တျပည္လုံးအတိုင္းအတာနဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးဖို႔ အဆင့္သင့္ မျဖစ္ေသးတဲ့ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA ရဲ႕ တပ္စြဲရာ ေဒသနဲ႔ ၀မ္ဟိုင္း ဗဟိုဌာနခ်ဳပ္ကို ျမန္မာ့တပ္မေတာ္ကေန ထိုးစစ္ဆင္ေနတဲ့ အတြက္ ေန႔ စဥ္ဆိုသလို တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေန ပါတယ္။ ေအာက္တိုဘာလ(၁၈) ရက္ေန႔မွာ ျမန္မာ့တပ္မေတာ္ကေန တိုက္ခိုက္ သိမ္းပိုက္ႏိိုင္ခဲ့တယ္လို႔ သတင္း ထုတ္ျပန္ထားတဲ့ ေနရာေတြဟာ ေျမာက္ပိုင္း ရွမ္းျပည္ တပ္မေတာ္ဘက္က တိုက္ပြဲရပ္တန္႔ေရးအတြက္ရည္စူးၿပီး တပ္ဆုတ္ေပး ထားတဲ့ေနရာလို႔လဲ SSPP/SSA ေခါင္းေဆာင္ေတြက တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ NCA လက္မွတ္ေရးထိုးျခင္း မျပဳနိုင္ေသးတဲ့ အဖြဲ႔တခ်ိဳ႕ အေပၚမွာ ျမန္မာ့ တပ္မေတာ္ကေန သာမန္နဲ႔မတူတဲ့ စစ္ေရးလွဳပ္ရွားမႈေတြ လုပ္ေဆာင္ေနတယ္လို႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေခါင္းေဆာင္ေတြက ရႈ႕ျမင္ေနတဲ့ အေျခအေနကိုေတာ့ ဗီြအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ႏိုင္ကြန္းအိန္ကေန အခုလိုသတင္းေပးပို႔ထားပါတယ္။
မိုင္းရွဴးၿမိဳ႕နယ္နဲ႔ ေက်းသီးၿမိဳ႕နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSAတပ္ဖြဲ႔ေတြ အၾကား တိုက္ပြဲေတြျဖစ္ပြားေန ပါတယ္။ ျမန္မာ့တပ္မေတာ္ အေနနဲ႔ ေျမာက္ပိုင္း ရွမ္းျပည္တပ္မေတာ္ တပ္စြဲထားတဲ့ေနရာနဲ႔ ၀မ္ဟိုင္းဌာနခ်ဳပ္ကို ပစ္ခတ္တိုက္ခိုက္ေနတယ္လို႔ SSPP ေျပာခြင့္ရ ဗိုလ္မွဴးႀကီးစိုင္းလက ဒီကေန႔မွာ VOAကို အခုလိုေျပာပါတယ္။
“ဟိုက္ပါ အနီးတ၀ိုက္ေတာင္ကုန္းေတြမွာ ဒီေနရာေတြကို သူတို႔ ၇ နာရီကေန စၿပီးေတာ့ ညေနအထိေတာ့သူတို႔ လက္နက္ႀကီးေတြ ပစ္ၿပီးေတာ့ ျပန္ၿပီးေတာ့ ျပင္းျပင္း ထန္ထန္ျဖစ္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ ဖယ္ေပးတဲ့ေနရာ ေတာင္ကုန္းပိြဳင့္ေတြမွ သူတို႔ တက္ၿပီးေတာ့ ေနရာယူ ထားပါတယ္။ ေနာက္ အဲဒီေနရာ ကေနၿပီးေတာ့ က်ေနာ္တို႔ တပ္ျဖန္႔ထားတဲ့ ေနရာေတြမွာ သူတို႔ ျပန္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္တယ္ေလေနာ္။ တပ္စခန္းေပ့ါ။ အဲဒီ ၀မ္ဟိုင္းနဲ႔ ႏွစ္မိုင္ခန္႔အကြာမွာရွိတဲ့ တပ္ကေနၿပီးေတာ့ လက္နက္ႀကီးနဲ႔ ၀မ္ဟိုင္းကို ပစ္တာေပါ့ေနာ္။ ဒီ ၀မ္ဟိုင္းအစြန္မွာရွိတဲ့ ထီဆိုင္ ေတာင္ကုန္းနားေလးမွာ ႏွစ္လံုးေလာက္က်ၿပီးေတာ့ ေပါက္ကြဲခဲ့တယ္။ ၿပီးေတာ့ က်ေနာ္တို႔ ၀မ္လြင္နဲ႔ မိုင္ဟန္ဖက္ ထိုးေဖာက္၀င္လာတဲ့ စစ္ေၾကာင္းလည္း ပုန္ကန္မႈေၾကာင့္သူတို႔ ေနာက္ျပန္ဆုတ္ၿပီးေတာ့ ဒီေတာင္ကုန္းေတာင္ေက်ာေတြမွာ အခုထိ သူတို႔ကေနရာယူၿပီးေတာ့ ျဖန္႔ၿပီးေတာ့ ေနရာယူဆဲပဲျဖစ္တယ္။ ”
ဒီတိုက္ပြဲေတြအတြင္း ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္အေျချပဳေနရာယူထားတဲ့ ပြိဳင့္-၈၅၈ ပြိဳင့္-၁၂၈၆ နဲ႔ပိြဳင့္ ၁၃၀၉ လြယ္ခူေတာင္ကုန္းေတြ ကို ေအာက္တိုဘာလ (၁၈)ရက္ေန႔မွာ ျမန္မာ့တပ္မေတာ္ကေန တိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့တယ္ လို႔ တပ္မေတာ္ သတင္းထုတ္ျပန္ေရးအဖြဲ႔ကေတာ့ မေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
တပ္မေတာ္ကေန သိမ္းပိုက္နိုင္ခဲ့တယ္လို႔ ေျပာဆိုတဲ့ေနရာေတြ ဟာ ေျမာက္ပိုင္း ရွမ္းျပည္ တပ္မေတာ္တပ္ဖြဲ႔ကေန ေနာက္ဆုတ္ေပးတဲ့ေနရာလို႔ ဗိုလ္မွဴးႀကီးစိုင္းလကေျပာပါတယ္။
“က်ေနာ္တို႔ အဖက္ဖက္ကို သံုးသပ္ၿပီး ဖယ္ေပးလိုက္တဲ့ေနရာေတြ ရွိတယ္။ သူတို႔ တိုက္ၿပီးေတာ့ သိမ္းပိုက္လိုက္တယ္ဆိုတာ မရွိပါဘူး။”
ရွမ္းျပည္ေတာင္ပိုင္း မိုင္းရွဴးၿမိဳ႕နယ္နဲ႔ ေက်းသီးၿမိဳ႕နယ္ထဲမွာ အေျချပဳ လွဳပ္ရွားေနတဲ့ ေျမာက္ပိုင္း ရွမ္းျပည္တပ္မေတာ္ SSPP/SSA တပ္ဖြဲ႔ေတြ တပ္ဆုတ္ေပးဖို႔ ျမန္မာစစ္တပ္ကေန ေအာက္တိုဘာ ပထမအပါတ္မွာ ညႊန္ၾကားခ်က္ ေပးလာ ခဲ့ၿပီး ေနာက္ပိုင္း ႏွစ္ဖက္အဖြဲ႔အၾကား တိုက္ပြဲေတြ ေန႔စဥ္လိုလိုျဖစ္ပြားခဲ့ပါတယ္။
တိုက္ပြဲေတြေၾကာင့္ မိုင္းရွဴးၿမိဳ႕နယ္နဲ႕ ေက်းသီးၿမိဳ႕နယ္ ထဲက ေဒသခံေက်းရြာသား (၃၀၀၀)ေက်ာ္ဟာ စစ္ေဘးတိမ္းေရွာင္ ေနၾကရပါတယ္။
ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္နဲ႔ ျမန္မာအစိုးရ ၿငိမ္းခ်မ္းေရးေဖၚေဆာင္ေရး လုပ္ငန္းေကာ္မီတီအဖြဲ႔နဲ႔ ျပည္ေထာင္စု အဆင့္ အပစ္အခတ္ ရပ္စဲေရးေဆြးေႏြး တုန္းက တပ္ေနရာဆုတ္ခြါေပးရမယ္ဆိုတဲ့ သေဘာတူညီခ်က္ မပါရွိဘူးလို႔ လဲ ဗိုလ္မွဴးႀကီးစိုင္းလက အခုလိုဆက္ေျပာပါတယ္။
