Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကမ္ဘာတဝှမ်း IS တိုက်ခိုက်မှု အဖြစ်များလာ

$
0
0
IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ကမ္ဘာတ၀ှမ်း တိုက်ခိုက်။
 ဒီနှစ် ၂၀၁၅ ခုနှစ်ရဲ့ တတိယသုံးလအတွင်း IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ ကမ္ဘာတ၀ှမ်း တိုက်ခိုက်မှုတွေဟာ နေ့စဉ် ၄၀ % ကျော် အဖြစ်များလာတယ်လို့ IHS Jane အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစာစောင် က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ လေ့လာချက်ထဲမှာ ဇူလိုင်လကနေ စက်တင်ဘာလတွင်း ကမ္ဘာတ၀ှမ်း IS အဖွဲ့ရဲ့ တိုက်ခိုက်မှုပေါင်း ၁၀၈၆ ခု ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။ ဒါဟာ နေ့စဉ် ပျမ်းမျှ တိုက်ခိုက်မှု ၁၂ ကြိမ် နီးပါး ရှိနေတာကို ဖော်ပြပြီး ဒီ့အရင် ဒုတိယသုံးလ ကာလထက် ၄၂ % ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။

IS အဖွဲ့က သူပိုင် နယ်တွေအဖြစ် ကြေညာထားတာရှိတဲ့ အဖွဲ့ အဓိကခြေကုပ်ရာ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေမှာတင်မကဘဲ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆော်ဒီ အာရေးဗီးယား နဲ့ မြောက်ပိုင်း ကော့ကေးဆပ်နဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စုဆောင်းပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

နိုင်ဂျီးရီးယားက ဘိုကိုဟာရမ် အပါအ၀င် ဒီလိုနိုင်ငံတွေမှာရှိတဲ့ ဒေသခံ အကြမ်းဖက်အဖွဲ့ အတော်များများက သူတို့အနေနဲ့ IS အဖွဲ့ကို သစ္စာခံထားတဲ့အကြောင်း ပြောကြပေမဲ့ ဒီအဖွဲ့အစည်းတွေနဲ့ IS ခေါင်းဆောင်မှုပိုင်းကြား ဘယ်လောက်အထိ နီးစပ်မှုရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အစွန်းရောက်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လာတွေနဲ့ချီ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရုရှားကလည်း အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေလောက် မကြီးကျယ်ပေမဲ့လို့ အလားတူ ဗုံးကျဲတိုက်ခိုက်မှုတွေကို သိပ်မကြာခင်ကစလို့ သီးခြား လုပ်ဆောင်လာနေတာပါ။

ဒီလေကြောင်းတိုက်ခိုက်မှုတွေက IS အဖွဲ့ကို သိသိသာသာ ထိခိုက်အောင် လုပ်နိုင်သလား ဆိုတာကို ဒီအစီရင်ခံစာထဲမှာ မေးခွန်းထုတ်ထားပြီး၊ IS အဖွဲ့ရဲ့ နယ်မြေတိုးချဲ့မှုတွေ သိသိသာသာ လျော့နည်းလာတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

.........................................................

ကမ္ဘာတဝွမ်း IS တိုက္ခိုက္မှု အျဖစ္မ်ားလာ

IS အစ္စလာမ္မစ္စစ်သြေးကြအဖြဲ့ ကမ္ဘာတ၀ွမ်း တိုက္ခိုက်။
 ဒီနွစ် ၂၀၁၅ ခုနွစ်ရဲ့ တတိယသုံးလအတြင်း IS အစ္စလာမ္မစ္စစ်သြေးကြအဖြဲ့ရဲ့ ကမ္ဘာတ၀ွမ်း တိုက္ခိုက္မှုတြေဟာ နေ့စဉ် ၄၀ % ကော်် အျဖစ္မ်ားလာတယ္လို့ IHS Jane အဖြဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကြယ်ရေးစာစောင် က ထုတ်ျပန္တဲ့ အစီရင္ခံစာသစ္မွာ ဖော်ျပထားပါတယ်။

