ေျဖရွင္းေပးခဲ့တဲ့ သာေကတ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးရံုး (သတင္းဓါတ္ပံုCredit to- Myanmar Muslims Media ) |
ဒီကေန႔ ရန္ကုန္တိုင္း သာေကတၿမိဳ႕နယ္ထဲက အစၥလာမ္ဘာသာေရး စာသင္ေက်ာင္း (၈)ေက်ာင္းမွာ စာသင္သားေတြ ဝတ္ျပဳရွိခိုးေနၾကတယ္ဆိုၿပီး တုိင္တန္းလာတဲ့ အတြက္ သက္ဆုိင္ရာ အစၥလာမ္စာသင္ေက်ာင္းတာဝန္ရွိသူေတြ အေနနဲ႔ သာေကတၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန အုပ္ခ်ဳပ္ေရးမွဴးရံုးမွာ သြားေရာက္ေျဖရွင္းခဲ့ရတယ္လို႔ အစၥလာမ္ဘာသာေရးအဖြဲ႔ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးကိုကိုလတ္က အျဖစ္အပ်က္ကို ဗီြအိုေအျမန္မာပိုင္းကို အခုလိုရွင္းျပပါတယ္။
“အစၥလာမ္ဘာသာေရး စာသင္ေက်ာင္း သာေကတမွာ (၈)ေက်ာင္းရွိတယ္ေပါ့။ အဲဒီ ၈ ေက်ာင္းမွာ ၀တ္ျပဳတာေပါ့။ အစၥလာမ္ဘာသာ ထံုးတမ္းစဥ္အရ စာသင္တယ္။ သင္ၿပီးသြားရင္ ကေလးေတြက ဘုရား၀တ္ျပဳၾကတယ္ေပါ့။ အဲဒီ ဘုရား၀တ္ျပဳတဲ့ဟာ ကို ေက်ာင္းမွာ စာပဲတင္ရမယ္။ ဘုရား၀တ္မျပဳရဘူး။ အစၥလာမ္ဘာသာရဲ႕ ထံုးတန္းစဥ္လာအရ ၀တ္စားဆင္ယဥ္မႈကို မ၀တ္ရဘူး။ ဦးထုတ္ေတြ မေဆာင္းရဘူး။ အဲဒါေတြကို မလုပ္ဖို႔အတြက္ကို တားျမစ္ပါတယ္ဆိုၿပီး သူတို႔က လာတားျမစ္ပါတယ္။ လာတားျမစ္ေတာ့ ပလီေဂါပက အဖြဲ႔ေတြကလည္း သူတို႔က ညိွညိွႏိွဳင္း၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ခ်င္တဲ့အတြက္ကို အစၥလာမ္ ဘာသာေရးအဖြဲ႔အစည္းေတြကလည္း သူတို႔က ဒီကိစၥကို ဘာပဲေတာင္းဆိုေတာင္းဆို က်ေနာ္တို႔ဖက္က ေတာင္းဆိုတာကို လိုက္ေလွ်ာေပးၿပီးေတာ့ လက္မွတ္ထိုးေပးဆိုရင္လည္း၊ က်ေနာ္တို႔က ထိုးေပးၿပီးေတာ့ ေနာက္ဆံုးေက်ာင္းေကာ္မတီ ဥကၠ႒ေနရာကေနၿပီးေတာ့ လက္မွတ္ထိုးေပးၿပီးေတာ့ ေအးေအးခ်မ္းခ်မ္းပဲ ၿပီးဆံုးသြားပါတယ္။”
ေရြးေကာက္ပြဲ က်င္းပဖို႔ ရက္ပိုင္းေလာက္ပဲ အခ်ိန္နီးကပ္လာခ်ိန္မွာ ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္မႈေတြဖန္တီးၿပီး ေရြးေကာက္ပြဲ ပ်က္ျပားေအာင္ လုပ္ေဆာင္လာမွာကို မလုိလားဘူးလို႔လည္း အစၥလာမ္ဘာသာေရး အဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ ဒါေၾကာင့္ ဘာသာေရး အေၾကာင္းျပ ပဋိပကၡ အၾကမ္းဖက္မႈေတြ မျဖစ္ေအာင္ အစၥလာမ္ဘာသာေရးအဖြဲ႔ခ်ဳပ္အေနနဲ႔ အတတ္ႏုိင္ဆံုး ေျပလည္ေအာင္ ေျဖရွင္းေနၾကပါတယ္လို႔လည္း တာဝန္ရွိသူ ဦးကိုကိုလတ္ကေျပာပါတယ္။