“က်ေနာ္တို႔ သေဘာတူညီခ်က္ထဲမွာ ရွမ္းျပည္တိုးတက္ေရးပါတီ၊ ရွမ္းျပည္ တပ္မေတာ္ တပ္ဖြဲ႔မ်ားကို ၀မ္ဟိုင္းအတြင္း အေျချပဳၿပီး လက္ရွိျဖန္႔ခြဲထားေသာေနရာ မ်ားတြင္ ယာယီအေျချပဳေနထိုင္ရန္ သေဘာတူသည္လို႔ ပါတယ္။ အဲဒီမွာ ၀မ္ဟိုင္းအနီးတြင္မ ကဘူး၊ က်ေနာ္တို႔ ရွမ္းေျမာက္၊ မို္းမိတ္ဖက္ေရာ က်ေနာ္တို႔ မူဆယ္၊ နမ့္ခမ္းဖက္ ၊ သိႏၵီ ၊ သီေပါ ဖက္ေရာ က်ေနာ္တို႔ တပ္ေတြ အမ်ားႀကီး ရွိပါတယ္။ အဲဒီေရာက္ရွိတဲ့ေနရာမွာ ျဖန္႔ခြဲေနထိုင္ထားဖို႔ က်ေနာ္တို႔ ယာယီ သေဘာတူညီခ်က္ျဖည့္ထားတယ္ေလ။ က်ေနာ္တို႔ နယ္ေျမကိစၥေတြ ။ ခင္ဗ်ားတို႔ ဒီေနရာကေန မေက်ာ္လြန္ကဘူး၊ ဒီေနရာမွာ မေနရဘူး လို႔ က်ေနာ္တို႔ သေဘာတူညီထားတာ မရွိဘူး ခင္ဗ်ာ။”
ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္နဲ႔ ျမန္မာၿငိမ္းခ်မ္းေရးေဖၚေဆာင္ေရးေကာ္မီတီတို႔ဟာ ၂၀၁၂ခုႏွစ္ ဇန္နဝါရီလ ကုန္ပိုင္းမွာ အခ်က္(၇)ခ်က္ ပါတဲ့ ႏွစ္ဘက္ သေဘာတူညီအပစ္ခတ္ ရပ္စဲေရး လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါေပမဲ့ လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္းမွာ ေျမာက္ပိုင္း ရွမ္းျပည္တပ္မေတာ္ရဲ႕ တာဆမ္ပူး ကူးတို႔ဆိပ္ တပ္စခန္းကို ေနာက္ ဆုတ္ ဖယ္ရွားေပးဖို႔ ေအာက္တိုဘာလ မွာျမန္မာအစိုးရက ညႊန္ၾကားခ်က္ေပး လာခဲ့ျပီးတိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။
ေအာက္တိုဘာလ(၆)ရက္ေန႔ကေန ယေန႔အထိ ႏွစ္ဖက္တပ္ေတြ အၾကားျဖစ္ပြား ခဲ့တဲ့ တိုက္ပြဲမွာ ျမန္မာ့ တပ္မေတာ္ဘက္က ထိခိုက္က်ဆုံးမွဳကိုေတာ့ အတည္မျပဳနိုင္ေသးသလို ေျမာက္ပိုင္း ရွမ္းျပည္ တပ္မေတာ္ဘက္က အရာရွိ စစ္သည္ (၄) ဦး က်ဆုံးခဲ့တယ္လို႔ ဗိုလ္မွဴးႀကီးစိုင္းလကေျပာပါတယ္။
ျမန္မာ့တပ္မေတာ္သတင္း ထုတ္ျပန္ေရး အဖြဲ႔ရဲ႕ မေန႔က ထုတ္ျပန္ခ်က္အရ တပ္မေတာ္ဘက္က က်ဆုံးထိခိုက္ ဒဏ္ရာမွဳ တခ်ိဳ႕ရွိခဲ့သလို SSPP/SSAအဖြဲ႕ရဲ႕ အေလာင္း(၇)ေလာင္း လက္နက္မ်ိဳးစုံ(၈)လက္နက္ခဲယမ္းေတြကို သိမ္းဆည္းရမိခဲ့ၿပီး နယ္ေျမ ရွင္းလင္းေရးကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေဖၚျပထားပါတယ္။
လက္ရွိအေျခအေနအရ တျပည္လုံးအတိုင္းအတာ ပစ္ခတ္တိုက္ခိုက္မွဳရပ္စဲေရး NCA လက္မွတ္ေရးထိုးျခင္းမျပဳနိုင္ေသးတဲ့ အဖြဲ႔တခ်ိဳ႕အေပၚမွာ ျမန္မာ့တပ္မေတာ္ကေန သာမာန္နဲ႔ မတူတဲ့ စစ္ေရးလွဳပ္ရွားမွဳေတြ လုပ္ေဆာင္ေနတယ္လို႔ ရခိုင္တပ္မေတာ္ (AA)အဖြဲ႔ရဲ႕ ဒုတိယစစ္ဦးစီးခ်ဳပ္ ဗိုလ္မွဴးႀကီးေဒါက္တာညိဳထြန္းေအာင္ က အခုလိုေျပာပါတယ္။
“သာမာန္နဲ႔မတူဘူး ဆိုတာက အရင္ဆိုရင္ေတာ့ သူတို႔က ကခ်င္ေဒသကိုပဲ စစ္အင္အားေတြ ဘာေတြ နည္းနည္းတိုးတယ္။ ၿပီးရင္ တျခားေနရာေတြမွာ ၿငိမ္ေနတယ္။ အခုကေတာ့ အဲဒီလိုမ်ိဳးမဟုတ္ဘူး။ စစ္ျဖစ္ေနတဲ့ေဒသေတြနဲ႔ တၿပိဳင္တည္းကို၊ ကခ်င္ေဒသေတြမွာ လည္း စစ္အင္အားတိုးတယ္။ ၿပီးရင္ ရွမ္းျပည္ရဲ႕တာဆန္ဖူး SSA၊ ၀မ္ဟိုင္းတို႔မွာလည္း တိုက္ပြဲေတြျဖစ္တယ္။ ပေလာင္ေဒသေတြမွာလည္း အဲဒီလိုမ်ိဳး၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ရခိုင္ေဒသေတြမွာလည္း အဲဒီလို တၿပိဳင္နက္တည္း တခ်ိန္တည္းမွာ ျဖစ္ေနတဲ့ အေနအထားကို ၾကည့္ျခင္းအားျဖင့္ သာမာန္နဲ႔ မတူတဲ့ စစ္ေရးလႈပ္ရွားမႈဆိုတာကို ဆိုလိုတာခင္ဗ်ာ။ ”
အခုလိုျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ လာမယ့္ နို၀င္ဘာလမွာ က်င္းပမယ့္ ေရြးေကာက္ပြဲ ထိခိုက္မွာကို စိုးရိမ္ေၾကာင္း ရခိုင္တပ္မေတာ္ကေန ဒီကေန႔မွာ သေဘာထားေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖၚေဆာင္ေရး လုပ္ငန္းေကာ္မီတီ ဒုတိယ ဥကၠ႒ ျပည္ေထာင္စု ၀န္ႀကီး ဦးေအာင္မင္းအေနနဲ႔ NCAလက္မွတ္ေရးထိုးဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ အဖြဲ႔ေတြအေပၚ ထိုးစစ္ဆင္မွာ မဟုတ္ဘူးလို႔ ေျပာဆို ခဲ့ေပမယ့္ လက္ရွိ မွာေတာ့ KIOကခ်င္လြတ္လပ္ေရး အဖြဲ႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA တအာင္းပေလာင္တပ္ဖြဲ႕TNLA ကိုးကန္႔တပ္ဖြဲ႔တို႔အေပၚမွာ ျမန္မာ့တပ္မေတာ္ကေန ထိုးစစ္ဆင္ေနဆဲ အေျခအေနမွာရွိေနပါတယ္။
ႏုိင္ကြန္းအိန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................
