Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD မဲဆြယ္ စည္း႐ုံးေရးမွာ တခ်ဳိ႕ အေႏွာက္ယွက္ ခံရ

$
0
0
မႏၱေလးတိုင္းေဒသႀကီး NLD ကိုယ္စားလွယ္ေလာင္း မ်ားရဲ႕ ျပည္သူနဲ႔မိတ္ဆက္ပဲြ အလွျပကား ။ (ဓာတ္ပံု -NLD မိတၳီလာ)
 အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ မႏၱေလးတိုင္း လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းေတြ ရဲ႕ မဲဆြယ္စည္း႐ုံးေရး ခရီးစဥ္ေတြမွာ အေႏွာက္အယွက္ တခ်ဳိ႕ ရွိေနတယ္လို႔ NLD ပါတီ မႏၱေလးတိုင္းေအာင္ႏိုင္ေရးအဖြဲ႔က ေျပာပါတယ္။ ကုိယ္စားလွယ္ေလာင္း ေတြရဲ႕ ဗီႏိုင္း-ဆုိင္းဘုတ္ေတြလဲ အဖ်က္ဆီးခံေနရတယ္လို႔ ဆုိပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း မႏၱေလးတိုင္း ေပ်ာ္ဘြယ္ၿမဳိ႕နယ္မွာ NLD ပါတီ ျပည္သူ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္း ဦးေက်ာ္စိုးရဲ႕ မဲဆြယ္ စည္း႐ုံးေရးခရီး ကို ေဒသခံ တခ်ဳိ႔က ေႏွာက္ယွက္တာေတြ ရွိတယ္လို႔ NLD ပါတီ မႏၱေလးတိုင္း ေအာင္ႏိုင္ေရးအဖြဲ႔ ဥကၠ႒ ဦးေရႊလွက ရွင္းျပပါတယ္။

"ေပ်ာ္ဘြယ္ကို လာေနွာင့္ယွက္တာ ပထမ တႀကိမ္တုန္းကက်ေတာ့ မဲဆြယ္ စည္း႐ံုးေရး သြားတဲ့အခါမွာ လူအုပ္စုနဲ႔ေပါ့ ေဘးကေန လိုက္ၿပီးေတာ့ အသံေတြ အမူအယာေတြနဲ႔ ေႏွာင့္ယွက္တယ္။ အမ်ိဳးသမီးေလးေတြကိုလည္း မဖြယ္မရာ သေဘာမ်ိဳးေပါ့ေလ ေျပာဆိုတာေတြ အသံအမူအယာေတြ ျပတာေတြရွိတယ္။ ေနာက္ က်ေနာ္တို႔ မဲဆြယ္စည္း႐ံုးေရးသြားတဲ့လူေတြ ရဲ႕ ၾကားထဲကို ဆုိင္ကယ္ေတြနဲ႔ ဝင္ၿပီးေတာ့ သြားေရးလာေရးကို အေႏွာင့္အယွက္ျဖစ္ေအာင္ ဟန္႔တားေႏွာင့္ယွက္ တာမ်ိဳးေတြ လုပ္တယ္။ မဲဆြယ္စည္း႐ံုးေရးသြားတဲ့အခါမွာ သတင္းလိုက္ယူတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြ ၊ နယ္ထိန္းေတြ၊ SP ေတြ ပါတယ္ေပါ့။ အဲ့တာကို သူတို႔က မထိန္းေပးဘူး။ ေနာက္ပိုင္းက်လို႔ရွိရင္ ျပသနာေတြ အက်ယ္ အက်ယ္ျဖစ္လာလို႔ရွိရင္ မသင့္ေတာ္ဘူး ဆိုၿပီး က်ေနာ္တို႔ ေကာ္မရွင္ကို တုိင္လိုက္ပါတယ္။