“ဒီေရြးေကာက္ပြဲ အခ်ိန္ကာလေတြနီးလာတာနဲ႔အမွ် သက္ဆိုင္ရာ ဌာနဆိုင္ရာေတြကေနၿပီးေတာ့ ဒါမ်ိဳးေတြျဖစ္ျဖစ္ျခင္းကို အေရးယူေပးမယ္ ဆိုရင္ေတာ့ ပိုၿပီးသင့္ေတာ္မယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ္တို႔ အစၥလာမ္ ဘာသာေတြအေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ အၿမဲတမ္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ က်ေနာ္တို႔ေျဖရွင္းပါတယ္။ က်ေနာ္တို႔ သီးခံပါတယ္။ ဘယ္သူကျဖစ္ျဖစ္ ကိုယ္ကပဲ မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ က်ေနာ္တို႔က အရင္ဆံုးေတာင္းပန္ လိုက္တာေပါ့။ ေတာင္းပန္ၿပီးေတာ့ အာဏာပိုင္ကိုေတာ့ အေၾကာင္းၾကားပါတယ္။ အေၾကာင္းၾကားၿပီးေတာ့ အာဏာပိုင္နဲ႔ ညိွႏိွဳင္းေဆာင္ရြက္မႈေတြ လုပ္ၿပီးေတာ့မွ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းတဲ့အထိပါပဲ။ က်ေနာ္တို႔ကေတာ့ ေဒါသကို အရွည္ မထားပါဘူး။ အဲဒီမွာ လူငယ္ေတြကေတာ့ ေျပာၾကဆိုၾကတာတို႔၊ အင္တာနက္ထဲမွာ ေရးၾကတာတို႔ရွိၾကတာပဲ၊ ဒါေတြကိုလည္း မလုပ္ဖို႔ မကိုင္ဖို႔နဲ႔ ေဒါသ အေလွ်ာက္ မေျပာမိဖို႔ မဆိုမိဖို႔ လည္း က်ေနာ္တို႔ ဘာသာေရး အဖြဲ႔အစည္းေတြကလည္း အဲဒီလူငယ္ေတြကိုလည္း အၿမဲေျပာေလ့ေျပာထ ရွိပါတယ္။”
ဒါေပမဲ့ ျမန္မာႏုိင္ငံမွာ လူမ်ိဳးေရး၊ ဘာသာေရးအသြင္ေဆာင္ ပဋိပကၡေတြျဖစ္ပ်က္ ခဲ့ခ်ိန္တိုင္း သက္ဆိုင္ရာ အာဏာပိုင္ေတြဘက္က အခ်ိန္နဲ႔ တေျပးညီ ေဆာင္ရြက္မႈေတြ အားနည္းခဲ့တဲ့ အတြက္ဒီလို တင္းမာမႈေတြျဖစ္ လာခ်ိန္မွာ လံုျခံဳေရး တာဝန္ရွိသူေတြဘက္က ျပည္သူေတြရဲ႕ အသက္အိုးအိမ္ အႏၱရာယ္မျဖစ္ေစေရး လံုျခံဳေရးယူၿပီး စနစ္တက်အေလးအနက္ထား စီစဥ္ေဆာင္ရြက္ေပးသင့္တယ္လို႔လည္း ေမတၱာရပ္ခံပါတယ္။
“က်ေနာ့္အေနနဲ႔ လံုၿခံဳေရး တာ၀န္ယူတဲ့လူေတြကို အႀကံျပဳခ်င္တာ ကေတာ့ ျဖစ္ျဖစ္ခ်င္း ကို အျမန္ဆံုးလုပ္ေပးဖို႔ေပါ့။ က်ေနာ္တို႔ မိတၱလာမွာ ျဖစ္ခဲ့တဲ့ ကေလးေတြ အသက္ဆံုးရံွူးခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက လံုၿခံဳေရးေတြ အခ်ိန္မွီ မေရာက္လာလို႔ က်ေနာ္တို႔ စာသင္ေက်ာင္းက ကေလးေတြ အသက္ ဆံုးရွံးခဲ့ရပါတယ္။ ဒါမ်ိဳးကို ေနာက္ထပ္မျဖစ္ဖို႔အတြက္ကို ဘယ္ေနရာမွာ၊ ဘယ္ေဒသမဆို တခုခု ျဖစ္ေတာ့မယ္ဆိုရင္ လံုၿခံဳေရးက အရင္ဆံုး ခ်ထားၿပီးေတာ့မွ ေျဖရွင္းတာ ပိုေကာင္းမယ္လို႔ အႀကံျပဳခ်င္ပါတယ္။”
ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ သာေကတၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ပါဘူး။
အခုလို ေရြးေကာက္ပြဲႀကီး က်င္းပဖို႔ ရက္ပိုင္းေလာက္ပဲ နီးကပ္လာခ်ိန္မွာ အတုိက္အခံ ႏုိင္ငံေရးပါတီ အေပၚ ဘာသာေရး အသြင္ေဆာင္ စည္းရံုးလႈံ႔ေဆာ္ တိုက္ခိုက္မႈေတြ ရွိေနသလို၊ ျမန္မာႏုိင္ငံတြင္းမွာလည္း မၾကာေသးခင္ႏွစ္ပိုင္းေတြက လူမ်ိဳးေရး၊ ဘာသာေရးအသြင္ေဆာင္ အဓိကရုဏ္းေတြျဖစ္ခဲ့ၿပီး လူေသဆံုးမႈ အထိ ျဖစ္ခဲ့ရသလို ႏွစ္ဘက္လူ႔အဖြဲ႔အစည္းၾကား ပ်က္ဆီးဆံုးရံႈးမႈေတြလည္း ရင္ဆိုင္ခဲ့ရပါတယ္။
မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................
