Quantcast
Viewing all articles
Browse latest Browse all 13796

ထား၀ယ္ခ႐ိုင္၊ ေကအဲန္ယူ တပ္ဖြဲ႔၀င္အခ်ဳိ႕ ပိုင္နက္က်ဴးလြန္ၿခိမ္းေျခာက္မႈျဖင့္ အမႈဖြင့္ခံရ


Image may be NSFW.
Clik here to view.
KNLA  တပ္ဖဲြ ့၀င္တဦးအား ေတြ ့ရစဥ္။ ဓါတ္ပုံ - Google Images
ေအာက္တိုဘာ ၂၂ရက္၊ ၂၀၁၅ခုႏွစ္။ စဖန္းေရွာင္း

ကရင္အမ်ိဳးသားအစည္းအ႐ံုး (KNU)၊ ဘိတ္- ထားဝယ္ခ႐ိုင္ လက္ေအာက္ခံ၊ KNLA တပ္ရင္း (၁၂)မွ အရာရွိတစ္ဦး အပါအဝင္ ၃ ဦးကို ထားဝယ္ၿမိဳ႕နယ္၊ ေမတၱာၿမိဳ႕နယ္ခြဲရွိ အမွတ္ (၂) သတၱဳတြင္းဝန္ႀကီးဌာန လက္ေအာက္ခံ ဟိႏၵားသတၱဳတြင္း မန္ေနဂ်ာမွ ပိုင္နက္က်ဴးလြန္ကာ အင္အားျပၿခိမ္းေျခာက္မႈျဖင့္ ေမတၱာၿမိဳ႕နယ္ခြဲ ရဲစခန္းသုိ ့လာေရာက္အမႈဖြင့္ တုိင္ၾကားထားသည္ဟု KNLA ဘက္က ေျပာသည္။

KNLA တပ္ရင္း(၁၂)မႉး ဒုဗိုလ္မႉးႀကီးေစာဆာပိတုက “ေခ်ာင္းေရေတြ တအားေနာက္လို႔ ေဒသခံေတြေတာင္းဆိုမႈကို သြားစံုစမ္း ခိုင္းတာ နာရီ၀က္ေလာက္မွ တာ၀န္ခံဆိုတဲ့လူတစ္ဦး ထြက္လာၿပီး ပမာမခန္႔နဲ႔ ခါးေထာက္ၿပီးေတာ့ လူႀကီးေတြ မအားဘူး။ ဘာမွမသိဘူးေျပာၿပီး လွည့္ထြက္သြားလို႔ ဗိုလ္တာအယ္က ေဒါသျဖစ္ၿပီး ေသနတ္ ႏွစ္ခ်က္ေဖာက္လိုက္တာျဖစ္တယ္”ဟု ေကအိုင္စီသို ့ ေျပာသည္။

အမႈဖြင့္ခံထားရသူ ၃ဦးမွာ KNLA တပ္ရင္း (၁၂) မွ တပ္ခြဲမႉး ဗိုလ္ႀကီးေစာတာအယ္၊ ဒုတပ္ၾကပ္ေစာဆာေဂၚႏွင့္ ေျမာင္းၿပိဳရြာသူ ႀကီး ဦးေအာင္သိန္းတို႔ျဖစ္ၿပီး ပုိင္နက္က်ဴးလြန္မႈ၊ အင္းအားျပၿခိမ္းေျခာက္မႈတို႔ျဖင့္ ဟိႏၵားသတၱဳတြင္း မန္ေနဂ်ာ ဦးေဌးေအာင္က ေအာက္တုိဘာလ ၁၅ရက္ေန႔တြင္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္သည္ဟု ေမတၱာၿမိဳ႕နယ္ခြဲ ရဲစခန္းအမႈမွတ္တမ္းမ်ားအရ သိရ သည္။

