Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လန္ဒန္ၿမိဳ႕ေပၚသို႔ အဏုျမဴဗံုးႀကဲမည့္ အစီအစဥ္ကို ဖြင့္ခ်

$
0
0
ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕တြင္ ေနထုိင္သူအားလံုး ေသဆံုးေစရန္ အတြက္ ႐ုရွားက အဏုျမဴဗံုးမ်ား ႀကဲၿပီး တိုက္ခိုက္ရန္ အစီအစဥ္တစ္ခုကုိ ဖြင့္ခ်လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ၿဗိတိန္၏ပထမဆံုး အဏုျမဴဗံုး ထုတ္လုပ္ႏုိင္ေရးတြင္ အဓိကေနရာမွပါ ၀င္ခဲ့သည့္ အဏုျမဴေရးရာ ကၽြမ္းက်င္သူ ၀ီလ်ံပန္ေနက အဏုျမဴစြမ္းအင္ အာဏာပိုင္အဖဲြ႕ ဥကၠ႒ အက္ဒ္၀င္ပလိုးဒန္အား ႐ုရွားသည္ လန္ဒန္ၿမိဳ႕ေပၚသို႔ အဏုျမဴဗံုးမ်ား ႀကဲခ်ရန္ စီစဥ္ေနေၾကာင္း ၁၉၅၄ ခုႏွစ္တြင္ သတိေပး ေျပာဆုိခဲ့သည္။

စစ္ေအးေခတ္အတြင္း လန္ဒန္ၿမိဳ႕ရွိ ေနရာအေတာ္ မ်ားမ်ားေပၚသို႔ ဗံုးႀကဲတိုက္ခိုက္ရန္ စီစဥ္ေနေၾကာင္း ပန္ေန၏လွ်ဳိ႕၀ွက္ ေပးစာတြင္ ေဖာ္ျပထားသည္။ သံုးမိုင္၀န္းက်င္မွာ လံုး၀ပ်က္စီး သြားမည္ျဖစ္ေၾကာင္း ပန္ေနက သတိေပးခဲ့သည္။

႐ုရွားသည္ လန္ဒန္ၿမိဳ႕ပ်က္ေအာင္ ဗံုးအလံုး (၃၀) ေက်ာ္ ႀကဲမည့္အစား အင္အားျပင္းထန္လြန္းေသာ ဗံုးေလးငါးလံုးကို ႀကဲလိမ့္မည္ ျဖစ္ေၾကာင္း ပန္ေနကေရး သားခဲ့သည္။ ႐ုရွားက ႀကဲရန္ စီစဥ္ထားသည့္ ဗံုးမ်ားသည္ ၁၉၄၅ ခုႏွစ္တြင္ အေမရိကန္က ဂ်ပန္ႏုိင္ငံ နာဂါဆာကီၿမိဳ႕ ေပၚသို႔ ႀကဲခ်ခဲ့သည့္ ဗံုးထက္ အဆေပါင္းမ်ားစြာ အင္အားျပင္းထန္ေၾကာင္း ပန္နီက ဆက္လက္ သတိေပးခဲ့သည္။ နာဂါဆာကီၿမိဳ႕ အဏုျမဴဗံုး ႀကဲခံရမႈေၾကာင့္ လူ (၇၅၀၀၀) ေသဆံုးခဲ့သည္။

ပန္ေန၏ လက္ေရးစာကို အမ်ဳိးသား ေမာ္ကြန္းထိန္းဌာနက ထုတ္ျပန္ေပးလိုက္ ၿပီျဖစ္သည္။ ပန္ေနသည္ ၁၉၉၁ ခုႏွစ္ အသက္ (၈၁) ႏွစ္အရြယ္တြင္ ကြယ္လြန္ခဲ့သည္။
messenger news journal
.................
လန်ဒန်မြို့ပေါ်သို့ အဏုမြူဗုံးကြဲမည့် အစီအစဉ်ကို ဖွင့်ချ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် နေထိုင်သူအားလုံး သေဆုံးစေရန် အတွက် ရုရှားက အဏုမြူဗုံးများ ကြဲပြီး တိုက်ခိုက်ရန် အစီအစဉ်တစ်ခုကို ဖွင့်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဗြိတိန်၏ပထမဆုံး အဏုမြူဗုံး ထုတ်လုပ်နိုင်ရေးတွင် အဓိကနေရာမှပါ ၀င်ခဲ့သည့် အဏုမြူရေးရာ ကျွမ်းကျင်သူ ၀ီလျံပန်နေက အဏုမြူစွမ်းအင် အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ အက်ဒ်ဝင်ပလိုးဒန်အား ရုရှားသည် လန်ဒန်မြို့ပေါ်သို့ အဏုမြူဗုံးများ ကြဲချရန် စီစဉ်နေကြောင်း ၁၉၅၄ ခုနှစ်တွင် သတိပေး ပြောဆိုခဲ့သည်။

စစ်အေးခေတ်အတွင်း လန်ဒန်မြို့ရှိ နေရာအတော် များများပေါ်သို့ ဗုံးကြဲတိုက်ခိုက်ရန် စီစဉ်နေကြောင်း ပန်နေ၏လျှို့ဝှက် ပေးစာတွင် ဖော်ပြထားသည်။ သုံးမိုင်ဝန်းကျင်မှာ လုံးဝပျက်စီး သွားမည်ဖြစ်ကြောင်း ပန်နေက သတိပေးခဲ့သည်။

ရုရှားသည် လန်ဒန်မြို့ပျက်အောင် ဗုံးအလုံး (၃၀) ကျော် ကြဲမည့်အစား အင်အားပြင်းထန်လွန်းသော ဗုံးလေးငါးလုံးကို ကြဲလိမ့်မည် ဖြစ်ကြောင်း ပန်နေကရေး သားခဲ့သည်။ ရုရှားက ကြဲရန် စီစဉ်ထားသည့် ဗုံးများသည် ၁၉၄၅ ခုနှစ်တွင် အမေရိကန်က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ ပေါ်သို့ ကြဲချခဲ့သည့် ဗုံးထက် အဆပေါင်းများစွာ အင်အားပြင်းထန်ကြောင်း ပန်နီက ဆက်လက် သတိပေးခဲ့သည်။ နာဂါဆာကီမြို့ အဏုမြူဗုံး ကြဲခံရမှုကြောင့် လူ (၇၅၀၀၀) သေဆုံးခဲ့သည်။

ပန်နေ၏ လက်ရေးစာကို အမျိုးသား မော်ကွန်းထိန်းဌာနက ထုတ်ပြန်ပေးလိုက် ပြီဖြစ်သည်။ ပန်နေသည် ၁၉၉၁ ခုနှစ် အသက် (၈၁) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
messenger news journal

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>