ဖြေရှင်းပေးခဲ့တဲ့ သာကေတ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး (သတင်းဓါတ်ပုံCredit to- Myanmar Muslims Media )
ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေမှာ ဝတ်ပြုနေတယ် ဆိုပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးကို လူပုဂ္ဂိုလ် အဖွဲ့အစည်းတချို့က အကြောင်းကြား တိုင်တန်းလာတဲ့ အတွက် သက်ဆိုင်ရာ စာသင်ကျောင်း တာဝန်ခံ အစ္စလာမ်ဂေါပကအဖွဲ့တွေဘက်က ခံဝန်ကတိ လက်မှတ်ရေးထိုးပေးလိုက်တယ် လို့ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က ပြောပါတယ်။ ရွေးကောက်ပွဲနီးကပ်လာချိန် ဘာသာရေးအကြောင်းပြ ပဋိပက္ခ အကြမ်းဖက်မှုတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းနေကြ ပါတယ်လို့လည်း အစ္စလာမ် ဘာသာရေးအဖွဲ့ချုပ် တာဝန်ရှိသူကပြောပါတယ်။အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
ဒီကနေ့ ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း (၈)ကျောင်းမှာ စာသင်သားတွေ ဝတ်ပြုရှိခိုးနေကြတယ်ဆိုပြီး တိုင်တန်းလာတဲ့ အတွက် သက်ဆိုင်ရာ အစ္စလာမ်စာသင်ကျောင်းတာဝန်ရှိသူတွေ အနေနဲ့ သာကေတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရတယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကိုကိုလတ်က အဖြစ်အပျက်ကို ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။
“အစ္စလာမ်ဘာသာရေး စာသင်ကျောင်း သာကေတမှာ (၈)ကျောင်းရှိတယ်ပေါ့။ အဲဒီ ၈ ကျောင်းမှာ ၀တ်ပြုတာပေါ့။ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်အရ စာသင်တယ်။ သင်ပြီးသွားရင် ကလေးတွေက ဘုရားဝတ်ပြုကြတယ်ပေါ့။ အဲဒီ ဘုရားဝတ်ပြုတဲ့ဟာ ကို ကျောင်းမှာ စာပဲတင်ရမယ်။ ဘုရားဝတ်မပြုရဘူး။ အစ္စလာမ်ဘာသာရဲ့ ထုံးတန်းစဉ်လာအရ ၀တ်စားဆင်ယဉ်မှုကို မဝတ်ရဘူး။ ဦးထုတ်တွေ မဆောင်းရဘူး။ အဲဒါတွေကို မလုပ်ဖို့အတွက်ကို တားမြစ်ပါတယ်ဆိုပြီး သူတို့က လာတားမြစ်ပါတယ်။ လာတားမြစ်တော့ ပလီဂေါပက အဖွဲ့တွေကလည်း သူတို့က ညှိညှိနှိုင်း၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တဲ့အတွက်ကို အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေကလည်း သူတို့က ဒီကိစ္စကို ဘာပဲတောင်းဆိုတောင်းဆို ကျနော်တို့ဖက်က တောင်းဆိုတာကို လိုက်လျှောပေးပြီးတော့ လက်မှတ်ထိုးပေးဆိုရင်လည်း၊ ကျနော်တို့က ထိုးပေးပြီးတော့ နောက်ဆုံးကျောင်းကော်မတီ ဥက္ကဋ္ဌနေရာကနေပြီးတော့ လက်မှတ်ထိုးပေးပြီးတော့ အေးအေးချမ်းချမ်းပဲ ပြီးဆုံးသွားပါတယ်။”
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ အချိန်နီးကပ်လာချိန်မှာ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေဖန်တီးပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် လုပ်ဆောင်လာမှာကို မလိုလားဘူးလို့လည်း အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က ပြောပါတယ်။ ဒါကြောင့် ဘာသာရေး အကြောင်းပြ ပဋိပက္ခ အကြမ်းဖက်မှုတွေ မဖြစ်အောင် အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်အနေနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းနေကြပါတယ်လို့လည်း တာဝန်ရှိသူ ဦးကိုကိုလတ်ကပြောပါတယ်။
