Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ထား၀ယ္တြင္ ျပည္ခုိင္ၿဖိဳးေတြ႕ဆံုပြဲလာေသာ ေဒသခံအခ်ိဳ႕ ပါတီကေပးသည့္ ခရီးစရိတ္အျပည့္မရ

$
0
0

ထား၀ယ္ၿမိဳ႕တြင္ က်င္းပေသာ ျပည္ခုိင္ၿဖိဳးပါတီ ေတြ႕ဆံုပြဲသုိ႔ ေ၀းလံေသာ ေက်းရြာမ်ားမွလာေရာက္သည့္ ေဒသခံမ်ားအားပါတီက ခရီးစရိတ္ေပးေသာ္လည္း ၿမိဳ႕တြင္းပါတီလွည့္လည္ပြဲအ တြက္ ကားခကို ေဒသခံမ်ားက စုိက္ထုတ္က်ခံေပးခဲ့ရေၾကာင္း သတင္းရရိွသည္။

ၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳးပါတီ၀င္ မ်ား ေတြ႕ဆံုပြဲကုိ ေအာက္တိုဘာ ၂၂ ရက္က ထား၀ယ္ၿမိဳ႕၊ ေရႊ၀ယ္ သီရိအားကစားရင္ျပင္တြင္ ျပဳ လုပ္ရာ ထား၀ယ္ၿမိဳ႕နယ္ႏွင့္ ေမ တၱာၿမိဳ႕နယ္အတြင္းရိွ ရပ္ကြက္၊ ေက်းရြာမ်ားမွ ေဒသခံ ၃,၂၀၀ ေက်ာ္တက္ေရာက္ခဲ့သည္။

အခမ္းအနားသုိ႔ တက္ ေရာက္လာသူမ်ားအား ပါတီမွခရီးစရိတ္မ်ားအျပင္ တစ္ဦးလွ်င္ေငြ ၂,၀၀၀က်ပ္စီေပးခဲ့ေသာ္လည္းမူလကားငွားစဥ္က မပါ၀င္ခဲ့သည့္ၿမိဳ႕တြင္း လွည့္လည္ေပးမႈအတြက္ ခရီးစရိတ္ကုိ ေဒသခံမ်ား၏ ရေငြထဲမွ စုိက္ထုတ္ေပးခဲ့ရေၾကာင္း တက္ေရာက္သည့္ ေဒသခံတစ္ဦးကေျပာသည္။

‘‘ဒီအခမ္းအနားလာဖို႔ ပါတီ က ရြာမွာ လူအေယာက္ ၂၀၀ ေခၚခိုင္းတယ္။ အဲဒါေၾကာင့္ မွန္လံု ကားေလးစီးငွားၿပီး လာၾကတယ္။ ကားငွားလာတုန္းက ရြာကေန ေရႊ၀ယ္သီရိကြင္းအထိပဲ ငွားထား တာ။ ဒီေရာက္ေတာ့ အခမ္းအ နားၿပီးမွ ၿမိဳ႕ထဲမွာပါထပ္ၿပီး ပတ္ ၾကရတယ္။ အဲဒါကုိ ႀကိဳမသိရ ဘူး။ အဲဒါေၾကာင့္ ကားေမာင္းသ မားက ကားခပိုေတာင္းတယ္။ ဒါ ကုိ ပါတီက ထပ္မေပးလို႔ ကိုယ္ရ ထားတဲ့ ၂၀၀၀ ထဲက ေပးရမယ္’’ ဟု ေျမးခံေဘာ္ေက်းရြာမွ ေဒသခံ တစ္ဦးက ေျပာၾကားသည္။


၎တို႔အေနျဖင့္ မွန္လံုတစ္ စီးလွ်င္ က်ပ္တစ္သိန္းခြဲျဖင့္ ပါတီ အစီအစဥ္ျဖင့္ ငွားရမ္းျခင္းျဖစ္ၿပီး စားစရိတ္အျဖစ္ ပါတီက ၂၀၀၀က်ပ္စီ ထပ္မံေထာက္ပံ့ေပးသည္ဟု ဆုိသည္။

ထို႔အျပင္ အခမ္းအနား တက္ေရာက္သူမ်ားကုိ အက်ႌႏွင့္ ဦးထုပ္မ်ားေပးမည္ဟု ေျပာၾကားခဲ့ေသာ္လည္း အျပည့္အ၀မရခဲ့ေၾကာင္း ေဒသခံအခ်ိဳ႔ကဆိုသည္။