ေနာက္ၿပီးေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္ ပတ္ဝန္းက်င္ေလာက္က က်ေနာ္တို႔ မဲဆြယ္ စည္း႐ံုးေရး သြားတဲ့အခါ က်ေနာ္တို႔ အဖြဲ႔ဝင္ထဲက ႏွစ္ေယာက္ကို လင္မယားႏွစ္ေယာက္ ကေန တုတ္နဲ႔ လိုက္႐ိုက္တာမ်ိဳးေတြ လုပ္တယ္လို႔ေျပာတယ္။ အဲ့တာနဲ႔ပတ္သက္လို႔ေတာ့ တရားစြဲထားတယ္။ ေပ်ာ္ဘြယ္နယ္ပဲ။"

မႏၱေလးတိုင္း မိတၳီလာၿမဳိ႕နယ္နဲ႔ ေနျပည္ေတာ္ ဇမၺဴသီရီၿမဳိ႕နယ္က NLD ကုိယ္စားလွယ္ေလာင္းေတြဟာလဲ မဲဆြယ္စည္း႐ုံးေရး သြားခ်ိန္မွာ ေႏွာင့္ယွက္ တာေတြနဲ႔ ႀကဳံရတယ္လို႔ ဦးေရႊလွကေျပာပါတယ္။

"မိထၳီလာနယ္မွာေတာ့ တပ္မေတာ္ ခ်ည္မွ်င္နဲ႔ အထည္စက္႐ံု အဲ့ဒီ့ေနရာမွာေတာ့ အရင္တုန္းကက်ေတာ့ ျပည္သူ႔ခ်ည္မွ်င္နဲ႔ အထည္စက္႐ံု ေပ့ါ။ စစ္အစိုးရ မတက္ခင္တုန္းက က်ေနာ္တို႔ မိတၳီလာကေန ေတာင္ႀကီးသြားလို႔ရွိရင္ ဝန္ထမ္းအိမ္ယာနဲ႔ ရပ္ကြက္ရွိတယ္ခင္ဗ်။ အဲ့ဒီ့ရပ္ကြက္ထဲကို က်ေနာ္တို႔ မိထၳီလာက တုိင္း၊ ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ကိုကို သြားၿပီးေတာ့ မဲဆြယ္စည္း႐ံုးတဲ့အခါမယ္ အုပ္ခ်ဳပ္ေရးမွဴးေတြရယ္ စက္႐ံုက မဲဆြယ္စည္း႐ံုးခြင့္ မရွိဘူးဆိုၿပီး ဟန္႔တားတာ ရွိတယ္ခင္ဗ်။ ဒါက က်ေနာ္တို႔ စက္႐ံုလုပ္သားေတြ အလုပ္လုပ္ေနတာနဲ႔ မသက္ဆုိင္တဲ့ ရပ္ကြက္ လူေနရပ္ကြက္၊ ဝန္ထမ္းအိမ္ယာေပ့ါ။ အိမ္ယာေတြဘက္ကို ဝင္ၿပီး စည္း႐ံုးတာျဖစ္တဲ့အတြက္ စက္႐ံုနယ္နမိတ္ျဖစ္တဲ့ အတြက္ က်ေနာ္တို႔ စည္း႐ံုးခြင့္ရွိတယ္။ စည္း႐ံုးခြင့္ ေပးပါဆိုတာကို လံုးဝ ခြင့္မျပဳဘူးခင္ဗ်။ "

မႏၱေလးက်ဳံးေျမာက္ဖက္ လူျမင္ကြင္းမွာ ဘယ္သူမွန္း မသိရေသးသူေတြ က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီး ပုဂၢဳိလ္ေရးတိုက္ခိုက္တဲ့ ဗီႏိုင္းေတြကို လာခ်ိတ္ဆြဲခဲ့တာမ်ဳိး ရွိေၾကာင္း မႏၱေလးတိုင္း NLD ေအာင္ေျမသာဇံၿမဳိ့နယ္ ဘ႑ာေရးမႉး ကိုဂ်င္းနား(ေခၚ) ကိုခင္ေမာင္ေထြးက ေျပာပါတယ္။