“ဒီရွေးကောက်ပွဲ အချိန်ကာလတွေနီးလာတာနဲ့အမျှ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကနေပြီးတော့ ဒါမျိုးတွေဖြစ်ဖြစ်ခြင်းကို အရေးယူပေးမယ် ဆိုရင်တော့ ပိုပြီးသင့်တော်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ အစ္စလာမ် ဘာသာတွေအနေနဲ့ပြောရမယ်ဆိုရင်တော့ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျနော်တို့ဖြေရှင်းပါတယ်။ ကျနော်တို့ သီးခံပါတယ်။ ဘယ်သူကဖြစ်ဖြစ် ကိုယ်ကပဲ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျနော်တို့က အရင်ဆုံးတောင်းပန် လိုက်တာပေါ့။ တောင်းပန်ပြီးတော့ အာဏာပိုင်ကိုတော့ အကြောင်းကြားပါတယ်။ အကြောင်းကြားပြီးတော့ အာဏာပိုင်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတဲ့အထိပါပဲ။ ကျနော်တို့ကတော့ ဒေါသကို အရှည် မထားပါဘူး။ အဲဒီမှာ လူငယ်တွေကတော့ ပြောကြဆိုကြတာတို့၊ အင်တာနက်ထဲမှာ ရေးကြတာတို့ရှိကြတာပဲ၊ ဒါတွေကိုလည်း မလုပ်ဖို့ မကိုင်ဖို့နဲ့ ဒေါသ အလျှောက် မပြောမိဖို့ မဆိုမိဖို့ လည်း ကျနော်တို့ ဘာသာရေး အဖွဲ့အစည်းတွေကလည်း အဲဒီလူငယ်တွေကိုလည်း အမြဲပြောလေ့ပြောထ ရှိပါတယ်။”
ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်ပျက် ခဲ့ချိန်တိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က အချိန်နဲ့ တပြေးညီ ဆောင်ရွက်မှုတွေ အားနည်းခဲ့တဲ့ အတွက်ဒီလို တင်းမာမှုတွေဖြစ် လာချိန်မှာ လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပြည်သူတွေရဲ့ အသက်အိုးအိမ် အန္တရာယ်မဖြစ်စေရေး လုံခြံုရေးယူပြီး စနစ်တကျအလေးအနက်ထား စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း မေတ္တာရပ်ခံပါတယ်။
“ကျနော့်အနေနဲ့ လုံခြံုရေး တာဝန်ယူတဲ့လူတွေကို အကြံပြုချင်တာ ကတော့ ဖြစ်ဖြစ်ချင်း ကို အမြန်ဆုံးလုပ်ပေးဖို့ပေါ့။ ကျနော်တို့ မိတ္တလာမှာ ဖြစ်ခဲ့တဲ့ ကလေးတွေ အသက်ဆုံးရှူံးခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက လုံခြံုရေးတွေ အချိန်မှီ မရောက်လာလို့ ကျနော်တို့ စာသင်ကျောင်းက ကလေးတွေ အသက် ဆုံးရှံးခဲ့ရပါတယ်။ ဒါမျိုးကို နောက်ထပ်မဖြစ်ဖို့အတွက်ကို ဘယ်နေရာမှာ၊ ဘယ်ဒေသမဆို တခုခု ဖြစ်တော့မယ်ဆိုရင် လုံခြံုရေးက အရင်ဆုံး ချထားပြီးတော့မှ ဖြေရှင်းတာ ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။”
ဒီအကြောင်းနဲ့ပတ်သက်လို့ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အခုလို ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ နီးကပ်လာချိန်မှာ အတိုက်အခံ နိုင်ငံရေးပါတီ အပေါ် ဘာသာရေး အသွင်ဆောင် စည်းရုံးလှုံ့ဆော် တိုက်ခိုက်မှုတွေ ရှိနေသလို၊ မြန်မာနိုင်ငံတွင်းမှာလည်း မကြာသေးခင်နှစ်ပိုင်းတွေက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် အဓိကရုဏ်းတွေဖြစ်ခဲ့ပြီး လူသေဆုံးမှု အထိ ဖြစ်ခဲ့ရသလို နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပျက်ဆီးဆုံးရှုံးမှုတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com