ဒီကေန့ ထုတ်ျပန္တဲ့ လေ့လာခ်က္ထဲမွာ ဇူလိုင္လကေန စက္တင္ဘာလတြင်း ကမ္ဘာတ၀ွမ်း IS အဖြဲ့ရဲ့ တိုက္ခိုက္မှုပေါင်း ၁၀၈၆ ခု ရွိခဲ့တဲ့အေကြာင်း ဖော်ျပ ထားပါတယ်။ ဒါဟာ နေ့စဉ် ပ်မ်းမွ် တိုက္ခိုက္မှု ၁၂ ကြိမ် နီးပါး ရွိနေတာကို ဖော်ျပပြီး ဒီ့အရင် ဒုတိယသုံးလ ကာလထက် ၄၂ % ပိုမ်ားလာတျာဖစ္တယ္လို့ ဆိုပါတယ်။

IS အဖြဲ့က သူပိုင် နယ်တြေအျဖစ် ကြေညာထားတာရွိတဲ့ အဖြဲ့ အဓိကျေခကုပ်ရာ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတြေမွာတင္မကဘဲ အီဂ်စ်၊ လစ္ဗ်ား၊ ယီမင်၊ အာဖဂန္နစ္စတန်၊ ပါကစ္စတန်၊ နိုင္ဂ်ီးရီးယား၊ ဆ္ဒောီ အာရေးဗီးယား နဲ့ျေမာက္ပိုင်း ကော့ကေးဆပ္နဲ့ အယ္လ္ဂ်ီးရီးယား နိုင်ငံတြေမျွာဖစ္ခဲ့တဲ့ အကြမ်းဖက္လှုပ်ရွားမှုတြေကို စုဆောင်းပြီး အစီရင္ခံစာထဲမွာ ဖော်ျပထားတာပါ။

နိုင္ဂ်ီးရီးယားက ဘိုကိုဟာရမ် အပါအ၀င် ဒီလိုနိုင်ငံတြေမွာရွိတဲ့ ဒေသခံ အကြမ်းဖက်အဖြဲ့ အေတ္မာ်ားမ်ားက သူတို့အေနနဲ့ IS အဖြဲ့ကို သစ္စာခံထားတဲ့အေကြာင်းျေပာကြေပမဲ့ ဒီအဖြဲ့အစည်းတြေနဲ့ IS ခေါင်းဆောင္မှုပိုင်းကြား ဘယ်လောက်အထိ နီးစပ္မှုရွိသလဲ ဆိုတာကေတာ့ ရွင်းရွင်းလင်းလင်း မသိရပါဘူး။

အေမရိကန်ဦးဆောင္တဲ့ ညွှန့်ပေါင်းတပ္ဖြဲ့တြေကေတာ့ ဆီးရီးယားနဲ့ အီရတ္မွာရွိတဲ့ IS အစြန်းရောက်တြေကို ပစ္မွတ္ထားတဲ့ လေကြာင်း တိုက္ခိုက္မှုတြေကို လာတြေနဲ့ခ်ီ လုပ်ဆောင်နေတျာဖစ္ပါတယ်။ ရုရွားကလည်း အေမရိကန်ဦးဆောင္တဲ့ တပ္ဖြဲ့တြေလာက် မကြီးက်ယ်ပေမဲ့လို့ အလားတူ ဗုံးက်ဲတိုက္ခိုက္မှုတြေကို သိပ္မကြာခင္ကစလို့ သီျးခား လုပ်ဆောင္လာနေတာပါ။

ဒီလေကြာင်းတိုက္ခိုက္မှုတြေက IS အဖြဲ့ကို သိသိသာသာ ထိခိုက်အောင် လုပ်နိုင်သလား ဆိုတာကို ဒီအစီရင္ခံစာထဲမွာ မေးခြန်းထုတ္ထားပြီး၊ IS အဖြဲ့ရဲ့ နယ်ျေမတိုးခ်ဲ့မှုတြေ သိသိသာသာ လော့်နည်းလာတဲ့အေကြာင်း ဖော်ျပထားပါတယ်။

ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>