တပြည်လုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့ အဆင့်သင့် မဖြစ်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တပ်စွဲရာ ဒေသနဲ့ ၀မ်ဟိုင်း ဗဟိုဌာနချုပ်ကို မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေတဲ့ အတွက် နေ့ စဉ်ဆိုသလို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ ပါတယ်။ အောက်တိုဘာလ(၁၈) ရက်နေ့မှာ မြန်မာ့တပ်မတော်ကနေ တိုက်ခိုက် သိမ်းပိုက်နိိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားတဲ့ နေရာတွေဟာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က တိုက်ပွဲရပ်တန့်ရေးအတွက်ရည်စူးပြီး တပ်ဆုတ်ပေး ထားတဲ့နေရာလို့လဲ SSPP/SSA ခေါင်းဆောင်တွေက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးခြင်း မပြုနိုင်သေးတဲ့ အဖွဲ့တချို့ အပေါ်မှာ မြန်မာ့ တပ်မတော်ကနေ သာမန်နဲ့မတူတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ရှု့မြင်နေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် တပ်စွဲထားတဲ့နေရာနဲ့ ၀မ်ဟိုင်းဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီကနေ့မှာ VOAကို အခုလိုပြောပါတယ်။
“ဟိုက်ပါ အနီးတဝိုက်တောင်ကုန်းတွေမှာ ဒီနေရာတွေကို သူတို့ ရ နာရီကနေ စပြီးတော့ ညနေအထိတော့သူတို့ လက်နက်ကြီးတွေ ပစ်ပြီးတော့ ပြန်ပြီးတော့ ပြင်းပြင်း ထန်ထန်ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ဖယ်ပေးတဲ့နေရာ တောင်ကုန်းပွိုင့်တွေမှ သူတို့ တက်ပြီးတော့ နေရာယူ ထားပါတယ်။ နောက် အဲဒီနေရာ ကနေပြီးတော့ ကျနော်တို့ တပ်ဖြန့်ထားတဲ့ နေရာတွေမှာ သူတို့ ပြန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်လေနော်။ တပ်စခန်းပေ့ါ။ အဲဒီ ၀မ်ဟိုင်းနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ၀မ်ဟိုင်းကို ပစ်တာပေါ့နော်။ ဒီ ၀မ်ဟိုင်းအစွန်မှာရှိတဲ့ ထီဆိုင် တောင်ကုန်းနားလေးမှာ နှစ်လုံးလောက်ကျပြီးတော့ ပေါက်ကွဲခဲ့တယ်။ ပြီးတော့ ကျနော်တို့ ၀မ်လွင်နဲ့ မိုင်ဟန်ဖက် ထိုးဖောက်ဝင်လာတဲ့ စစ်ကြောင်းလည်း ပုန်ကန်မှုကြောင့်သူတို့ နောက်ပြန်ဆုတ်ပြီးတော့ ဒီတောင်ကုန်းတောင်ကျောတွေမှာ အခုထိ သူတို့ကနေရာယူပြီးတော့ ဖြန့်ပြီးတော့ နေရာယူဆဲပဲဖြစ်တယ်။ ”
ဒီတိုက်ပွဲတွေအတွင်း မြောက်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြုနေရာယူထားတဲ့ ပွိုင့်-၈၅၈ ပွိုင့်-၁၂၈၆ နဲ့ပွိုင့် ၁၃၀၉ လွယ်ခူတောင်ကုန်းတွေ ကို အောက်တိုဘာလ (၁၈)ရက်နေ့မှာ မြန်မာ့တပ်မတော်ကနေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ် လို့ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်မတော်ကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုတဲ့နေရာတွေ ဟာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တပ်ဖွဲ့ကနေ နောက်ဆုတ်ပေးတဲ့နေရာလို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
“ကျနော်တို့ အဖက်ဖက်ကို သုံးသပ်ပြီး ဖယ်ပေးလိုက်တဲ့နေရာတွေ ရှိတယ်။ သူတို့ တိုက်ပြီးတော့ သိမ်းပိုက်လိုက်တယ်ဆိုတာ မရှိပါဘူး။”
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်ထဲမှာ အခြေပြု လှုပ်ရှားနေတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တွေ တပ်ဆုတ်ပေးဖို့ မြန်မာစစ်တပ်ကနေ အောက်တိုဘာ ပထမအပါတ်မှာ ညွှန်ကြားချက် ပေးလာ ခဲ့ပြီး နောက်ပိုင်း နှစ်ဖက်အဖွဲ့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ် ထဲက ဒေသခံကျေးရွာသား (၃၀၀၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။
မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေး တုန်းက တပ်နေရာဆုတ်ခွါပေးရမယ်ဆိုတဲ့ သဘောတူညီချက် မပါရှိဘူးလို့ လဲ ဗိုလ်မှူးကြီးစိုင်းလက အခုလိုဆက်ပြောပါတယ်။