"က်ံဴးေျမာက္ဘက္မွာ ရွိတဲ့ အဖြဲ႔ခ်ဳပ္ ၿမိဳ႕နယ္႐ံုး နဲ႔ မ်က္ေစာင္းထိုးေလးေပါ့ က်ံဳးကာထားတဲ့ သံဗန္းမွာ လာခ်ည္သြားတယ္ဗ်။  ဘာသာေရးမိႈင္းတိုက္ တဲ့ဟာေတြေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ မိသားစုပံုေပါ့ေနာ္။ သူ႔သားေတြ ပသိုင္းေမႊးေတြနဲ႔ပံုေပါ့ ေျပာရင္ေတာ့ အစၥလာမ္ဘာသာပံု ေပါက္ေနတဲ့ဟာကို ယူထားၿပီးေတာ့မွ ေခါင္းစီးက ဘာတပ္လိုက္လဲဆိုေတာ့ ေဒါင္းေယာင္ေဆာင္ေသာ က်ီးမ ဆိုၿပီးေတာ့ ဗီႏိုင္းရဲ႕အေပၚမွာ ေခါင္းစဥ္တပ္လိုက္တယ္။ ေအာက္မွာ ဓာတ္ပံုအားျဖင့္ ၈ ပံုေလာက္ ပါမယ္။ အဲ့ဒီ့ ၈ပံုေလာက္မွာ အဓိက က တုိင္းတပါးသားကို ယူထားတယ္ေပါ့ေနာ္။ ေနာက္တခါ သူ႔သားေတြရဲ႕ ပသိုင္းေတြနဲ႔ပံုကို ျပထားၿပီးေတာ့မွ က်ေနာ္တို႔ႏုိင္ငံႀကီးက ဒါႀကီးကို ယံုစားမယ္ဆိုရင္ ဘာသာေတြ ေပ်ာက္သြားမယ္ဆိုတာကို အဲ့တာကို ေရးၿပီးေတာ့မွ ခ်ိတ္ထားတာ။ မနက္ေစာေစာ ခ်ိတ္သြားတယ္ဗ်။ အဲ့တာေလ။"

မႏၱေလးတိုင္း တခုလုံးကို ၿခဳံၾကည့္ရင္ေတာ့ NLD ကုိယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္ေၾကာ္ညာ ဆိုင္းဘုတ္ေတြ အဖ်က္ဆီးခံေနရတယ္လို့ ဦးေရႊလွကေျပာပါတယ္။

"တျခားေႏွာင့္ယွက္တာေတြက က်ေတာ့ တျခားကိုယ္စားလွယ္ေလာင္းေတြရဲ႕ ဆုိင္းဘုတ္ေတြ ဗီႏိုင္းေတြကို လိုက္ဖ်က္တာေတာ့ အမ်ားဆံုး ျဖစ္တယ္ခင္ဗ်။ အဲ့တာကေတာ့ က်ေနာ္တို႔ မႏၱေလးၿမိဳ႕ေပၚမွာတင္ ပုသိမ္ႀကီးၿမိဳ႕နယ္  ျဖစ္တယ္။ မဟာေအာင္ေျမနယ္ျဖစ္တယ္ေပါ့။ တျခားနယ္ေတြလည္း အဲ့လို ျဖစ္တယ္။ သာစည္ဘက္လည္း ျဖစ္တယ္။ ေနရာတိုင္းလိုလို ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ၾကတယ္။ ဒါေပမဲ့ အဲ့ဒီ့ဟာကေတာ့ လူကိုယ္တိုင္ကေတာ့ မေတြ႔ရဘူးေပါ့။ ညေတြ ဘာေတြ လူမျမင္ႏုိင္တဲ့ အခ်ိန္ေတြမွာ လာၿပီးေတာ့ ေႏွာင့္ယွက္တာ။ "

မႏၱေလးတုိင္းမွာ NLD ကုိယ္စားလွယ္ေလာင္း ၁၀၄ ဦး၀င္ေရာက္ ယွဥ္ၿပဳိင္မွာ ျဖစ္ပါ တယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................

မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်း များရဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား ။ (ဓာတ်ပုံ -NLD မိတ္ထီလာ)
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ အနှောက်အယှက် တချို့ ရှိနေတယ်လို့ NLD ပါတီ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ ကိုယ်စားလှယ်လောင်း တွေရဲ့ ဗီနိုင်း-ဆိုင်းဘုတ်တွေလဲ အဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်မှာ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးရဲ့ မဲဆွယ် စည်းရုံးရေးခရီး ကို ဒေသခံ တချို့က နှောက်ယှက်တာတွေ ရှိတယ်လို့ NLD ပါတီ မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှက ရှင်းပြပါတယ်။

"ပျော်ဘွယ်ကို လာနှောင့်ယှက်တာ ပထမ တကြိမ်တုန်းကကျတော့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါမှာ လူအုပ်စုနဲ့ပေါ့ ဘေးကနေ လိုက်ပြီးတော့ အသံတွေ အမူအယာတွေနဲ့ နှောင့်ယှက်တယ်။ အမျိုးသမီးလေးတွေကိုလည်း မဖွယ်မရာ သဘောမျိုးပေါ့လေ ပြောဆိုတာတွေ အသံအမူအယာတွေ ပြတာတွေရှိတယ်။ နောက် ကျနော်တို့ မဲဆွယ်စည်းရုံးရေးသွားတဲ့လူတွေ ရဲ့ ကြားထဲကို ဆိုင်ကယ်တွေနဲ့ ဝင်ပြီးတော့ သွားရေးလာရေးကို အနှောင့်အယှက်ဖြစ်အောင် ဟန့်တားနှောင့်ယှက် တာမျိုးတွေ လုပ်တယ်။ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ သတင်းလိုက်ယူတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ နယ်ထိန်းတွေ၊ SP တွေ ပါတယ်ပေါ့။ အဲ့တာကို သူတို့က မထိန်းပေးဘူး။ နောက်ပိုင်းကျလို့ရှိရင် ပြသနာတွေ အကျယ် အကျယ်ဖြစ်လာလို့ရှိရင် မသင့်တော်ဘူး ဆိုပြီး ကျနော်တို့ ကော်မရှင်ကို တိုင်လိုက်ပါတယ်။

နောက်ပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ် ပတ်ဝန်းကျင်လောက်က ကျနော်တို့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါ ကျနော်တို့ အဖွဲ့ဝင်ထဲက နှစ်ယောက်ကို လင်မယားနှစ်ယောက် ကနေ တုတ်နဲ့ လိုက်ရိုက်တာမျိုးတွေ လုပ်တယ်လို့ပြောတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ တရားစွဲထားတယ်။ ပျော်ဘွယ်နယ်ပဲ။"

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်နဲ့ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေဟာလဲ မဲဆွယ်စည်းရုံးရေး သွားချိန်မှာ နှောင့်ယှက် တာတွေနဲ့ ကြုံရတယ်လို့ ဦးရွှေလှကပြောပါတယ်။

"မိထ္ထီလာနယ်မှာတော့ တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ အဲ့ဒီ့နေရာမှာတော့ အရင်တုန်းကကျတော့ ပြည်သူ့ချည်မျှင်နဲ့ အထည်စက်ရုံ ပေ့ါ။ စစ်အစိုးရ မတက်ခင်တုန်းက ကျနော်တို့ မိတ္ထီလာကနေ တောင်ကြီးသွားလို့ရှိရင် ဝန်ထမ်းအိမ်ယာနဲ့ ရပ်ကွက်ရှိတယ်ခင်ဗျ။ အဲ့ဒီ့ရပ်ကွက်ထဲကို ကျနော်တို့ မိထ္ထီလာက တိုင်း၊ ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ကိုကို သွားပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမယ် အုပ်ချုပ်ရေးမှူးတွေရယ် စက်ရုံက မဲဆွယ်စည်းရုံးခွင့် မရှိဘူးဆိုပြီး ဟန့်တားတာ ရှိတယ်ခင်ဗျ။ ဒါက ကျနော်တို့ စက်ရုံလုပ်သားတွေ အလုပ်လုပ်နေတာနဲ့ မသက်ဆိုင်တဲ့ ရပ်ကွက် လူနေရပ်ကွက်၊ ဝန်ထမ်းအိမ်ယာပေ့ါ။ အိမ်ယာတွေဘက်ကို ဝင်ပြီး စည်းရုံးတာဖြစ်တဲ့အတွက် စက်ရုံနယ်နမိတ်ဖြစ်တဲ့ အတွက် ကျနော်တို့ စည်းရုံးခွင့်ရှိတယ်။ စည်းရုံးခွင့် ပေးပါဆိုတာကို လုံးဝ ခွင့်မပြုဘူးခင်ဗျ။ "