ျဖစ္စဥ္မွာ ထား၀ယ္ၿမိဳ႕၊ ပာိႏၵားသတၱဳတြင္းမွ စြန္႔ပစ္ေရမ်ားေၾကာင့္ ေခ်ာင္းေရေႏွာက္က်ိကာ ေသာက္သံုးမရသည့္အတြက္ ေဒသ ခံမ်ား တုိင္ၾကားလာမႈအေပၚ စက္တင္ဘာလ ၂၇ရက္၊ နံနက္ ၁၀နာရီခြဲအခ်ိန္ခန္႔တြင္ KNLA တပ္ရင္း (၁၂)မွ တပ္ခြဲမႉး ဗိုလ္ႀကီး တာအယ္က ျမန္မာပြန္ပီပက္ (MPC) ကုမၸဏီလုပ္ကြက္ E မန္ေနဂ်ာျဖစ္သူအား သြားေရာက္ေတြ႕ဆံုေမးျမန္းစဥ္ ေသနတ္ပစ္ ေဖာက္ခဲ့သည့္အေပၚ အမႈဖြင့္ခံရျခင္း ျဖစ္သည္။

ယင္းသို႔ ေသနတ္ပစ္ေဖာက္မိသည့္အတြက္ အမႈဖြင့္ခံရသူမ်ားကို ေကအဲန္အယ္လ္ေအ တပ္ရင္း(၁၂)က စစ္စည္းကမ္းအရ အေရးယူမည္ျဖစ္ေသာ္လည္း ပိုက္နက္က်ဴးလြန္ျဖင့္ အမႈဖြင့္ထားျခင္းကို မိမိတို႔အေနျဖင့္ လံုး၀ လက္မခံႏိုင္ေၾကာင္း ဒုဗိုလ္မႉး ႀကီးေစာဆာပိတုက ဆက္ေျပာသည္။

ထိုင္းကုမၸဏီတစ္ခုျဖစ္သည့္ MPC (ျမန္မာပြန္ပီပက္)သတၱဴတူးေဖာ္ေရး ကုမၸဏီမွာ ပာိႏၵားသတၱဳတြင္းရွိ လုပ္ကြက္မ်ားကို အမွတ္ (၂)သတၱဳတြင္းႏွင့္ အက်ဳိးတူ ပူးေပါင္းလုပ္ကိုင္ျခင္းျဖစ္ၿပီး ယင္းကုမၸဏီမွ သတၱဳတူးေဖာ္ၿပီး စြန္႔ပစ္လိုက္သည့္ေရမ်ားေၾကာင့္ ေခ်ာင္းေရ၊ ျမစ္ေရ ညစ္ညစ္မႈမ်ား ျဖစ္ေပၚလာေၾကာင္း ေဒသခံရြာသူရြာသားမ်ားက ေျပာဆိုသည္။

“ကုမၸဏီက ေျပာတာ မိုးရြာလို႔ ေရေတြေနာက္တာေပါ့။ အခု မိုးလည္းမရြာဘဲနဲ႔ သူတို႔စြန္႔ပစ္လိုက္တဲ့ေရေတြက ခေမာင္းသြယ္ ေခ်ာင္းကေန ဘန္းေခ်ာင္းမွာသြားဆံုေတာ့ အဲ့မွာ ကြဲကြဲျပားျပားသိေရာ။ အဲဒီေရေတြက တနသၤာရီျမစ္ႀကီးထဲ၀င္ေတာ့ ေရလမ္း တစ္ေလွ်ာက္က ေရေတြေနာက္ေနတာပဲ။ ရွင္းရွင္းေျပာရရင္ ငါးေတြလည္း ေသတယ္။ အဲဒီေရေတြကိုကြ်ဲ၊ ႏြားေတြေတာင္ မေသာက္ဘူး။ ျမစ္ေတြလည္း တိမ္ေကာေနၿပီ”ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။

