Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသက် (၁၉) နှစ်အရွယ်များအား သားသမီးရယူဖို့ တိုက်တွန်း

$
0
0
စင်ကာပူနိုင်ငံရှိ မိဘဘ၀ဆိုင်ရာ ပရဟိတအဖွဲ့တစ်ဖွဲ့သည် အသက် (၁၉) နှစ်ခန့်အရွယ်ရှိ လူငယ်များအား ကလေးရယူရန် တိုက်တွန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းအဖွဲ့သည် ယခင်ကဆိုလျှင် အသက် (၂၁) နှစ်နှင့် အထက် လူငယ်များကိုသာ သားသမီးရယူရန် တိုက်တွန်းခဲ့သည်။ သို့သော် မကြာသေးမီ နှစ်များမှစပြီး လူငယ်များနှင့် ဆက်ဆံပြောဆိုရာမှ ယင်းလူငယ်များ အသက်အရွယ် ကြီးချိန်တွင် ကိုယ်ဝန်ဆောင်ပါက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို မသိရှိကြောင်း သိရှိလာ ခဲ့ရသည်ဟု ၎င်းအဖွဲ့က ပြောဆိုခဲ့သည်။

စင်ကာပူ နိုင်ငံသား လူငယ်များသည် အသက် (၃၀) နှစ်အရွယ် ရောက်သည်အထိ ကိုယ်ဝန်ဆောင်သင့်၊ မသင့်ကို မဆုံးဖြတ်နိုင် သေးကြောင်း အဖွဲ့ကတွေ့ရှိခဲ့သည်။ အသက် (၁၉) နှစ်က အရွယ်ကောင်းပါပဲ။ ““အသက် (၁၉) နှစ်အရွယ်မှာ ချစ်ဖို့၊ ချိန်းတွေ့ဖို့၊ ပိုးပန်းဖို့၊ လက်ထပ်ဖို့၊ တွေးတောဖို့ ရင့်ကျက်နေ ကြပါပြီ””ဟု အဖွဲ့၏ အကြီးအကဲ ဂျိုနီအွန်က ပြောဆိုခဲ့သည်။

ယင်းကြောင့် တက္ကသိုလ်များတွင် သားသမီးရယူရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်နေပြီး အောင်မြင်မှုတွင် မိသားစုဘ၀ကို စတင်ခြင်းလည်း ပါဝင်ကြောင်း လူငယ်များ လက်ခံလာအောင် စည်းရုံးဟောပြော နေရသည်ဟု ၎င်းက ပြောဆိုခဲ့သည်။

Source: CNA
messenger news journal

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>