ေအာက္တိုဘာ ၁၅ ရက္တြင္ ေျပာၾကား ထားသည္။

တူရကီႏုိင္ငံ၏ အႀကီးမား ဆံုးေသာ အေသခံ ဗံုးခဲြတုိက္ခိုက္မႈ ႏွင့္ ပတ္သက္၍ ဖမ္းဆီးခံထား ရသူအခ်ဳိ႕သည္ ဆီးရီးယား ႏိုင္ငံတြင္ လေပါင္း မ်ားစြာၾကာ ေနထိုင္ခဲ့ၿပီး ISIS အဖဲြ႕သို႔မဟုတ္ ကားဒစ္ရွ္ စစ္ေသြးၾကြ အဖဲြ႕ႏွင့္ ဆက္ႏႊယ္သူမ်ား ျဖစ္ေၾကာင္း TGRT သတင္းဌာန ႏွင့္ျပဳလုပ္သည့္ ေတြ႕ဆံု ေမးျမန္းခန္းတြင္ ဒါဗူတိုဂလူ က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 

ထို႔ျပင္ ကားဒစ္ရွ္အဖဲြ႕ကို လိုလားေသာ တက္ၾကြ လႈပ္ရွားသူမ်ားႏွင့္ ျပည္သူမ်ား ပါဝင္ေသာ ၿငိမ္းခ်မ္းစြာ စုေဝးဆႏၵျပပဲြ ကုိ ဗံုးခဲြ တိုက္ခိုက္မႈသည္ ႏုိဝင္ဘာ ၁ ရက္တြင္ ျပဳလုပ္မည့္ အေထြေထြ ေရြးေကာက္ပြဲ ပ်က္ျပားေစရန္ ရည္ရြယ္၍ အၾကမ္းဖက္ အဖဲြ႕ဝင္မ်ားက လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ဒါဗူတိုဂလူ က ႐ိုက္တာ သတင္းဌာန သုိ႔ ေျပာၾကား ထားသည္။

အဆိုပါ ဗံုးေပါက္ကဲြမႈ သည္ လံုၿခံဳေရး ေပါ့ေလ်ာ့မႈေၾကာင့္ ျဖစ္ေၾကာင္း တူရကီ သမၼတ ရီဆပ္ေတယစ္ အာဒိုဂန္ က မွတ္ခ်က္ျပဳ ေျပာၾကားၿပီး ေနာက္ ျပည္ထဲေရး ဝန္ႀကီးက အန္ကာရာ ရဲတပ္ဖဲြ႕၊ စံုစမ္း ေထာက္လွမ္းေရး အဖဲြ႕ႏွင့္ လံုၿခံဳေရး တပ္ဖဲြ႕ေခါင္းေဆာင္ မ်ားကို ရာထူးမွ ထုတ္ပယ္ၿပီး စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။

#PyiChitThar

..........................................................................................

အန်ကာရာ အသေခံဗုံးခွဲ တိုက်ခိုက်မှုနှင့် စပ်လျဉ်းသည့် စာသားများ Twitter ပေါ်တွင်တင်ခဲ့သူ ၁၀ ဦးကို တူရကီထပ်မံဖမ်းဆီး


Ankara bombings: 10 more people arrested 'suspected of Isis and PKK links'

အန်ကာရာ ၊ ၁၆-၁၀-၂၀၁၅

အန်ကာရာ ဘူတာကြီး အနီးတွင် လူပေါင်း ၉၉ ဦးသေဆုံး ခဲ့သည့် အသေခံ ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်းသော စာသားများအား Twitter လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တင်ခဲ့သူ ၁ဝ ဦးကို တူရကီ ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးထားသူ ၁၂ ဦးအထိ ရှိပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အာမတ် ဒါဗူတိုဂလူ က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြား ထားသည်။

တူရကီနိုင်ငံ၏ အကြီးမား ဆုံးသော အသေခံ ဗုံးခွဲတိုက်ခိုက်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံထား ရသူအချို့သည် ဆီးရီးယား နိုင်ငံတွင် လပေါင်း များစွာကြာ နေထိုင်ခဲ့ပြီး ISIS အဖွဲ့သို့မဟုတ် ကားဒစ်ရှ် စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်သူများ ဖြစ်ကြောင်း TGRT သတင်းဌာန နှင့်ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒါဗူတိုဂလူ က ပြောကြားခဲ့ခြင်း ဖြစ်သည်။  

ထို့ပြင် ကားဒစ်ရှ်အဖွဲ့ကို လိုလားသော တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူများ ပါဝင်သော ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြပွဲ ကို ဗုံးခွဲ တိုက်ခိုက်မှုသည် နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက် အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒါဗူတိုဂလူ က ရိုက်တာ သတင်းဌာန သို့ ပြောကြား ထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု သည် လုံခြုံရေး ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ်တေယစ် အာဒိုဂန် က မှတ်ချက်ပြု ပြောကြားပြီး နောက် ပြည်ထဲရေး ဝန်ကြီးက အန်ကာရာ ရဲတပ်ဖွဲ့၊ စုံစမ်း ထောက်လှမ်းရေး အဖွဲ့နှင့် လုံခြံုရေး တပ်ဖွဲ့ခေါင်းဆောင် များကို ရာထူးမှ ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...