သတၱဳမိုင္းလုပ္ငန္းမွ စည္းကမ္းမဲ့ စြန္႔ပစ္ေရမ်ားေၾကာင့္ ျမစ္၊ ေခ်ာင္းေရ ေနာက္က်ိ လာျခင္း၊ ေဒသခံမ်ား၏ အသက္ေမြး၀မ္း ေက်ာင္း ထိခိုက္လာျခင္း၊ ျမစ္ေခ်ာင္းမ်ား တိမ္ေကာသြားျခင္းမ်ားအတြက္ လုပ္ငန္းေဆာင္႐ြက္မႈ ရပ္စဲရန္ ၂၀၁၂ခုႏွစ္၊ ႏိုဝင္ဘာ လ ၂၂ရက္ေန႔က ေကအဲန္ယူ၊ ဘိတ္-ထားဝယ္ခ႐ိုင္အေနျဖင့္ အမိန္႔ထုတ္ျပန္ခဲ့ဖူးသည္။

ထိုင္းႏိုင္ငံသားပိုင္ MPC (ျမန္မာပြန္ပီပက္) သတၱဳတူးေဖာ္ေရးကုမၸဏီမွ ဟိႏၵားသတၱဳတြင္း နယ္ေျမအတြင္း ခဲမျဖဴ သတၱဳတူးေဖာ္ ျခင္းလုပ္ငန္းကို ၁၉၉၉ခုႏွစ္၊ ဇူလိုင္လ ၁၇က္ေန႔မွစ၍ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ ခြင့္ျပဳခ်က္ျဖင့္ အမွတ္ (၂) သတၱဳတြင္း လုပ္ငန္းက ထုတ္လုပ္မႈအေပၚ ကုမၸဏီ ၆၅ရာခိုင္ႏႈန္း အစိုးရ ၃၅ရာခိုင္ႏႈန္းျဖင့္ ဖက္စပ္လုပ္ကိုင္သည့္ ကုမၸဏီတစ္ခု ျဖစ္သည္။

 စဖန္းေရွာင္း
ေကအုိင္စီ - KIC
http://kicnews.org
........................................................

ထားဝယ်ခရိုင်၊ ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ပိုင်နက်ကျူးလွန်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရ


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဘိတ်- ထားဝယ်ခရိုင် လက်အောက်ခံ၊ KNLA တပ်ရင်း (၁၂)မှ အရာရှိတစ်ဦး အပါအဝင် ၃ ဦးကို ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ခံ ဟိန္ဒားသတ္တုတွင်း မန်နေဂျာမှ ပိုင်နက်ကျူးလွန်ကာ အင်အားပြခြိမ်းခြောက်မှုဖြင့် မေတ္တာမြို့နယ်ခွဲ ရဲစခန်းသို ့လာရောက်အမှုဖွင့် တိုင်ကြားထားသည်ဟု KNLA ဘက်က ပြောသည်။

KNLA တပ်ရင်း(၁၂)မှူး ဒုဗိုလ်မှူးကြီးစောဆာပိတုက “ချောင်းရေတွေ တအားနောက်လို့ ဒေသခံတွေတောင်းဆိုမှုကို သွားစုံစမ်း ခိုင်းတာ နာရီဝက်လောက်မှ တာဝန်ခံဆိုတဲ့လူတစ်ဦး ထွက်လာပြီး ပမာမခန့်နဲ့ ခါးထောက်ပြီးတော့ လူကြီးတွေ မအားဘူး။ ဘာမှမသိဘူးပြောပြီး လှည့်ထွက်သွားလို့ ဗိုလ်တာအယ်က ဒေါသဖြစ်ပြီး သေနတ် နှစ်ချက်ဖောက်လိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို ့ ပြောသည်။