မန္တလေးကျုံးမြောက်ဖက် လူမြင်ကွင်းမှာ ဘယ်သူမှန်း မသိရသေးသူတွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဗီနိုင်းတွေကို လာချိတ်ဆွဲခဲ့တာမျိုး ရှိကြောင်း မန္တလေးတိုင်း NLD အောင်မြေသာဇံမြို့နယ် ဘဏ္ဍာရေးမှူး ကိုဂျင်းနား(ခေါ်) ကိုခင်မောင်ထွေးက ပြောပါတယ်။

"ကျံူးမြောက်ဘက်မှာ ရှိတဲ့ အဖွဲ့ချုပ် မြို့နယ်ရုံး နဲ့ မျက်စောင်းထိုးလေးပေါ့ ကျုံးကာထားတဲ့ သံဗန်းမှာ လာချည်သွားတယ်ဗျ။  ဘာသာရေးမှိုင်းတိုက် တဲ့ဟာတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည် မိသားစုပုံပေါ့နော်။ သူ့သားတွေ ပသိုင်းမွှေးတွေနဲ့ပုံပေါ့ ပြောရင်တော့ အစ္စလာမ်ဘာသာပုံ ပေါက်နေတဲ့ဟာကို ယူထားပြီးတော့မှ ခေါင်းစီးက ဘာတပ်လိုက်လဲဆိုတော့ ဒေါင်းယောင်ဆောင်သော ကျီးမ ဆိုပြီးတော့ ဗီနိုင်းရဲ့အပေါ်မှာ ခေါင်းစဉ်တပ်လိုက်တယ်။ အောက်မှာ ဓာတ်ပုံအားဖြင့် ၈ ပုံလောက် ပါမယ်။ အဲ့ဒီ့ ၈ပုံလောက်မှာ အဓိက က တိုင်းတပါးသားကို ယူထားတယ်ပေါ့နော်။ နောက်တခါ သူ့သားတွေရဲ့ ပသိုင်းတွေနဲ့ပုံကို ပြထားပြီးတော့မှ ကျနော်တို့နိုင်ငံကြီးက ဒါကြီးကို ယုံစားမယ်ဆိုရင် ဘာသာတွေ ပျောက်သွားမယ်ဆိုတာကို အဲ့တာကို ရေးပြီးတော့မှ ချိတ်ထားတာ။ မနက်စောစော ချိတ်သွားတယ်ဗျ။ အဲ့တာလေ။"

မန္တလေးတိုင်း တခုလုံးကို ခြုံကြည့်ရင်တော့ NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကြော်ညာ ဆိုင်းဘုတ်တွေ အဖျက်ဆီးခံနေရတယ်လို့ ဦးရွှေလှကပြောပါတယ်။

"တခြားနှောင့်ယှက်တာတွေက ကျတော့ တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေ ဗီနိုင်းတွေကို လိုက်ဖျက်တာတော့ အများဆုံး ဖြစ်တယ်ခင်ဗျ။ အဲ့တာကတော့ ကျနော်တို့ မန္တလေးမြို့ပေါ်မှာတင် ပုသိမ်ကြီးမြို့နယ်  ဖြစ်တယ်။ မဟာအောင်မြေနယ်ဖြစ်တယ်ပေါ့။ တခြားနယ်တွေလည်း အဲ့လို ဖြစ်တယ်။ သာစည်ဘက်လည်း ဖြစ်တယ်။ နေရာတိုင်းလိုလို တော်တော်များများမှာ ဖြစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ့ဟာကတော့ လူကိုယ်တိုင်ကတော့ မတွေ့ရဘူးပေါ့။ ညတွေ ဘာတွေ လူမမြင်နိုင်တဲ့ အချိန်တွေမှာ လာပြီးတော့ နှောင့်ယှက်တာ။ "

မန္တလေးတိုင်းမှာ NLD ကိုယ်စားလှယ်လောင်း ၁၀၄ ဦးဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...