“ကျနော်တို့ သဘောတူညီချက်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့များကို ၀မ်ဟိုင်းအတွင်း အခြေပြုပြီး လက်ရှိဖြန့်ခွဲထားသောနေရာ များတွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်လို့ ပါတယ်။ အဲဒီမှာ ၀မ်ဟိုင်းအနီးတွင်မ ကဘူး၊ ကျနော်တို့ ရှမ်းမြောက်၊ မို်းမိတ်ဖက်ရော ကျနော်တို့ မူဆယ်၊ နမ့်ခမ်းဖက် ၊ သိန္ဒီ ၊ သီပေါ ဖက်ရော ကျနော်တို့ တပ်တွေ အများကြီး ရှိပါတယ်။ အဲဒီရောက်ရှိတဲ့နေရာမှာ ဖြန့်ခွဲနေထိုင်ထားဖို့ ကျနော်တို့ ယာယီ သဘောတူညီချက်ဖြည့်ထားတယ်လေ။ ကျနော်တို့ နယ်မြေကိစ္စတွေ ။ ခင်ဗျားတို့ ဒီနေရာကနေ မကျော်လွန်ကဘူး၊ ဒီနေရာမှာ မနေရဘူး လို့ ကျနော်တို့ သဘောတူညီထားတာ မရှိဘူး ခင်ဗျာ။”
မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီတို့ဟာ ၂၀၁၂ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှာ အချက်(၇)ချက် ပါတဲ့ နှစ်ဘက် သဘောတူညီအပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းကို နောက် ဆုတ် ဖယ်ရှားပေးဖို့ အောက်တိုဘာလ မှာမြန်မာအစိုးရက ညွှန်ကြားချက်ပေး လာခဲ့ပြီးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ(၆)ရက်နေ့ကနေ ယနေ့အထိ နှစ်ဖက်တပ်တွေ အကြားဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာ့ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးသလို မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က အရာရှိ စစ်သည် (၄) ဦး ကျဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
မြန်မာ့တပ်မတော်သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်အရ တပ်မတော်ဘက်က ကျဆုံးထိခိုက် ဒဏ်ရာမှု တချို့ရှိခဲ့သလို SSPP/SSAအဖွဲ့ရဲ့ အလောင်း(၇)လောင်း လက်နက်မျိုးစုံ(၈)လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး နယ်မြေ ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း ဖေါ်ပြထားပါတယ်။
လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ်ရေးထိုးခြင်းမပြုနိုင်သေးတဲ့ အဖွဲ့တချို့အပေါ်မှာ မြန်မာ့တပ်မတော်ကနေ သာမာန်နဲ့ မတူတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်တပ်မတော် (AA)အဖွဲ့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင် က အခုလိုပြောပါတယ်။
“သာမာန်နဲ့မတူဘူး ဆိုတာက အရင်ဆိုရင်တော့ သူတို့က ကချင်ဒေသကိုပဲ စစ်အင်အားတွေ ဘာတွေ နည်းနည်းတိုးတယ်။ ပြီးရင် တခြားနေရာတွေမှာ ငြိမ်နေတယ်။ အခုကတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဒေသတွေနဲ့ တပြိုင်တည်းကို၊ ကချင်ဒေသတွေမှာ လည်း စစ်အင်အားတိုးတယ်။ ပြီးရင် ရှမ်းပြည်ရဲ့တာဆန်ဖူး SSA၊ ၀မ်ဟိုင်းတို့မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ ပလောင်ဒေသတွေမှာလည်း အဲဒီလိုမျိုး၊ နောက်ပြီးတော့ ကျနော်တို့ ရခိုင်ဒေသတွေမှာလည်း အဲဒီလို တပြိုင်နက်တည်း တချိန်တည်းမှာ ဖြစ်နေတဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် သာမာန်နဲ့ မတူတဲ့ စစ်ရေးလှုပ်ရှားမှုဆိုတာကို ဆိုလိုတာခင်ဗျာ။ ”
အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ထိခိုက်မှာကို စိုးရိမ်ကြောင်း ရခိုင်တပ်မတော်ကနေ ဒီကနေ့မှာ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းအနေနဲ့ NCAလက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေအပေါ် ထိုးစစ်ဆင်မှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပေမယ့် လက်ရှိ မှာတော့ KIOကချင်လွတ်လပ်ရေး အဖွဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တအာင်းပလောင်တပ်ဖွဲ့TNLA ကိုးကန့်တပ်ဖွဲ့တို့အပေါ်မှာ မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေဆဲ အခြေအနေမှာရှိနေပါတယ်။
နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com