အမှုဖွင့်ခံထားရသူ ၃ဦးမှာ KNLA တပ်ရင်း (၁၂) မှ တပ်ခွဲမှူး ဗိုလ်ကြီးစောတာအယ်၊ ဒုတပ်ကြပ်စောဆာဂေါ်နှင့် မြောင်းပြိုရွာသူ ကြီး ဦးအောင်သိန်းတို့ဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု၊ အင်းအားပြခြိမ်းခြောက်မှုတို့ဖြင့် ဟိန္ဒားသတ္တုတွင်း မန်နေဂျာ ဦးဌေးအောင်က အောက်တိုဘာလ ၁၅ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မေတ္တာမြို့နယ်ခွဲ ရဲစခန်းအမှုမှတ်တမ်းများအရ သိရ သည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ပာိန္ဒားသတ္တုတွင်းမှ စွန့်ပစ်ရေများကြောင့် ချောင်းရေနှောက်ကျိကာ သောက်သုံးမရသည့်အတွက် ဒေသ ခံများ တိုင်ကြားလာမှုအပေါ် စက်တင်ဘာလ ၂၇ရက်၊ နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် KNLA တပ်ရင်း (၁၂)မှ တပ်ခွဲမှူး ဗိုလ်ကြီး တာအယ်က မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီလုပ်ကွက် E မန်နေဂျာဖြစ်သူအား သွားရောက်တွေ့ဆုံမေးမြန်းစဉ် သေနတ်ပစ် ဖောက်ခဲ့သည့်အပေါ် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

ယင်းသို့ သေနတ်ပစ်ဖောက်မိသည့်အတွက် အမှုဖွင့်ခံရသူများကို ကေအဲန်အယ်လ်အေ တပ်ရင်း(၁၂)က စစ်စည်းကမ်းအရ အရေးယူမည်ဖြစ်သော်လည်း ပိုက်နက်ကျူးလွန်ဖြင့် အမှုဖွင့်ထားခြင်းကို မိမိတို့အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း ဒုဗိုလ်မှူး ကြီးစောဆာပိတုက ဆက်ပြောသည်။

ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် MPC (မြန်မာပွန်ပီပက်)သတ္တူတူးဖော်ရေး ကုမ္ပဏီမှာ ပာိန္ဒားသတ္တုတွင်းရှိ လုပ်ကွက်များကို အမှတ် (၂)သတ္တုတွင်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီမှ သတ္တုတူးဖော်ပြီး စွန့်ပစ်လိုက်သည့်ရေများကြောင့် ချောင်းရေ၊ မြစ်ရေ ညစ်ညစ်မှုများ ဖြစ်ပေါ်လာကြောင်း ဒေသခံရွာသူရွာသားများက ပြောဆိုသည်။

“ကုမ္ပဏီက ပြောတာ မိုးရွာလို့ ရေတွေနောက်တာပေါ့။ အခု မိုးလည်းမရွာဘဲနဲ့ သူတို့စွန့်ပစ်လိုက်တဲ့ရေတွေက ခမောင်းသွယ် ချောင်းကနေ ဘန်းချောင်းမှာသွားဆုံတော့ အဲ့မှာ ကွဲကွဲပြားပြားသိရော။ အဲဒီရေတွေက တနင်္သာရီမြစ်ကြီးထဲဝင်တော့ ရေလမ်း တစ်လျှောက်က ရေတွေနောက်နေတာပဲ။ ရှင်းရှင်းပြောရရင် ငါးတွေလည်း သေတယ်။ အဲဒီရေတွေကိုကျွဲ၊ နွားတွေတောင် မသောက်ဘူး။ မြစ်တွေလည်း တိမ်ကောနေပြီ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

သတ္တုမိုင်းလုပ်ငန်းမှ စည်းကမ်းမဲ့ စွန့်ပစ်ရေများကြောင့် မြစ်၊ ချောင်းရေ နောက်ကျိ လာခြင်း၊ ဒေသခံများ၏ အသက်မွေးဝမ်း ကျောင်း ထိခိုက်လာခြင်း၊ မြစ်ချောင်းများ တိမ်ကောသွားခြင်းများအတွက် လုပ်ငန်းဆောင်ရွက်မှု ရပ်စဲရန် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ လ ၂၂ရက်နေ့က ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင်အနေဖြင့် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ထိုင်းနိုင်ငံသားပိုင် MPC (မြန်မာပွန်ပီပက်) သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တုတူးဖော် ခြင်းလုပ်ငန်းကို ၁၉၉၉ခုနှစ်၊ ဇူလိုင်လ ၁၇က်နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ဖြင့် အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက ထုတ်လုပ်မှုအပေါ် ကုမ္ပဏီ ၆၅ရာခိုင်နှုန်း အစိုးရ ၃၅ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>