ယင္းေတြ႕ဆံုပြဲကုိ ထား၀ယ္ ၿမိဳ႕မွ မုိင္ ၆၀ ေက်ာ္ကြာေ၀းေသာ ဆင္ျဖဴတုိင္ေက်းရြာအပါအ၀င္ အျခားမုိင္ ၃၀ေက်ာ္ ကြာေ၀းေသာေက်းရြာမ်ားမွ ေဒသခံမ်ားလည္း တက္ေရာက္ခဲ့သည္။

အဆိုပါေတြ႕ဆံုပြဲသုိ႔ ထား ၀ယ္ၿမိဳ႕နယ္အတြင္းရိွ ရပ္ကြက္ ေက်းရြာမ်ားမွ ပါတီ၀င္မ်ားႏွင့္ ပါတီ ေထာက္ခံသူအင္အား ၃,၀၀၀ ခန္႔ တက္ေရာက္ရန္ ခန္႔ မွန္းထားေသာ္လည္း အင္အားပိုမုိမ်ားျပားစြာ လာေရာက္ခဲ့ျခင္းျဖစ္ ၿပီး အက်ႌႏွင့္ ဦးထုပ္မွာ ယခင္က တည္းက ေပးထားျခင္းျဖစ္ကာ ပါတီ၏ အစီအစဥ္ျဖင့္ သြားလာ ေရးအတြက္သာ စီစဥ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ျပည္ခုိုင္ၿဖိဳးပါတီ တုိင္းေဒသႀကီးအတြင္းေရးမွဴးက ေျပာသည္။

ထုိ႔အျပင္ ေအာက္တိုဘာ ၂၄ ရက္တြင္ သရက္ေခ်ာင္း၊ ေလာင္းလံုး၊ ၿမိတ္၊ ႏုိ၀င္ဘာ ၁ ရက္တြင္ ေရျဖဴအပါအ၀င္ အျခားၿမိဳ႕နယ္မ်ားတြင္လည္း ေတြ႕ဆံုပြဲမ်ား ထပ္မံျပဳလုပ္မည္ျဖစ္သည္။

ထား၀ယ္ၿမိဳ႕နယ္အတြင္း ထား၀ယ္ႏွင့္ ေမတၱာၿမိဳ႕မ်ား၌ ရပ္ ကြက္ ၁၈ ရပ္ကြက္ႏွင့္ ေက်းရြာ အုပ္စုေပါင္း ၂၃ အုပ္စုရိွကာ ျပည္ခုိင္ၿဖိဳးပါတီ ေတြ႕ဆံုပြဲအၿပီးတြင္ ကားအစီးေရ ၁၀၀ ခန္႔ျဖင့္ ထား ၀ယ္ၿမိဳ႕ ေရႊ၀ယ္သီရိအားကစား ရင္ျပင္မွ ၿမိဳ႕ပတ္လမ္း၊ ေရးလမ္း၊ နိဗၺာန္လမ္း၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ အာဇာနည္လမ္းမႀကီးတို႔၌ စီတန္းလွည့္လည္ခဲ့ျခင္းျဖစ္သည္။
7day daily
..................
ထားဝယ်တွင် ပြည်ခိုင်ဖြိုးတွေ့ဆုံပွဲလာသော ဒေသခံအချို့ ပါတီကပေးသည့် ခရီးစရိတ်အပြည့်မရ

ထားဝယ်မြို့တွင် ကျင်းပသော ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲသို့ ဝေးလံသော ကျေးရွာများမှလာရောက်သည့် ဒေသခံများအားပါတီက ခရီးစရိတ်ပေးသော်လည်း မြို့တွင်းပါတီလှည့်လည်ပွဲအ တွက် ကားခကို ဒေသခံများက စိုက်ထုတ်ကျခံပေးခဲ့ရကြောင်း သတင်းရရှိသည်။

မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် များ တွေ့ဆုံပွဲကို အောက်တိုဘာ ၂၂ ရက်က ထားဝယ်မြို့၊ ရွှေဝယ် သီရိအားကစားရင်ပြင်တွင် ပြု လုပ်ရာ ထားဝယ်မြို့နယ်နှင့် မေ တ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံ ၃,၂၀၀ ကျော်တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တက် ရောက်လာသူများအား ပါတီမှခရီးစရိတ်များအပြင် တစ်ဦးလျှင်ငွေ ၂,၀၀၀ကျပ်စီပေးခဲ့သော်လည်းမူလကားငှားစဉ်က မပါ၀င်ခဲ့သည့်မြို့တွင်း လှည့်လည်ပေးမှုအတွက် ခရီးစရိတ်ကို ဒေသခံများ၏ ရငွေထဲမှ စိုက်ထုတ်ပေးခဲ့ရကြောင်း တက်ရောက်သည့် ဒေသခံတစ်ဦးကပြောသည်။

‘‘ဒီအခမ်းအနားလာဖို့ ပါတီ က ရွာမှာ လူအယောက် ၂၀၀ ခေါ်ခိုင်းတယ်။ အဲဒါကြောင့် မှန်လုံ ကားလေးစီးငှားပြီး လာကြတယ်။ ကားငှားလာတုန်းက ရွာကနေ ရွှေဝယ်သီရိကွင်းအထိပဲ ငှားထား တာ။ ဒီရောက်တော့ အခမ်းအ နားပြီးမှ မြို့ထဲမှာပါထပ်ပြီး ပတ် ကြရတယ်။ အဲဒါကို ကြိုမသိရ ဘူး။ အဲဒါကြောင့် ကားမောင်းသ မားက ကားခပိုတောင်းတယ်။ ဒါ ကို ပါတီက ထပ်မပေးလို့ ကိုယ်ရ ထားတဲ့ ၂၀၀၀ ထဲက ပေးရမယ်’’ ဟု မြေးခံဘော်ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။


၎င်းတို့အနေဖြင့် မှန်လုံတစ် စီးလျှင် ကျပ်တစ်သိန်းခွဲဖြင့် ပါတီ အစီအစဉ်ဖြင့် ငှားရမ်းခြင်းဖြစ်ပြီး စားစရိတ်အဖြစ် ပါတီက ၂၀၀၀ကျပ်စီ ထပ်မံထောက်ပံ့ပေးသည်ဟု ဆိုသည်။

ထို့အပြင် အခမ်းအနား တက်ရောက်သူများကို အကျႌနှင့် ဦးထုပ်များပေးမည်ဟု ပြောကြားခဲ့သော်လည်း အပြည့်အဝမရခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။

ယင်းတွေ့ဆုံပွဲကို ထားဝယ် မြို့မှ မိုင် ၆၀ ကျော်ကွာဝေးသော ဆင်ဖြူတိုင်ကျေးရွာအပါအဝင် အခြားမိုင် ၃၀ကျော် ကွာဝေးသောကျေးရွာများမှ ဒေသခံများလည်း တက်ရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ထား ၀ယ်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ပါတီဝင်များနှင့် ပါတီ ထောက်ခံသူအင်အား ၃,၀၀၀ ခန့် တက်ရောက်ရန် ခန့် မှန်းထားသော်လည်း အင်အားပိုမိုများပြားစွာ လာရောက်ခဲ့ခြင်းဖြစ် ပြီး အကျႌနှင့် ဦးထုပ်မှာ ယခင်က တည်းက ပေးထားခြင်းဖြစ်ကာ ပါတီ၏ အစီအစဉ်ဖြင့် သွားလာ ရေးအတွက်သာ စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ခိုုင်ဖြိုးပါတီ တိုင်းဒေသကြီးအတွင်းရေးမှူးက ပြောသည်။

ထို့အပြင် အောက်တိုဘာ ၂၄ ရက်တွင် သရက်ချောင်း၊ လောင်းလုံး၊ မြိတ်၊ နို၀င်ဘာ ၁ ရက်တွင် ရေဖြူအပါအဝင် အခြားမြို့နယ်များတွင်လည်း တွေ့ဆုံပွဲများ ထပ်မံပြုလုပ်မည်ဖြစ်သည်။

ထားဝယ်မြို့နယ်အတွင်း ထားဝယ်နှင့် မေတ္တာမြို့များ၌ ရပ် ကွက် ၁၈ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၂၃ အုပ်စုရှိကာ ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲအပြီးတွင် ကားအစီးရေ ၁၀၀ ခန့်ဖြင့် ထား ၀ယ်မြို့ ရွှေဝယ်သီရိအားကစား ရင်ပြင်မှ မြို့ပတ်လမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အာဇာနည်လမ်းမကြီးတို့၌ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။
7day daily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>