တူရကီနဲ႔ ဆီးရီးယားနယ္စပ္ တြင္း အေမရိကန္ ဦးေဆာင္တဲ့ စစ္ေသြးၾကြ တိုက္ဖ်က္ေရး စစ္ဆင္ေရး။ |
အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူကုိ ကုိးကားေဖာ္ျပခ်က္ တခုမွာေတာ့ စစ္ဆင္ေရးအတြင္း အနည္းဆုံး အေမရိကန္ စစ္သားတဦး ေသဆုံးၿပီး၊ ကာဒ္လူမ်ဳိး ဓားစာခံ ၇၀ လြတ္ေျမာက္လာခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ဖဲြ႔ေတြရဲ႕ အကူအညီနဲ႔ အီရတ္ႏုိင္ငံေျမာက္ပုိင္း နယ္ေျမေတာ္ေတာ္မ်ားမ်ားမွာ တႏွစ္ေက်ာ္ၾကာ IS စစ္ေသြးႂကြေတြအေပၚ စစ္ဆင္ေရးေတြအတြင္း ကာဒ္တုိက္ခုိက္ေရး သမားေတြ ေအာင္ျမင္မႈတခ်ဳိ႕ ရရွိထားၾကတာပါ။
IS စစ္ေသြးႂကြေတြအေပၚ စစ္ဆင္ေရးေတြနဲ႔ ပတ္သက္လုိ႔ ဆန္းစစ္အကဲျဖတ္ႏုိင္ဖုိ႔ အေမရိကန္ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ား ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး Joseph Dunford ဟာလည္း ဒီသီတင္းပတ္ထဲမွာပဲ အီရတ္ႏုိင္ငံကုိ သြားေရာက္ခဲ့ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................................................................
ကာဒ်လူမျိုး ဓါးစာခံများ ကန်အထူးတပ်ဖွဲ့ ကယ်တင်
တူရကီနဲ့ ဆီးရီးယားနယ်စပ် တွင်း အမေရိကန် ဦးဆောင်တဲ့ စစ်သွေးကြွ တိုက်ဖျက်ရေး စစ်ဆင်ရေး။
အီရတ်နိုင်ငံ မြောက်ပိုင်းမှာ IS စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ကဒ်လူမျိုးတွေကို ကယ်တင်တဲ့ စစ်ဆင်ရေးမှာ အမေရိကန် အထူးကွန်မန်ဒို တပ်ဖွဲ့တွေ ပါ၀င်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အသေးစိတ် အခြေအနေတွေကို မသိရသေးပေမဲ့ အမေရိကန် ရဟတ်ယာဉ်တွေ၊ အမေရိကန်နဲ့ ကာဒစ်ရှ် အထူးတပ်ဖွဲ့တွေ လေကြောင်း စစ်ဆင်ရေးတွေနဲ့ စစ်ဆင်ရေး ဆင်နွှဲခဲ့တဲ့အကြောင်း အီရတ်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး New York Times သတင်းစာက ဖော်ပြခဲ့တာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကို ကိုးကားဖော်ပြချက် တခုမှာတော့ စစ်ဆင်ရေးအတွင်း အနည်းဆုံး အမေရိကန် စစ်သားတဦး သေဆုံးပြီး၊ ကာဒ်လူမျိုး ဓားစာခံ ရ၀ လွတ်မြောက်လာခဲ့တယ်လို့လည်း ပြောပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အီရတ်နိုင်ငံမြောက်ပိုင်း နယ်မြေတော်တော်များများမှာ တနှစ်ကျော်ကြာ IS စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေအတွင်း ကာဒ်တိုက်ခိုက်ရေး သမားတွေ အောင်မြင်မှုတချို့ ရရှိထားကြတာပါ။
IS စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဆန်းစစ်အကဲဖြတ်နိုင်ဖို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford ဟာလည်း ဒီသီတင်းပတ်ထဲမှာပဲ အီရတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com